Unicode
ဘေးအိမ်က ကလေးမလေးပြောသလို Online ကနေကိတ်ရောင်းဖို့ ပေ့ခ်ျတစ်ခုဖွင့်ထား၏။ လိပ်စာမရေးထား messengerပဲအသုံးပြု၍ မှာနိုင်မှာဖြစ်သည်။ ကလေးမလေးတွေ သူငယ်ချင်းတစ်စုက ကိတ်ကို ညွှန်ပေးတာကြောင့် အနီးနားတစ်ဝိုက်ကနေအခုတော့ နေရာတော်တော်များများက မှာစားကြသည်။ တစ်ရက်ကို အများဆုံး ၅၀အထိပဲ ရတာကြောင့် တစ်ချို့ဆို ၂ရက်လောက်ထဲက မှာကြ၏။ ပန်းတိမ်က အပြင်မထွက်ပဲ လိုတာတွေကို ဒေါ်ပန်းမေက ဝယ်ပေးသည်။ အခုတော့ ပန်းတိမ်ကညဘက်ကိတ်လုပ် မနက်မိုးလင်းတာနဲ့ deli နဲ့ပို့ပေး အလုပ်နဲ့လက်နဲ့မပြတ်လုပ်နေရ၏။ အလုပ်လုပ်နေတဲ့ အချိန်သာ အလုပ်ကို အာရုံစိုက်နေပေမယ့် ညအိပ်ချိန် ခေါင်းအုံးလေးက နေ့တိုင်းစိုရွှဲနေမြဲ။ သူက ကိတ်ပဲလုပ်တာဖြစ်ပြီးဘေးအိမ်က မီးငယ်လေးက ပေ့ခ်ျကိုင်ပေးသည် အော်ဒါကောက်ပေးသည်။ မီးငယ်လေးကို သူတစ်ခါထဲ မှာပြီးသား Baker ငှားချင်တာတွေ လက်မခံကြောင်း၊ ပွဲတွေလက်မခံကြောင်း။ မီးငယ်ကလဲ သဘောပေါက်၏ Baker ငှားချင်သူတွေဆို တစ်ခါထဲ အပြတ်ပြောပြီးသားပင်။
>>>>>>>>>>>>>>>
သုန္ဒရီ့ကို ငဲ့ညှာစွာနဲ့လောင်းကစားကြွေးတွေကြောင့် သမီးဖြစ်သူကိုပါ မငဲ့ညှာပဲ ဒီကိစ္စကို ဘယ်လိုကြံစည်သလဲ ဆိုတာ သူ့မိသားစုဝင်တွေရှေ့မှာရော စီးပွားရေးလောက သူနဲ့ပတ်သတ်တဲ့ပတ်ဝန်းကျင်တွေကိုပါ သိအောင်ဖြန့်ခိုင်းလိုက်သည်။ သုန့်ဖေဖေနဲ့မမကတော့ အနူးအညွတ်တောင်းပန်ပြီး ညီမလေးအတွက်ငဲ့ညှာပေးလို့ ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြော၏။ မီဒီယာပေါ်မတင်ဖို့ကိုတော့ သုန္ဒရီ့ရဲ့ အရှက်သိက္ခာကို ထည့်တွက်ပေးဖို့ သုန့်ဖေဖေရောမမကပါ ဒူးထောက်မတတ်တောင်းပန်မှ မတင်ဖြစ်တာဖြစ်သည်။
ဒေါ်ရီရီရဲ့ အကြွေးတွေကို အခုတော့သူယောကျာ်းနဲ့သမီးက သိသွားပြီး သူတို့ပဲဆပ်ပေးကာ သတင်းစာထဲမှာ သူတို့တွေ ဘာမှမသက်ဆိုင်ကြောင်း ကြေငြာလိုက်၏။ မသက်ဆိုင်ကြောင်းကြေငြာပေမယ့် အိမ်မှာပဲထားကာအပြင်ထွက်ခွင့်မရပဲ အခန်းထဲမှာပဲနေစေသည်။ သူတို့အိမ်အပြင်ထုတ်လိုက်ဖို့က သူတို့ကိုမွေးထားတဲ့ အမေမို့လား။
YOU ARE READING
ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗
Fantasyအာသောမာန် & ပန်းတိမ်ငို 2nd Creation Pic credit from Pinterest Start Date : 6.2.2022 End Date : 8.3.2022 M-Preg ကိုယ်ရေးသော fic များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်းမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ကြိုတင်တောင်းပန်အပ်ပါသည်။ Hsu အာေသာမာ...