part18💚❤zawgyi

95 11 2
                                    

အာရုံဦးရဲ့ အလင်း​ရောင်​က အရမ်းလှပတယ်​ဆိုတာ ကို မနက်​​စော​စောထတတ်​တဲ့ လူ​တွေကပဲ ခံစားသိနိုင်​သလို
ရန်​ဖြစ်​လိုက်​ပြန်​ချစ်​လိုက်​ဆိုတဲ့ ခံစားမှုကိုလည်း အရမ်းစိတ်​​ကောက်​တတ်​ပြီး တခုခုဆို အ​ပြောထက်​လက်​က အရင်​လုပ်​တတ်​တဲ့ ချစ်​သူမျိုးပိုင်​ဆိုင်​ထားမှသာ ခံစားဖူးကြမယ်​ ထင်​ပါတယ်
ကျွန်​​တော်​ရဲ့ ပါးချိုင့်​လေးက လည်း အဲ့လို ​ချစ်​သူမျိုးပါ
Ohm အမြဲစတိုင်း သူက စိတ်​​ကောက်​တယ်​...ပြန်​​ချော့ရတဲ့ သူက​တော့ ကျွန်​​တော်​​ပေါ့...​သေး​သေး​လေးကအစ သဝန်​တိုတတ်​ပြီး..အရမ်းရှက်​လာရင်​လည်း မထင်​ရင်​မထင်​သလိုရိုက်​တတ်​ပါ​သေးတယ်
အဲ့လိုနဲ့ပဲ တ​နေ့တ​နေ့ ရန်​ဖြစ်​လိုက်​ ပြန်​​ချစ်​​လိုက်​ ​နဲ့ မနက်​ဖြန်​ဆို ကျွန်​​တော်​တို့ရဲ့ ချစ်​သူ သက်​တမ်း တစ်​နှစ်​ပြည့်​ပါပြီ
ကျွန်​​တော့်​​ကောင်​​လေးက အရမ်းလျှို့ဝှက်​တတ်​တယ်​..တခုခုဆို ထုတ်​မပြတတ်​ဘူး ဒီတနှစ်​အ​တောအတွင်း ပါးချိုင့်​​လေးက ကျွန်​​တော့်​ကို ဘယ်​​လောက်​ချစ်​လဲဆိုတာသူက ထုတ်​မ​ပြော​ပေမယ့်​ ကျွန်​​တော့်​ရဲ့ မျက်​လုံး​တွေကို ​ငေးကြည့်​တတ်​တဲ့ သူ့ရဲ့မျက်​ဝန်း​လေး​တွေက​နေတဆင့်​ohmအပြည့်​အဝခံစားမိပါတယ်
Ohmလိုပဲ nonလည်း...ohm​ပေးတဲ့ အနမ်း​လေး​တွေက တဆင့်​ ohmနှလုံးသားမြင်​လိမ့်​မယ်​ဆိုတာ ယုံကြည်​တယ်

"Non...မနက်​ဖြန်​ဘာ​နေ့လဲ သိလား...."

"မနက်​ဖြန်​က marchလ18 ရက်​​နေ့​လေ....ဘာဖြစ်​လို့လဲ..."

"တကယ်​မမှတ်​မိဘူးလား....."

"Omm..မမှတ်​မိဘူး....."

"မမှတ်​မိလည်း ထားလိုက်​​တော့..ohmအပြင်​သွားလိုက်​အုံးမယ်​..."

"သွား​လေ..ငါလည်း..ခဏ​နေရင်​ သွားမှာ"

တကယ်​မမှတ်​မိတာလား...nonရယ်​...
"📞Hello...drakeလား....ငါတို့ bar သွားရ​အောင်​ကွာ..စိတ်​ညစ်​လို့...."

"📞ok​လေ...မင်းအဲ့မှာ ​စောင့်​​နေ...ငါလာခဲ့မယ်​..."

Drake...ကျွန်​​တော်​တို့နဲ့ majorတူသူငယ်​ချင်း​လေ....ခင်​တာ ၅လ​လောက်​​တော့ ရှိပြီ​ပေါ့..အရမ်းခင်​ဖို့​ကောင်းတယ်​..သူရဲ့ ထူးခြားမှုတခုက အသံပါ ...ဘယ်​သူအသံနဲ့ပဲ ဖြစ်​ဖြစ်​တူ​အောင် ​သူ​ပြောနိုင်​တယ်​....

ပါးချိုင့်​​လေးက ohmအပိုင်​💚❤Hikayelerin yaşadığı yer. Şimdi keşfedin