Part 21

24.5K 1.4K 19
                                    

Unicode

အာသောက ပန်းတိမ့်ကိုဒေါ်ပန်းမေဆီ လိုက်ပို့ဖို့ ပြင်နေတာဖြစ်သည်။ ကိုကိုက တစ်ရက်နှစ်ရက်တော့ ညလေးအိပ်ပါရစေ၊ ယုမွန်လဲလာမှာ မတွေ့တာကြာလို့ပါဟုဆိုကာ မျက်နှာငယ်လေးနဲ့ပြောလာတော့ အာသောမှာမနေနိုင်တော့ ခွင့်ပြုပေးရတော့သည်။ အိမ်ပြန်မယ့်လူက MacBook တော့မပါ,ပါအောင်ယူသည်။

"ကိုကို အိမ်ပြန်တာ ၂ရက်လောက်လေးကို အဲ့ဒါတွေထားခဲ့ အလုပ်ကိုမတွေးနဲ့"

"မတွေးပါဘူး လိုအပ်ရင် လုပ်ပေးလို့ရတာပေါ့"

"ဟာကွာ ကိုကိုက ကျွန်တော့်စကားကို နားမထောင်ဘူး"

ထိုအခါ ပန်းတိမ်ကသူထည့်နေတာ မတ်တပ်ရပ်ပြီးကြည့်နေတဲ့ အာသောဆီသွားကာ ရင်ခွင်ထဲဝင်၍ ခါးကိုဖက်ကာ

"ကိုယ်နားထောင်ပါတယ် မင်းပြောသလို ကိုယ် မေမေနဲ့ယုမွန်နဲ့ မုန့်တွေလုပ်စားမယ်၊ စကားတွေလဲပြောမယ်"

"ဒါဆို MacBook ကဘာလို့ယူသွားတာလဲ"

"ဇာတ်ကားကြည့်မယ်လေ"

"အဟင်း ကိုကိုတို့က ဘောစိနော် MacBook ကြီးယူသွားပြီး ဇာတ်ကားကြည့်မလို့တဲ့"

"မင်းနော် မစနဲ့"

"မင်းမနော်နဲ့ အလုပ်တွေခိုးမလုပ်ပါဘူးလို့ ကျွန်တော့်ကို ကတိပေး၊ PA ခေါ်ထားတာ ဘာလုပ်ဖို့လဲ၊ သူလုပ်နေတာလဲ အားလုံးအဆင်ပြေနေတာပဲ"

"ကိုယ်က ကိုယ့်လက်ကိုယ့်ခြေ လုပ်နေကြဆိုတော့ မယုံတာမဟုတ်ပေမယ့်"

"ကျွန်တော့်ကိုရော ယုံလား"

အာသောမေးလိုက်တော့ ပန်းတိမ်က ရင်ခွင်ထဲကနေ မော့ကြည့်ကာ

"ယုံတာပေါ့ ကိုယ့်ယောကျာ်းကို၊ ကိုယ့်ဘဝမှာ မေမေပြီးရင်း အာသောကို အချစ်ဆုံးအယုံကြည်ဆုံး၊ ကိုယ့်ကိုကိုယ်ထက်တောင်ပိုယုံသေးတယ်"

အားသောက နားထောင်ရင်း ပြုံးနေ၏။

"ဘယ်လိုပြောလိုက်တာ ယောကျာ်းဟုတ်လား ပြန်ခေါ်ပေးပါအုန်း"

ပန်းတိမ့်ကို အာသောက ပင့်ချီကာ မေးလိုက်၏။

"ယောကျာ်း!"

ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗Onde histórias criam vida. Descubra agora