Part 12

27.9K 1.6K 63
                                    

Unicode

စကားဝါ, သုန့်အခန်းထဲ ရောက်နေတာဖြစ်၏။ သုန်က ရင်ဖွင့်ဖို့လိုနေတယ် သူ့မာမီကိုလဲ ပြောမပြချင်သေးဘူး။ စကားဝါ့ကိုတော့ ပြော့ချင်တယ် ဟန်မူမပျက်နေရင်း စကားဝါရောက်လာတော့ မာမီ့ရှေ့မှာတင် အခန်းထဲ သွားရအောင်ဆိုပြီး ခေါ်ချလာခဲ့တာဖြစ်၏။ အခန်းထဲရောက်မှ

"သုန် နင်တစ်ခုခုဖြစ်နေတယ်မလား ငါ့ရှေ့မှာတော့ဟန်မဆောင်ပါနဲ့"

"အင်း...ငါနဲ့မာန်နဲ့ လမ်းခွဲလိုက်ပြီ"

"ဘာ!"

"ဟဲ့ ဖြည်းဖြည်းအော်ပါဟယ်"

"နေ‌ပါအုန်း နေပါအုန်း ဘာကြောင့်လဲ သူက အသစ်တွေ့နေတာလား"

"ဟင့်အင်း"

"အဲ့ဒါဆို ဘာကြောင်လဲ"

"သူက...သူကလေ..."

သုန့်ကိုစကားဝါကြည့်ရတာ ပြောသင့်မပြောသင့် ချိန်နေသည့်ပုံ။

"သုန် နင်ပြောမှာလား မပြောဘူးလား"

"အင်း...သူက ယောကျာ်းလေး တစ်ယောက်ကို ကြိုက်မိနေပြီတဲ့ အဲ့ဒါကြောင့် လမ်းခွဲရအောင်တဲ့"

"ဘယ်လို! အာသောမာန်က ကွေးနေတာလား"

"ငါမသိဘူး"

"ဟယ် ထူးဆန်းတာ"

"အင်း"

"အဲ့တော့ သူကြိုက်နေတဲ့သူက ဘယ်သူလဲ နင့်ကိုပြောပြလား"

"မပြောပြဘူး"

"နင်ဘာဆက်လုပ်မှာလဲ"

"ငါမသိဘူး လမ်းခွဲလိုက်တာတော့ သေချာတယ်"

"အင်း ငါလဲ ဘယ်လိုအကြံပေးရမလဲ မသိတော့ဘူး၊ ပုံမှန်နောက်ရီးစားထားရင်တောင် ဟုတ်တုတ်တုတ်၊ အခုက ရီးစားတော့ထားတာပဲ ယောကျာ်းတစ်ယောက် ဖြစ်နေတော့၊ နင့်အိမ်ကို ဖွင့်ပြောပြီးပြီလား"

"မာမီ လက်ခံမှာမဟုတ်ဘူး၊ အရင်ထဲက မာန်နဲ့မြန်မြန်ယူရအောင် သူကကြံနေတာ"

"အင်း...ဘာပြောရမှန်းတောင်မသိတော့ဘူး"

"အင်း"

သူတို့နှစ်ယောက် အခန်းထဲမှာ တော်တော်ကြာကြာနေဖြစ်၏။ စကားဝါက ရှေ့ဆက်တိုးဖို့မပြောတော့ပဲ နှစ်သိမ့်ပေး၏။ ‌သူမာမီ့ကိုတော့ ဖွင့်ပြောလို့မဖြစ်သေးဘူးဆိုတာ သူသိ၏။

ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗Donde viven las historias. Descúbrelo ahora