Part 22

23.2K 1.4K 10
                                    

Unicode

ကျောင်းသားဟောင်းတွေ့ဆုံပွဲညကို ဒေါ်ရီရီက သမီးဆီက သိထားတာဖြစ်၏။ ဒေါ်ရီရီက သမီးသုန်အား

"သမီးရယ် မာမီ့ကို ကူညီပါနော်"

"မာမီပြောတာ မဖြစ်နိုင်ဘူးမာမီ၊ အာသောမာန်ကို မပြောလိုပေမယ့် ကိုပန်းတိမ်ငို့အပေါ်သမီး အဲ့လိုမလုပ်နိုင်ဘူး အစ်ကိုကစိတ်ထားအရမ်းကောင်းတာ"

"သမီးလေးရယ် မာမီစီစဉ်တာ လက်ခံလိုက်ရင် မာန်လေး သဘောမကျကာမှနေရော သမီးလဲ တသက်လုံး အေးအေးဆေးဆေးနေလို့ရမယ်၊ မာမီ့ကို ဒီအကြွေးရှင်းပေးပြီးရင် မာမီက တကယ်မိသားစုလိုတာပဲလုပ်ပေးတော့မှာပါ"

"ဟင့်အင်း မာမီ"

"သမီး သုန္ဒရီ မာမီက ဒီလိုတောင်းဆိုပါတယ် သမီးရယ်"

ဒေါ်ရီရီ သုန္ဒရီ့ရှေ့မှာ ဒူးထောက်လိုက်တာဖြစ်၏။ ဒေါ်ရီရီက arr mahn group ရဲ့ခမည်းခမက်ဆိုတဲ့ဂုဏ်ရော၊ သမီးသား အဲ့ဒိမိသားစုထဲ ရောက်သွားရင် လောင်းကစားအကြွေးကြေအောင်ဆပ်လို့ရနိုင်ပြီး သူသုံးချင်တာလိုတာကို သမီးဆီက တနည်းမဟုတ်တနည်းနဲ့သူယူလို့ရနိုင်၏။ ယောကျာ်းလေးနှစ်ယောက်ရဲ့ အိမ်ထောင်ရေးက ကွဲကွာသွားလဲ ဘာနစ်နာလို့လဲဟု သူအတွေးနဲ့သူ။ ပြီးတော့ မာန်ယူထားတဲ့ကောင်လေးက စိတ်သဘောကောင်းပြီး စာနာတတ်တယ်ဆိုထဲက ဒါသူ့အတွက်အခွင့်အရေးဟု သူတွေးမိသည်။ သုန်က ကိုယ့်ရှေ့မှာ ဒူးထောက်တောင်းပန်နေတဲ့မေမေ့ကိုကြည့်ပြီး သူဘာလုပ်ရမှန်းမသိတော့။

"မာမီ သေချာလား အကြွေးတွေဆပ်ပြီးရင် မာမီ သမီးတို့နေစေချင်သလိုနေပေးမယ်ဆိုတာ"

"သေချာပါတယ် သမီးရယ်၊ ဒီလိုလုပ်မှ ထောင်နီးပါး ပိုက်ဆံက ရမှာမို့လို့ပါ၊ အိမ်မှာရှိတဲ့ပစ္စည်းတွေ ရောင်းချလိုက်ရင် မာမီတို့ စီးပွားပြုတ်သွားမှာ အဲ့ဒါကြောင့် သမီးက ကူညီပေးပါနော်"

နောက်ဆုံးတော့ သုန်လက်ခံလိုက်ရ၏။ ဒါပေမယ့် အချိန်အတိုင်းအတာ တစ်ခုရောက်ရင်ဖြစ်ဖြစ် မာမီလိုတဲ့ငွေရရင်ဖြစ်ဖြစ် သူအမှန်အတိုင်းဖွင့်ပြောမယ်ဟု စိတ်ထဲ‌တွေးထား၏။ ကျောင်းသားတွေထဲ မာ့မီလူတွေရောထည့်ကာ အာသောကို အရက်ထဲအိပ်ဆေးရောတိုက်ပြီး မာမီနဲ့မာမီ့ကိုကူညီပေးတဲ့ကောင်လေးတွေက အခန်းထဲပို့ပြီး အဝတ်တွေချွတ်ကာ ထည့်ခဲ့၏။ မိုးလင်းမှ သုန့်ကို မာမီကအတင်းထည့်ပြီးဖုန်းကို အာသော လက်ဗွေဖြင့်ဖွင့်ကာ ပန်းတိမ့်ကို စာပို့လိုက်တာဖြစ်၏။ အာသောမာန်နဲ့သမီးကိုစောင့်ကြည့်နေပြီး ဒေါ်ရီရီက ဒေါ်ဟေမာန်ကို ဆက်သွယ်ပြီးခေါ်လိုက်တာဖြစ်သည်။ ပန်းတိမ်မရောက်ခင် သမီးထွက်သွားမှာဆိုးပြီး ပန်းတိမ် ဒီအခန်းထဲဝင်တာသေချာမှ သူဆက်မကြည့်တော့တာဖြစ်၏။

ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗Onde histórias criam vida. Descubra agora