Warningသေးသေး လေးပါမည်....................
Flashback
ကျွန်တော် ခန္ဓာကိုယ်က လေဆိပ်ကို ရောက်နေပေမယ့် အတွေးတွေကတော့ bangkok မြို့အလယ်က ဆေးရုံ ကုတင်ပေါ်မှာကျန်ခဲ့တဲ့ ကောင်လေးဆီကို ပျံ့လွှင့်နေခဲ့တယ်
"ဘာလို့များ.....ဒီလောက်နာကျင်နေရတာလဲ....."
အချိန်တန်လို့ ပြန်လာခဲ့ရင် non ဆိုတဲ့ ကောင်လေးက ohmဆိုတဲ့ ကျွန်တော့်အတွက်ပဲလေ.......
အာ.......
"ကျစ်......လက်စွပ်.....
မေ့တတ်လိုက်တာ ohmရာ...အရေးကြီးတဲ့ ပစ္စည်းကိုမှ......"
လေယာဉ်ကလည်း ထွက်ဖို့ အချိန်လိုသေးတာမလို့ ကျွန်တော် ဆေးရုံကို ပြန်ပြေးလာမိတယ်...လက်စွပ်က nonရဲ့ ခေါင်းအုံးအောက်မှာလေ.....
Non သတိမေ့နေတဲ့ နေ့ကစပြီး လက်စွပ်လေး နှစ်ကွင်းစလုံးကို nonရဲ့ ခေါင်းအုံးအောက်မှာ ထားခဲ့တာ....nonရဲ့ အိမ်မက်လေးတွေ လှနေအောင်လို့.....
အဲ့ဒီ လက်စွပ်လေးတွေကကျွန်တော်တို့ရဲ့ စိတ်ဝိဥာဉ်တွေ ဆိုလည်း မမှာဘူး.....
အခုတော့ nonရဲ့ စိတ်ဝိဥာဉ် လေးကို ကျွန်တော်နဲ့ အတူ ခေါ်ဆောင်သွားချင်တယ်......At *****hospital
"ဒီမှာ ရှင့်....ရှင်က....အခန်းနံပါတ်....***** က လူနာရဲ့ ကောင်လေးမဟုတ်လား......"
"ဟုတ်ပါတယ်....ဘာဖြစ်လို့လဲဗျ......"
"လူနာ ပြန်သတိရနေပြီ....ခုနက လေးမှ.....ရှင် သိပြီးပြီလား...."
"ဗျာ....."
Nurse ရဲ့ စကားသံတွေ အဆုံး ကျွန်တော် ပါးပြင်ပေါ် ကို အထိန်းအကွပ်မရှိ စီးကျ လာတဲ့ မျက်ရည်တွေ........
ပျော် လွန်းလို့ မျက်ရည်ကျတယ်ဆိုတာ ဒါမျိုးလား.non.....
"Nonကလေ nonက ပြန်သတိရလာပြီတဲ့...."
Non ဆီကိုရောက်ဖို့ကျွန်တော် အားရှိသလောက် ပြေးသွားနေမိတယ်
မျက်ရည်တွေ ဗလပွနဲ့ ဆေးရုံအတွင်းမှာ ပြေးလွှားနေတဲ့ ကျွန်တော့်ကို အားလုံးက စိတ်ဖောက်နေတဲ့ လူတယောက်လို့ဝိုင်းကြည့်နေကြတယ်လေ
ဒီနေ့မှ ခြေလှမ်းတွေက ပိုနှေးနေတယ်လို့ ထင်မိတာ
လောကြီးနေတဲ့ ကျွန်တော့်စိတ်ကြောင့်ဖြစ်မယ်ထင်တယ်
...
⊙.☉⊙.☉⊙.☉⊙.☉⊙.☉⊙.☉⊙.☉⊙.☉⊙.☉⊙.☉⊙.☉⊙.
"မား....Ai'ohmရော.....Ai'ohmရောဟင်"
CZYTASZ
ပါးချိုင့်လေးက ohmအပိုင်💚❤
Romansပါးချိုင်းလေး ထံမှာ ကျရှုံးရတဲ့ နှလုံးသား တစုံအကြောင်း💚 ohm💚 nanon❤ 💚❤Completed💚❤