Ohmပေးတဲ့ သတ္တိတွေနဲ့ ကျွန်တော် mae ရှိရာ အခန်းကို ဦးတည်ပြီးလျှောက်လာခဲ့တယ်
သားတစ်ယောက်အနေနဲ့ mae ကို ကျွန်တော် အားနာမိပါတယ်
"ဒေါက်...ဒေါက်....mae..သားဝင်ခဲ့လို့ရမလား.ဟင်""ဝင်ခဲ့လေ...သား"
အခန်းထဲကိုရောက်တယ်ဆို တွေ့လိုက်ရတဲ့ မြင်ကွင်းက ကျွန်တော့်ကိုမျက်ရည်လည်စေပါတယ်
ငိုထားလက်စ မျက်ရည်တွေ မခြောက်သေးတဲ့မျက်ဝန်းတွေနဲ့
ကလေးဖိနပ်တရံကို ကိုင်ပြီး ကြည့်နေတဲ့ mae
Maeက ငိုနေခဲ့တာတဲ့လေ......"လာပါအုံးသားရယ်....mae.သားကိုဖက်ထားပါရစေအုံးကွယ်"
"တောင်းပန်ပါတယ်...maeရယ်...သားတောင်းပန်ပါတယ်နော်"
"ဘာလို့တောင်းပန်နေရတာလဲ ကလေးရယ်...မတောင်းပန်နဲ့.လူဆိုတာအမှားလုပ်မိမှသာ..တောင်းပန်သင့်တာ သားရဲ့...maeသားလေးကဘာအမှားမှလုပ်မထားပါဘူးကွယ်...."
"သားကလေ...maeလိုချင်တဲ့ .ချစ်ဖို့ကောင်းတဲ့ မြေး.လေးတွေနဲ့ မိသားစုလေးတစ်စုကို ဖန်တီးမပေးနိုင်တော့လို့...maeကို သားတယောက်အနေနဲ့ nanon အားနာမိတယ် ...."
"သား..ohmကိုချစ်တယ်..mae...သူက..သားဘဝအတွက် ပျော်ရွှင်မှုကို ပေးနိုင်တဲ့ တစ်ဦးတည်းသော အိမ်ထောင်ဖက်ကောင်းအဖြစ်သတ်မှတ်ထားပြီးပြီ mae ရယ်"
Maeရင်ခွင်ထဲမှာ ကျွန်တော် စကားတွေပြောရင်းငိုနေမိတယ်...."မငိုနဲ့သား...maeကိုသေချာကြည့်....ဒီဖိနပ်လေးကိုကြည့်စမ်းသား.....အဲ့ဖိနပ်လေးက သားပထမဆုံး လမ်းစလျှောက်တဲ့အချိန်က maeဝယ်ပေးခဲ့တာ...မြေကြီးပေါ်ကို သား ခြေလှမ်းတွေစတော့မယ့်အချိန်ကတည်းက maeမှာအတွေးတစ်ခုပဲရှိခဲ့တာ ....maeရဲ့သားလေးကို သားကြိုက်တဲ့ အရာကိုပဲ လုပ်ခွင့်ရွေးချယ်ခွင့်ပြုမယ်ဆိုပြီး တော့လေ...အဲ့တာမလို့.ဖိနပ်ကလေးဝယ်တုန်းက.ဖိနပ်ဆိုင်ကို သားကို ခေါ်သွားပြီး သားလေး ဆွဲယူခဲ့တဲ့ဖိနပ်လေးကို maeက ဝယ်ပြီးစီး ပေးခဲ့တာ....."
"သားကလေ...maeကို ဘယ်တော့မှစိတ်မပျက်စေခဲ့ဘူး....ကလေးဘဝတည်းက..သားကြိုက်လို့လုပ်ခဲ့တဲ့အရာအားလုံးက..maeအတွက်ဂုဏ်ယူစရာတွေချည်းပဲ...သားလေးကလေ maeအတွက်အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးပါကွယ်...."
"အခုလည်း...maeက မြေးတွေချွေးမတွေနဲ့ နေချင်တယ်လို့များပြောဖူးလို့လားသားရယ်..ဟင်..သားမက်ဖြစ်ဖြစ် ချွေးမဖြစ်ဖြစ်..maeသားလေးရဲ့ရွေးချယ်မှုက ဘယ်တော့မှ မမှားဘူးဆိုတာ..maeယုံကြည်ပြီးသား..မြေးတွေနဲ့မနေရလည်း..သာဖြစ်လဲကွယ်...သားohmနဲ့nanonလေးက.maeရဲ့ အမြဲတမ်းအတွက် ကလေးလေးတွေပဲ..."
YOU ARE READING
ပါးချိုင့်လေးက ohmအပိုင်💚❤
Romanceပါးချိုင်းလေး ထံမှာ ကျရှုံးရတဲ့ နှလုံးသား တစုံအကြောင်း💚 ohm💚 nanon❤ 💚❤Completed💚❤