Chapter 3 (Part 2)
"Yi Xing Ge... အ... အဆင်ပြေပါတယ်နော်။"
Yi xing ရဲ့ Locker တစ်ခုလုံးကို ဒေါသတကြီး မွှေနှောက်ပြီး ပစ္စည်းရှာနေတဲ့ သဏ္ဌာန်ကြောင့် Tao လန့်နေလျက်ကပဲ ထစ်ထစ်အအနဲ့ မေးလိုက်မိသည်။ ဟုတ်ပါတယ်။ ဒေါသတကြီးဆိုတဲ့ စကားက အမှန်ပါ။ Yi Xing ခုနကကတည်းက သူ့လွယ်အိတ်ကိုရော Canteen ကိုရော ဒီလိုပုံစံမျိုးနဲ့ ရှာပြီးပါပြီ။ ပစ္စည်းတွေ အကုန်လုံးကို မြေပြင်ပေါ် တရစပ် ပစ်ချပြီးတော့ကို ရှာတာလေ။
"ခွီးထဲမှပဲ... ငါအဆင်မပြေဘူး Huang Zi Tao. မင်း မတွေ့ဘူးလား..."
Yi Xing အကျယ်ကြီး အော်ပစ်ရင်း Locker door ကို အားကုန်သုံး ဆောင့်တွန်း ပိတ်ပစ်လိုက်သည်။ ပြီးတော့မှ locker door ကို နဖူးနဲ့တိုက်ပစ်ရင်း သက်ပြင်းချလိုက်၏။
"ငါအဲ့ဒါကို ပျောက်လို့မဖြစ်ဘူး..."
Yi Xing အသက်ရှူထုတ်ရင်း ခပ်ဖွဖွ ပြောလိုက်မိသည်။
"Ge... တစ်ခုခု ပြောလိုက်သေးလား..."
"ကျစ်... Zi Tao. မင်းသွားစရာ ရှိတယ် မဟုတ်လား။ သွားမှာသာ သွားစမ်းပါ။ ငါ့ဘာသာငါပဲ ရှာလိုက်ပါ့မယ်။"
"Ge ဘာရှာနေလဲ ကျွန်တော့်ကို ပြောရင် ကျွန်တော်ကူညီနိုင်မှာပေါ့ Ge ရဲ့..."
"အရူးမထစမ်းပါနဲ့... မင်းနဲ့Kris နဲ့ နောက်တစ်နာရီအတွင်း date လုပ်ထားတာ ငါသိပါတယ်။ မင်းကို ချစ်နေတဲ့သူက မင်းအလာကို စောင့်နေတဲ့အချိန်မှာ မင်းက ငါ့အနားရှိနေလို့ ကောင်းပါ့မလား..."
Zi Tao ရဲ့ ပါးပြင် နီရဲသွား၏။
"Ge... အဲ့ဒါ date မဟုတ်ပါဘူး။ ကျွန်တော်... ကျွန်တော်တို့က သူငယ်ချင်းတွေပါ။"
Yi xing တစ်ချက် လှောင်ရယ်လိုက်တော့ ပါးချိုင့်လေးတစ်ခုက သူ့ရဲ့ ညာဘက်ပါးပြင်လေးပေါ် လှစ်ခနဲ ပေါ်လာလေသည်။
"အဲ့ဒါကို Kris မျက်နှာ တည့်တည့် ပြောကြည့်ပြီး သူဘယ်လို ဖြစ်သွားမလဲ စောင့်ကြည့်လိုက်စမ်းပါ။ အခုသွားပါတော့ကွာ..."
YOU ARE READING
Into Your Isolated World [SuLay/LayHo] MYANMAR
FanfictionJun Myeon ဆိုတဲ့နာမည်ရင်းထက် Suho ဆိုတဲ့ နာမည်နဲ့သာ လူသိများတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ပါးချိုင့်လေးကို လျှိုထားပြီး ဗလာသက်သက်အကြည့်တွေနဲ့ ဖြည့်ကာထားတဲ့ မျက်ဝန်းတစ်စုံရဲ့ ပိုင်ရှင်ကောင်လေးတစ်ယောက်ကို သတိထားမိသွားတဲ့အခါမှာတော့.... သူ့ရဲ့သီးသန့်က...