Final

32.9K 1.5K 65
                                    

Unicode

Arr Mahn Group ရုံးချုပ်ရဲ့အခန်းထဲမှာ MD အမျိုးသားနဲ့ ကလေးတွေပါရောက်နေတာဖြစ်သည်။ တခြားတော့မဟုတ် ပန်းတိမ့်ကိတ်ဆိုင်လေးအတွက်လူထပ်ခေါ်ရမှာကြောင့် အင်တာဗျူးရန်အတွက်လာရတာဖြစ်၏။ ပန်းတိမ်က မီးငယ်လေးကိုပါခေါ်ထားပြီး အင်တာဗျူးစေသည်။ ဒီလူတွေက မီးငယ်နဲ့ပဲအလုပ်လုပ်ရမှာမလား။ ကိတ်လုပ်တာဝါသနာပါတဲ့သူတွေကို‌ပဲခေါ်ပြီး ဝန်ထမ်းရေးရာပိုင်းတွေကိုတော့ အားမာန်ရုံးချုပ်ကကိုင်တွယ်ပေး၏။ အင်တာဗျူးချိန် အာသောကဝင်မပါ သူ့အခန်းထဲမှာ သားနဲ့သမီးကိုထိန်းနေ၏။ အင်တာဗျူးတာပြီးတော့

"မီးငယ် တူလေးနဲ့တူမလေးကို မကြည့်တော့ဘူးလား"

"ဟို ကြည့်လို့ရလား ကိုကြီး"

"ရတာပေါ့ ဘာဖြစ်လို့လဲ"

"ကိုကြီး ယောကျာ်းကိုကြောက်လို့"

"ဟမ်! ဟင်းဟင်း မကြောက်ပါနဲ့ သူကဒီလိုပဲနေတတ်လို့"

သူအစည်းအဝေးခန်းမှမီးငယ်ကိုခေါ်ကာ အာသောအခန်းထဲခေါ်လာခဲ့၏။

ဒေါက်ဒေါက်

"လာ"

ပန်းတိမ်က မီးငယ်ကိုနောက်ပြန်လှည့်ကြည့်ပြီးခေါင်းဆက်ပြရင်းခေါ်၏။ မီးငယ်ပါအထဲဝင်လိုက်ခဲ့သည်။ အထဲရောက်တော့ ကလေးနှစ်ယောက်က ဆိုဖာရှေ့ကစားပွဲပေါ်မှာ စာရွက်တွေတင်ကာ ဘာတွေရေးခြစ်နေလဲမသိ။ အာသောကိုဝေ့ကြည့်လိုက်တော့ ဖိုင်တွေထားတဲ့ဗီဒိုတံခါးဖွင့်ကာ ဖိုင်ထည့်နေ၏။ သူဝင်လာတာ‌တွေ့တော့လှည့်ကြည့်ကာ

"ကိုကို ပြီးသွားပြီလား"

"အင်း ပြီးပြီ မီးငယ်လာလေ"

မီးငယ်ကအာသောကိုရှိန်ကာ ရပ်ကြည့်နေတာကြောင့် သူခေါ်လိုက်ရ၏။ အဲ့တော့မှ ကုတ်ကုတ်,ကုတ်ကုတ်နဲ့ဝင်လာသည်။

"သမီး သားငယ် ဒီမှာ မမကိုနှုတ်ဆက်လိုက်အုန်း"

အဲ့တော့မှ ကလေးနှစ်ယောက်က ရေးခြစ်နေတာကိုချကာ

"မမ!"

သားရောသမီးကနှုတ်ဆက်ပြီး သားက မီးငယ်လက်ကလေးကိုသွားဆွဲ၏။ သမီးကတော့ အဲ့လိုမဟုတ် သူရေးခြစ်နေတဲ့လက်စကို ပြန်ခြစ်နေ၏။ သားငယ်က မီးငယ်လက်ကိုဆွဲခေါ်လာတော့ အာသောက

ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗Waar verhalen tot leven komen. Ontdek het nu