Chapter 8
အခုဆို အင်္ဂါနေ့ကို တင်းတင်းပြည့်ပြည့် ရောက်ခဲ့ပြီ ဖြစ်ပေမယ့် Suho က Yi Xing ကို ရှောင်နေတုန်းဖြစ်သည်။ သူက အရင်ကလို Yi Xing ရှိရာနေရာဆီ မကြည့်တော့၊ နေ့လယ်စာလည်း အတူတူ မစားတော့သလို Kris နဲ့ Tao ကိုလည်း စကားမပြောတော့ပါ။ Suho က သူ့ဆီက ထွက်တောင်ပြေးနေခဲ့တာ။ အပြင်လူတွေ၊ သူတို့သူငယ်ချင်းတွေအားလုံး သူတို့နှစ်ယောက်ကြား ဘာတွေဖြစ်ပျက်ထားသလဲလို့ သိချင်ပေမယ့် မမေးသင့်မှန်းသိတာကြောင့် မမေးကြဘဲရှိသည်။
လူတွေ ပြောကြတာကတော့ "လူတစ်ယောက်က မင်းကိုလိုက်နေတဲ့အခါ မင်းထွက်ပြေးမယ်ဆိုပေမဲ့ သူဆက်မလိုက်တော့ဘူးဆိုရင် မင်းသူ့နောက်ကို ပြန်လိုက်လိမ့်မယ်" တဲ့လေ။
Yi Xing ကတော့ အဲ့ဒီ့လို မထင်ပါဘူး။
Suho သူ့ကို ဥပေက္ခာပြုထားတယ်။ ဒီတော့ရော ဘာများဖြစ်သွားတာမို့လဲ။ Yi Xing တစ်သက်စာ အနှစ်နှစ်ဆယ်တိုင်တိုင် Suho မရှိဘဲတောင် နေလာခဲ့သေးတာ အခုရော ဘာလို့ မနေနိုင်ရမှာတဲ့လဲ။ ဒါကြောင့် သူလည်းပဲ Suho ကို ဥပေက္ခာပြုထားလိုက်မိတော့သည်။
ဒါပေမဲ့ ထူးထူးဆန်းဆန်းပါပဲ၊ Yi Xing ရဲ့ ဗလာကျင်းတိုက်ခန်းက တိတ်ဆိတ်လွန်းနေသည်။ Yi Xing ရဲ့ အသက်ရှူသံတွေနဲ့ အဲယားကွန်းဆီမှ အသံတို့က လွဲလျှင် ဘာမှမရှိလောက်အောင်ကို တိတ်နေလွန်းတာ... Ramen တစ်ထုပ် ပြုတ်တိုင်းပြုတ်တိုင်း သူကို အော်ဟစ်ဆူပူနေသော Suho အသံကို Yi Xing ကြားယောင်လာမိသည်။ နောက်ပြီးတော့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်နေသည့်တိုင် ရေဒီယိုကို ဖွင့်ဖို့ လက်တွန့်မိနေသည်။ အဲ့ဒါအပြင် လုပ်စရာအလုပ်တွေ ရှိတယ်ဆိုတာကိုလည်း မေ့စပြုလာခဲ့သည်။ ဘယ်နေရာဖြစ်ဖြစ် Suho ကို သွားသတိရနေတတ်ရတာက ပင်ပန်းစရာကောင်းလွန်းသည်။
ဒါပေမဲ့ နောက်တစ်ပတ်အကြာ Jong Dae သူနဲ့စကားပြောချင်တယ်လို့ ပြောလာတဲ့အချိန်မှာတော့ အရာအားလုံးက ပြန်ပြောင်းလဲသွားခဲ့သည်လေ။
YOU ARE READING
Into Your Isolated World [SuLay/LayHo] MYANMAR
FanfictionJun Myeon ဆိုတဲ့နာမည်ရင်းထက် Suho ဆိုတဲ့ နာမည်နဲ့သာ လူသိများတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ပါးချိုင့်လေးကို လျှိုထားပြီး ဗလာသက်သက်အကြည့်တွေနဲ့ ဖြည့်ကာထားတဲ့ မျက်ဝန်းတစ်စုံရဲ့ ပိုင်ရှင်ကောင်လေးတစ်ယောက်ကို သတိထားမိသွားတဲ့အခါမှာတော့.... သူ့ရဲ့သီးသန့်က...