မနက်ခင်းရဲ့ အလင်းရောင်လေးက ပြတင်းပေါက်လိုက်ကာကနေတစ်ဆင့်ကုတင်ပေါ်မှာ တယောက်ကို တယောက်ထွေးပွေ့ထားတဲ့ကောင်လေးနှစ်ယောက်အပေါ်ကို ကျရောက်နေတယ်
ကောင်လေး နှစ်ယောက်မှာ တယောက်က နိုးနေပေမယ့်တုတ်တုတ်မျှ မလှုပ်ဘဲ သူ့ဘေးက လူသားလေးကို မြတ်နိုးမှုအပြည့်နဲ့ ကြည့်နေခဲ့တယ်မနက်ဆို အစောကြီး နိုးတတ်တဲ့ ကျွန်တော့်ရဲ့ ပါးချိုင့်လေးက
မနေ့က အရမ်း ပင်ပန်းသွားတယ်ထင်ပါတယ်
ခုထိ မနိုးသေးဘူး
သူ့ရဲ့ မျက်နှာ အစိတ်အပိုင်း တခုချင်းစီကို ကျွန်တော်ငေးနေမိတယ်
ဒါ ဟိုး အရင်ကတည်းက သူအိပ်နေရင်ကျွန်တော်ခိုးလုပ်နေကြ တာဝန်လေးတခုပါ........
လှလိုက်တာ ..
မင်းက ငါ့နှလုံးသားအတွက်သိပ်ကို လှပတဲ့ ကဗျာလေး တပုဒ်ပါ nanon"Nonnieရေ"
"ဘယ်အချိန်ရှိနေပြီလဲ gameဆော့ဖို့နှိုးပေး ပါဆို"
"နောက်ကျနေပြီထင်တယ်""အိပ်ချင်းမူးတူးနဲ့ ဘာတွေပြောနေတာလဲ"
"Nonnie မဟုတ်ဘူး မင်းရဲ့ Hia ohm""အာ "
"ဟုတ်သားပဲ ငါမေ့နေတာ"
"မင်း သက်သာရဲ့လား""အင်း နည်းနည်းတော့ နာသေးတယ်"
"လက်မောင်းတခု လုံးတော့ ကျင်နေပြီ"
" မင်းခေါင်းအုံးထားတာလေ တညလုံး""ဟာ "
"ငါ့ကို အပြစ်မပြောနဲ့လေ"
"မင်းဘာသာ ချမ်းလို့ဆိုပြီး ငါ့ကို အတင်း လာဖက်တာလေ"
"ငါက ကုတင်ပေးမှာ မင်းကိုစောင့်ရင်းနဲ့ ထိုင်နေတာ""ဖတ်တိုင်း အိပ်လိုက်ရလား"
"မင်း ရုန်းပါလား"
"ခုတော့ ဒဏ်ရာက နာတာတမျိုး လက်ကကျင်တာတမျိူး""မင်း မလို့လေ မင်းဖြစ်နေလို့ အရမ်းအေးနေမလားဆိုပြီး ငြိမ်နေပေးလိုက်တာ"
"စေတနာကို နားမလည်ဘူး"
"တော်ပြီ "
"မင်းနဲ့ စကားမပြောချင်တော့ဘူး "နှုတ်ခမ်းကြီးဆူ ပြီး စိတ်ကောက်သွားတာက အစ ချစ်ဖို့ကောင်းတယ်ငါ့ကောင်ရေ
"ဘာလဲ စိတ်ကောက်တာလား"
"စိတ်ကောက်လည်း မချော့ဘူး"
"ငါမှာ မင်းကို ကာကွယ်ရင်း ရတဲ့ ဒဏ်ရာကြီးနဲ့လေ"
"နည်းနည်းပါးပါးအလိုလိုက်ပါလား nonရာ"
"နော်"
ŞİMDİ OKUDUĞUN
ပါးချိုင့်လေးက ohmအပိုင်💚❤
Romantizmပါးချိုင်းလေး ထံမှာ ကျရှုံးရတဲ့ နှလုံးသား တစုံအကြောင်း💚 ohm💚 nanon❤ 💚❤Completed💚❤