Part 3

28.5K 1.8K 58
                                    

Unicode

ဒေါ်ဟေမာန် ဒီနေ့တော့ သူ့မိတ်ဆွေတွေနဲ့အတူ စားသောက်ဆိုင်တစ်ခုမှာ ရောက်နေတာဖြစ်၏။ သူတို့တွေက တစ်လတစ်ခါလောက်တွေ့ တွေ့ကြပြီး သာကြောင်းမာကြောင်း စကားပြောဖြစ်ကြသည်။ တချို့ကလဲ သားရေးသမီးရေး ဆွေးနွေးကြ၏။ ဒီတစ်ခါ တွေ့ဆုံပွဲကို ဒေါ်ဟေမာန် ဒီစားသောက်ဆိုင်ချိန်းလိုက်ရတာက အကြောင်းရှိသည်။ ပြီးခဲ့တဲ့ရက်တွေက သမီးဆီက ထူးဆန်းတဲ့ အကြောင်းအရာတစ်ခု ကြားခဲ့ရ၍ ဖြစ်သည်။ သမီးနဲ့သားက food court သွားတဲ့နေ့က သားကကောင်လေးတစ်ယောက်ကို လိုက်ကြည့်နေတာတွေ့ရပြီး စားသောက်ဆိုင်ဝန်ထမ်းလို့ သိရ၏။ သမီးကို ထပ်စုံစမ်းခိုင်းတော့ အခုရောက်နေတဲ့ စားသောက်ဆိုင်မှန်းသိရသည်။ သမီးကျူးရင့် ပြောပုံအရဆို ကောင်လေးက ပုံဖော်ရခက်ရအောင် ကြည့်လို့ကောင်းသည်တဲ့။ အခုထိမျက်စိရှေ့က ဝန်ထမ်းတွေကြည့်ရတာ အဲ့လိုမျိုး မတွေ့ဘူးသေး။ သူမကြည့်နေတုန်း သူမ အမြင်အာရုံတွေကို ဖမ်းစားသွားတဲ့ ဝန်ထမ်းကောင်လေး တစ်ယောက်ထွက်လာပါသည်။ သေချာပါတယ် သူက ပန်းတိမ်ငို ပါပဲ။ အပေါ် ဆိုင်နာမည်ပါ စပို့ရှပ်နဲ့အောက်က ဘောင်းဘီရှည်က ဒီဆိုင်ရဲ့ ယူနီဖောင်း ဖြစ်ပုံရ၏။ ထိုကလေးရဲ့ အပြုအမူ အပြောအဆို‌ကို သူမ ဒီအတိုင်း အကဲခက်ကြည့်နေလိုက်သည်။

"မဟေမာန်ရဲ့ သမီးရောသားရောက အလိမ္မာလေးတွေနော်"

သူတို့ဝိုင်းထဲက မိတ်‌ဆွေတစ်ချို့က စကားစလာ၏။

"လိမ္မာတယ်လို့ပဲ ပြောရမှာပေါ့ မိဘကိုကူညီနေတာဆိုတော့"

"သူတို့ ရည်ရွယ်ထားသူရောရှိပြီလား"

"ရှိတယ် မနန်း၊ သမီးက Hlwint Jewellery ကမောင်လွင်ဦးနဲ့ စေ့စပ်တော့မှာလေ၊ သားလေးအတွက်လဲ ရည်ရွယ်ထားသူရှိတယ်ပဲ ဆိုရမှာပေါ့ မျက်စိထဲ သဘောကျနေတဲ့သူ ရှိတယ်"

"အော် ကျမက မရှိရင် စပ်ဟပ်ပေးမလို့လေ၊ ဒါနဲ့သားက သုန္ဒရီ Jewellery က သမီးအငယ် သုန္ဒရီနဲ့ တွဲသွားတွဲလာ များတယ်နော်၊ တစ်ခါ တစ်ခါ shopping ထွက်တာရော၊ စားသောက်ဆိုင်မှာရော တွေ့တတ်တယ်"

"ဟုတ်တယ် မနန်း သူတို့က အလယ်တန်းထဲ သူငယ်ချင်းတွေလေ၊ ကလေးတွေက သူငယ်ချင်း သံဃောဇဉ်ရှိကြတော့ အခုထိတွဲသွားတွဲလာလုပ်တုန်း"

ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗Where stories live. Discover now