Unicode
Luxury condo ရဲ့ကားပါကင်ထဲ အဆင်မြင့်ကားလေးဝင်ရောက်လာ၏။ ကားထဲက ပန်းတိမ်ကတော့ အိမ်ပျော်သလို အိပ်မပျော်သလို ရီဝေဝေဖြစ်နေသည်။ ကားကိုပါကင်ထိုးပြီး တစ်ဖက်ခြမ်းကိုသွားကာ တံခါးဖွင့်ပြီး
"ကိုကို!"
"ကိုကို! ထနိုင်လား မူးနေလား"
"ဟင်! အင်း မူးနေတယ်...ကုန်းပိုး"
"ဟားဟား"
အာသော နှစ်နှစ်ခြိုက်ခြိုက်ကိုရယ်မိ၏။ မူးနေလို့သာ သူ့ကိုဒီလိုနေလုပ်ခိုင်းနေတာ မမူးသားမမူးကြည့် ပတ်ဝန်းကျင် ပတ်ဝန်ကျင်းနဲ့စိုးရိမ်တတ်လိုက်တာ။ မူးနေရင် အသိစိတ်လွတ်လားတော့ သိချင်သည်။ တော်ကြာကိုယ်မပါပဲ မူးတဲ့နေ့ရှိလာခဲ့ရင်မလွယ်။
"ကိုကို ကျွန်တော့်ကိုကြည့် ဘယ်သူလဲသိလား"
"အင်း..."
အဲ့တော့မှ မျက်လုံးတွေနောက်တစ်ကြိမ်ဖွင့်ကြည့်၏။
"ကိုယ့်ကောင်လေး အာသောမာန်! ပြွတ်!"
"ဟာကွာ ကျွန်တော် အသိစိတ်လွတ်သွားရင် အဲ့ဒါကိုကို့ကြောင့်"
"အင်း..!"
ကိုယ့်ပါကိုယ်ပြောလိုက်ပေမယ့် ကိုကိုကြားပြီဖြေလိုက်သေး။ မူးနေသူကို ကုန်းပိုးလိုက်တော့ လည်ပင်းတွေသိုင်းဖက်လာပြီး ပုခုံးပေါ်မေးတင်လာ၏။ Elevator ထဲရောက်တော့ သူတို့နှစ်ယောက်ထဲရယ်။ Elevator ကလိုရာခရီးကို ပို့ပေးနေသည်။ ကျောပေါ်က ကိုကိုက အဲ့တော့မှဇာတ်လမ်းတွေစတော့သည်။ သူ့နားရွက်လာကိုက်လိုက် လည်ပင်းတွေလာနမ်းလိုက် သူ့မှာတော့ ကြက်သီးတွေထကာ
"ကိုကို! မလုပ်နဲ့"
"ဟင့်အင်း လုပ်မှာ!"
"အေးလုပ်နော် ပြီးရင် ကိုကိုပဲနာတော့မှာ အဲ့ကျမှမငိုနဲ့"
"နာနာ မငိုဘူး!"
အမူးသမားလေသံနဲ့သူ့စကားသူဘယ်ရောက်မှန်းမသိတဲ့ကိုကိုပါ။ အခန်းတံခါးဖွင့်ပြီး အထဲရောက်ရင်ပဲ ကိုကို့ကိုအောက်ချကာ
"ကိုကို ဖိနပ်ချွတ်မယ်"
ချွတ်ပြီးအမူးသမားက ဖိနပ်စင်ပေါ်တင်၏။ သူ့ကိုကြည့်နေမှန်းသိတော့ ကိုယ့်ဘက်ပြန်လှည့်ကာ ရင်ခွင်ထဲဝင်ပြီး ဖက်သည်။ မေးဖျားဆွဲယူရင်းမော့လိုက်ပြီး
ESTÁS LEYENDO
ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗
Fantasíaအာသောမာန် & ပန်းတိမ်ငို 2nd Creation Pic credit from Pinterest Start Date : 6.2.2022 End Date : 8.3.2022 M-Preg ကိုယ်ရေးသော fic များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်းမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ကြိုတင်တောင်းပန်အပ်ပါသည်။ Hsu အာေသာမာ...