Unicode
ကျမတို့အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပေးမယ်ဆိုတဲ့စကားအရ ဒေါ်ရီရီက ဘာမှထပ်မလှုပ်ရှားသေးပဲ သူတို့အိမ်မှာပဲရှိ၏။ သုန္ဒရီကတော့ အခန်းထဲကမထွက်။
သုန့်မမက အခန်းထဲဝင်လာကာ ပေါ်ဒူးလေးဖက်ကာထိုင်ငိုနေတဲ့သုန့်ဘေးထိုင်ရင်း
"ညီမလေး မမကိုပြော တကယ်ပဲဖြစ်ခဲ့တာလား"
.…..
"သုန္ဒရီ!"
"ငါတစ်ယောက်ထဲနေချင်တယ် မမ"
သုန်အစ်မလဲ ဘာပြောရမှန်းမသိတော့။ ဖေဖေကတော့ သေချာလားမေးခိုင်း၏။ အမှန်တကယ်သေချာရင်တော့ ဒေါ်ရီရီပြောတဲ့အတိုင်း လက်ထပ်ယူခိုင်းထားသည်။ သုန့်ဆီကလဲ ဘယ်လိုမေးမေးဘာမှမဖြေ။ သုန် သူ့အစ်မထွက်သွားမှ ထပ်ငိုမိတော့သည်။ သူထင်တာ ဒီကိစ္စအပြီး မာန့်တို့ဘက်က မယူနိုင်ဘူးပြောရင်တောင် နစ်နားကြေးတောင်းပြီး အဆုံးသတ်မယ်ပေါ့။ သူ့မိသားစု ကိုယ့်မိသားစုပဲသိပြီး ဒီကိစ္စကပြီးသွားမယ်ပေါ့။ ဒါပေမယ့် မာမီက ဒေါ်ဟေမာန်တင်မဟုတ်ဘူး အစ်ကိုပန်းတိမ်ငိုပါ ခေါ်သွင်းပြီးအခန်းထဲက သူတို့ကိုပြလိုက်သည်။ အစ်ကိုပန်းတိမ်ငိုက သူ့ကိုအပြစ်မဆိုသာတဲ့မျက်လုံးတွေနဲ့ကြည့်ကာ ပြန်ထွက်သွားသည်။ ပြီးတော့ သူတို့အဲ့ညကတွေ့ကျတဲ့ သူငယ်ချင်းတော်တော်များများလဲ သိကုန်၏။ မှားတာက တစ်ရှက်ဖြစ်ပေမယ့် အခုတော့ မမှားပဲကြံစည်တာပါဟု သူ့နှုတ်ကထပ်မထွက်ရဲတော့။
ဒေါ်ရီရီကတော့ ၂/၃ ရက်ရှိနေပြီး ဒေါ်ဟေမာန်တို့ဘက်က ဘာစကားမှထွက်မလာသေးတော့ သူတစ်ခုခုကိုစဉ်းစားနေ၏။ လက်ထပ်ယူမှာလား နစ်နာကြေးလား ဘာဆိုဘာမှပြောမလာသေး။ သေချာတယ် သူကတော့ နစ်နာကြေးနဲ့အရပ်ပစ်နိုင်တာ။
>>>>>>>>>>>>>>>
မာန်ကလဲ တငိုငိုနှင့်။ ပန်းတိမ့်သွားတွေ့တော့လဲပန်းတိမ်ကအတွေ့မခံ ဒေါ်ဟေမာန်လဲ ဘာလုပ်လို့လုပ်ရမှန်းမသိ။ ကျူးရင့်လဲ ကြားကြားချင်းမယုံနိုင်။ မာန်လေးကဒီလိုလုပ်မှာမဟုတ်ဘူးဆိုတာသိသည်။ အခုလဲ အခန်းထဲ ကုတင်ကိုမှီကာ အောက်မှာ ထိုင်ရင်း ငိုနေတဲ့မာန်ကို ဒေါ်ဟေမာန်နဲ့ကျူးရင့်လဲ ဘာပြောလို့ပြောရမှန်းမသိတော့။
YOU ARE READING
ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗
Fantasyအာသောမာန် & ပန်းတိမ်ငို 2nd Creation Pic credit from Pinterest Start Date : 6.2.2022 End Date : 8.3.2022 M-Preg ကိုယ်ရေးသော fic များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်းမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ကြိုတင်တောင်းပန်အပ်ပါသည်။ Hsu အာေသာမာ...