Unicode
ဒေါ်ရီရီ မီဒီယာတွေကတင်တဲ့ Arr Mahn Group ရဲ့သားငယ်စေ့စပ်ပွဲဆိုတာကို တောက်လျှောက်ကြည့်နေတာဖြစ်သည်။ နှစ်ယောက်ပုံတွေကလဲ ပလူပျံလျှက်။
"ဟင်း! စေ့စပ်ပြီး လက်ထပ်မယ့်သူက ယောကျာ်းလေး တစ်ယောက် ဟာသတွေပဲ၊ ငါကတော့ ကြားတုန်းက ငါ့သမီးထက်များ ဘယ်လောက်သာလို့လဲလို့ အခုတော့ ယောကျာ်းလေးတစ်ယောက်တဲ့"
နောက်သတင်းတွေဆွဲကြည့်ရင်း အာသောမာန်နဲ့စေ့စပ်တဲ့ သူရဲ့ပုံတွေကို သူတွေ့လိုက်ရ၏။
"ယောကျာ်းလေးတစ်ယောက်က ဘာဖြစ်လို့မြန်း ဒီလောက်ပုံဖော်ရခက်နေတာလဲ၊ လှတာလား ကြည့်ကောင်းတာလား နုဖက်နေတာလား၊ သွားစိတ်ရှုပ်စရာတွေ"
သူဆက်မကြည့်တော့ပေ။ သူထင်တာ ယောကျာ်းလေးတစ်ယောက်က သူ့သမီးလေးကို ယှဉ်နိုင်မတဲ့လားပေါ့။ ပုံမြင်ပြီးတဲ့နောက်မှာ သူ့စိတ်တွေရှုပ်ထွေးသွားရ၏။ တစ်ဆက်ထဲ တွေးမိတာက ဒီကောင်လေး အကြောင်းတွေ သူစုံစမ်းရမည်။ ယောကျာ်းလေး နှစ်ယောက်ယူလိုက်တဲ့ အိမ်ထောင်ရေးက မိန်းကလေးတစ်ယောက်နဲ့ယှဉ်လို့ရမလား။ ဒေါ်ရီရီတို့က သူ့ကိစ္စနဲ့သူ အကြပ်ရိုက်လိုက်နည်းနည်း အဆင်ပြေလိုက် လုံးလည်လိုက်နေတာ ဘယ်သူမှမသိ။ အိမ်သားတွေကတော့ သူ့ကိုငြိမ်နေတယ်လို့ထင်နေကြသည်။
သုန္ဒရီလဲ အခုတလော အလုပ်လုပ်မလားလို့ တွေးနေတာဖြစ်၏။ သူလဲ ဒီအတိုင်းနေမယ့်အတူတူပေါ့။ ဒယ်ဒီနဲ့မမ ကတော့ သူတို့ရဲ့အငယ်ဆုံးလေးကို အိမ်မှာပဲ အေးဆေးနေစေချင်ကြသည်။ အာသောမာန်အကြောင်းကြားရတော့လဲ သူ့ကိုနှစ်သိမ့်ပေးကြ၏။ ဒီအထဲမှာတော့ သူ့မေမေ ဒေါ်ရီရီမပါပေ။ ဒေါ်ရီရီက စကားဝိုင်းထဲ ဝင်မပြော။ သူကလဲ သူ့အကြံနဲ့သူဖြစ်၏။
>>>>>>>>>>>>>>>>>
"ကိုကို ကျွန်တော် PA ခန့်ဖို့ပြောထားတာ မနက်လာလိမ့်မယ်"
"အင်း ဒါနဲ့ပြီးရင် appointment တစ်ခုရှိတယ် အာသောဝင်အုန်းမလား"
"ဘာအတွက်လဲ ကိုကို"
"ကိုယ်တို့စားသောက်ကုန်တွေမှာ ထည့်သုံးမယ့် ပစ္စည်းတွေ မိတ်ဆက်ပေးချင်လို့ ဆိုလို့လေ ကိုယ်ချိန်းထားတာ"
VOUS LISEZ
ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗
Fantasyအာသောမာန် & ပန်းတိမ်ငို 2nd Creation Pic credit from Pinterest Start Date : 6.2.2022 End Date : 8.3.2022 M-Preg ကိုယ်ရေးသော fic များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်းမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ကြိုတင်တောင်းပန်အပ်ပါသည်။ Hsu အာေသာမာ...