Warningသေးသေးလေးပါမည်....................
Flashback
ကျွန်ေတာ် ခန္ဓာကိုယ်ကေလဆိပ်ကိုရောက်နေပေမယ့်အတွေးတွေကတော့ bangkok မြို့အလယ်ကဆေးရုံ ကုတင်ပေါ်မှာကျန်ခဲ့တဲ့ကောင်လေးဆီကို ပျံ့လွှင့်နေခဲ့တယ်
"ဘာလို့များ.....ဒီလောက်နာကျင်နေရတာလဲ....."
အချိန်တန်လို့ ပြန်လာခဲ့ရင်non ဆိုတဲ့ကောင်လေးက ohmဆိုတဲ့ ကျွန်တော့်အတွက်ပဲလေ.......
အာ.......
"ကျစ်......လက်စွပ်.....
မေ့တတ်လိုက်တာ ohmရာ...အရေးကြီးတဲ့ ပစ္စည်းကိုမှ......"
လေယာဉ်ကလည်း ထွက်ဖို့ အချိန်လိုသေးတာမလို့ ကျွန်တော်ဆေးရုံကို ပြန်ပြေးလာမိတယ်...လက်စွပ်က nonရဲ့ခေါင်းအုံးအောက်မှာလေ.....
Non သတိမေ့နေတဲ့နေ့ကစပြီး လက်စွပ်လေး နှစ်ကွင်းစလုံးကို nonရဲ့ခေါင်းအုံးအောက်မှာ ထားခဲ့တာ....nonရဲ့ အိမ်မက်လေးတွေ လှနေအောင်လို့.....
အဲ့ဒီ လက်စွပ်ေလးတွေကကျွန်တော်တို့ရဲ့ စိတ်ဝိဥာဉ်တွေ ဆိုလည်း မမှာဘူး.....
အခုတော့ nonရဲ့ စိတ်ဝိဥာဉ်လေးကို ကျွန်တော်နဲ့ အတူခေါ်ဆောင်သွားချင်တယ်......At *****hospital
"ဒီမှာ ရှင့်....ရှင်က....အခန်းနံပါတ်....***** က လူနာရဲ့ကောင်လေးမဟုတ်လား......"
"ဟုတ်ပါတယ်....ဘာဖြစ်လို့လဲဗျ......"
"လူနာ ပြန်သတိရနေပြီ....ခုနကလေးမှ.....ရှင်သိပြီးပြီလား...."
"ဗျာ....."
Nurse ရဲ့ စကားသံတွေ အဆုံး ကျွန်တော်ပါးပြင်ပေါ် ကို အထိန်းအကွပ်မရှိ စီးကျ လာတဲ့ မျက်ရည်တွေ........
ပျော်လွန်းလို့ မျက်ရည်ကျတယ်ဆိုတာ ဒါမျိုးလား.non.....
"Nonကလေ nonက ပြန်သတိရလာပြီတဲ့...."
Non ဆီကိုရောက်ဖို့ကျွန်တော်အားရှိသလောက်ပြေးသွားနေမိတယ်
မျက်ရည်တွေ ဗလပွနဲ့ဆေးရုံအတွင်းမှာပြေးလွှားနေတဲ့ ကျွန်တော့်ကို အားလုံးက စိတ်ဖောက်နေတဲ့ လူတယောက်လို့ဝိုင်းကြည့်နေကြတယ်လေ
ဒီနေ့မှခြေလှမ်းတွေက ပိုနှေးနေတယ်လို့ ထင်မိတာ
လောကြီးနေတဲ့ ကျွန်တော့်စိတ်ကြောင့်ဖြစ်မယ်ထင်တယ်
...
⊙.☉⊙.☉⊙.☉⊙.☉⊙.☉⊙.☉⊙.☉⊙.☉⊙.☉⊙.☉⊙.☉⊙.
"မား....Ai'ohmရော.....Ai'ohmရောဟင်"
ESTÁS LEYENDO
ပါးချိုင့်လေးက ohmအပိုင်💚❤
Romanceပါးချိုင်းလေး ထံမှာ ကျရှုံးရတဲ့ နှလုံးသား တစုံအကြောင်း💚 ohm💚 nanon❤ 💚❤Completed💚❤