Chapter 10
"မင်း..." Suho လည်ချောင်းကို ရှင်းလိုက်သည်။ "ငါမင်းကို သေအောင်မုန်းတယ် Chen."
Suho ပြောရင်းဆိုရင်းပဲ ဟိုကောင့်ကို အဆက်မပြတ် ထုလိုက်ရိုက်လိုက်နဲ့ ငါးဖယ်ထောင်းနေမိသည်။ ဒါပေမဲ့ ခေါက်ဆွဲခြောက်ကိုယ်တော်က အသံကျယ်ကျယ်နဲ့ ဆက်ရယ်နေသေးသည်။ အဲ့ဒီ့ သူ့ရယ်သံကြောင့် ခေါင်းတော်တော်များများက သူတို့ထိုင်နေရာ စားပွဲဆီ လှည့်လှည့်လာနေသည်။
"ဘာလဲ... အဲ့ဒါမင်းပြောချင်တဲ့ဟာဆိုတာ သေချာနေတာပဲကို.."
"ဘယ်ကသာ... ပေါက်ကရ.. ငါက ဘာလို့.. *အဟွတ်* သူမျက်နှာနီတာကို... အဟမ်း.. ကြိုက်ရမှာလဲ!"
Suho အသံက အလယ်မှာ ပျောက်သွားသေးတာကြောင့် အသံပြန်ရလာအောင် ကြိုးစားတဲ့အနေနဲ့ ချောင်းတစ်ချက်ဆိုးအပြီး လည်ချောင်းရှင်းလိုက်ရသည်။
"အယ်... အယ်... ငါ ကောင်လေးတစ်ယောက်လိမ်တာ ကြားလိုက်ရသလိုပဲ..."
Jong Dae က 'မင်းလိမ်နေတာ ငါသိပါတယ်ကွာ' ဆိုတဲ့ မျက်နှာထားမျိုး လုပ်လိုက်သည်။
"မင်းကဘာလို့ မကြိုက်ရမှာလဲ... သူမျက်နှာနီနေတာ ချစ်စရာလေးကို။ သူ့ပါးချိုင့်နဲ့ဆို ပိုပြီးတော့တောင် ချစ်စရာကောင်းသေးတယ်ဆို? မင်းပဲပြောပြီးတော့..."
"မင်းသူ့ကို စိတ်ထဲကတောင် ပြစ်မှားမယ်မကြံနဲ့နော်..."
Suho ရဲ့ အော်သံက ခပ်တိုးတိုးပြောသံတစ်ချက်လို တိုးဖွနေသည်။ အော်ပစ်လိုက်ဖို့ ကောင်းတဲ့ အချိန်ကျမှ အသံကဝင်နေရတယ်လို့။ သူ Jong Dae ကို ဆက်ရိုက်နေမိတာ ဟိုကောင့်အသားတွေ နီရဲလာတဲ့အထိ။ ဒါပေမဲ့ Jong Dae က ခါတိုင်းလိုပဲ သူ့ရယ်မောသံကိုရော မျက်ဝန်းထောင့်မှာ ဝဲတက်လာတဲ့ မျက်ရည်တွေကိုရော ထိန်းချုပ်နိုင်စွမ်းမရှိခဲ့။
"မင်းသူ့ကို တကယ်ကြီး အတည်ကြိုက်တာပဲ ဟုတ်တယ်မလား Jun? အခုတောင် မင်းက ခရမ်းချဉ်သီိးနဲ့ အဲ့ အဲ သူမင်းကို လှမ်းကြည့်နေတယ်။"
YOU ARE READING
Into Your Isolated World [SuLay/LayHo] MYANMAR
FanfictionJun Myeon ဆိုတဲ့နာမည်ရင်းထက် Suho ဆိုတဲ့ နာမည်နဲ့သာ လူသိများတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ပါးချိုင့်လေးကို လျှိုထားပြီး ဗလာသက်သက်အကြည့်တွေနဲ့ ဖြည့်ကာထားတဲ့ မျက်ဝန်းတစ်စုံရဲ့ ပိုင်ရှင်ကောင်လေးတစ်ယောက်ကို သတိထားမိသွားတဲ့အခါမှာတော့.... သူ့ရဲ့သီးသန့်က...