အာရုံဦးရဲ့ အလင်းရောင်က အရမ်းလှပတယ်ဆိုတာ ကို မနက်စောစောထတတ်တဲ့ လူတွေကပဲ ခံစားသိနိုင်သလို
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတဲ့ ခံစားမှုကိုလည်း အရမ်းစိတ်ကောက်တတ်ပြီး တခုခုဆို အပြောထက်လက်က အရင်လုပ်တတ်တဲ့ ချစ်သူမျိုးပိုင်ဆိုင်ထားမှသာ ခံစားဖူးကြမယ်ထင်ပါတယ်
ကျွန်တော်ရဲ့ ပါးချိုင့်လေးက လည်း အဲ့လိုချစ်သူမျိုးပါ
Ohm အမြဲစတိုင်း သူက စိတ်ကောက်တယ်...ပြန်ချော့ရတဲ့ သူကတော့ ကျွန်တော်ပေါ့...သေးသေးလေးကအစ သဝန်တိုတတ်ပြီး..အရမ်းရှက်လာရင်လည်း မထင်ရင်မထင်သလိုရိုက်တတ်ပါသေးတယ်
အဲ့လိုနဲ့ပဲ တနေ့တနေ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ မနက်ဖြန်ဆို ကျွန်တော်တို့ရဲ့ ချစ်သူ သက်တမ်း တစ်နှစ်ပြည့်ပါပြီ
ကျွန်တော့်ကောင်လေးက အရမ်းလျှို့ဝှက်တတ်တယ်..တခုခုဆို ထုတ်မပြတတ်ဘူး ဒီတနှစ်အတောအတွင်း ပါးချိုင့်လေးက ကျွန်တော့်ကို ဘယ်လောက်ချစ်လဲဆိုတာသူက ထုတ်မပြောပေမယ့်ကျွန်တော့်ရဲ့ မျက်လုံးတွေကိုငေးကြည့်တတ်တဲ့ သူ့ရဲ့မျက်ဝန်းလေးတွေကနေတဆင့်ohmအပြည့်အဝခံစားမိပါတယ်
Ohmလိုပဲ nonလည်း...ohmပေးတဲ့ အနမ်းလေးတွေက တဆင့်ohmနှလုံးသားမြင်လိမ့်မယ်ဆိုတာ ယုံကြည်တယ်"Non...မနက်ဖြန်ဘာနေ့လဲ သိလား...."
"မနက်ဖြန်က marchလ18 ရက်နေ့လေ....ဘာဖြစ်လို့လဲ..."
"တကယ်မမှတ်မိဘူးလား....."
"Omm..မမှတ်မိဘူး....."
"မမှတ်မိလည်း ထားလိုက်တော့..ohmအပြင်သွားလိုက်အုံးမယ်..."
"သွားလေ..ငါလည်း..ခဏနေရင်သွားမှာ"
တကယ်မမှတ်မိတာလား...nonရယ်...
"📞Hello...drakeလား....ငါတို့ bar သွားရအောင်ကွာ..စိတ်ညစ်လို့....""📞okလေ...မင်းအဲ့မှာစောင့်နေ...ငါလာခဲ့မယ်..."
Drake...ကျွန်တော်တို့နဲ့ majorတူသူငယ်ချင်းလေ....ခင်တာ ၅လလောက်တော့ ရှိပြီပေါ့..အရမ်းခင်ဖို့ကောင်းတယ်..သူရဲ့ ထူးခြားမှုတခုက အသံပါ ...ဘယ်သူအသံနဲ့ပဲ ဖြစ်ဖြစ်တူအောင်သူပြောနိုင်တယ်....
أنت تقرأ
ပါးချိုင့်လေးက ohmအပိုင်💚❤
عاطفيةပါးချိုင်းလေး ထံမှာ ကျရှုံးရတဲ့ နှလုံးသား တစုံအကြောင်း💚 ohm💚 nanon❤ 💚❤Completed💚❤