Unicode
Sunday မို့ပန်းတိမ်အိမ်ကပ်နေပါသည်။ မေမေ့အထည်တွေ လိုက်ပို့ပေးပြီး နေ့လည်စာအတွက် သူပဲချက်ပြုတ်ပေး၏။ သူအခုနောက်ပိုင်း ဟင်းပွဲအချိုပွဲတွေကို သိပ်တောင်မလုပ်ဖြစ်။ ဆိုင်တစ်ဆိုင်ချင်းဆီမှာ ဘာလိုလဲ မန်နေဂျာတွေနဲ့တိုင်ပင်ရပြီး ဝန်ထမ်းတွေကိုလဲ စီစစ်ရ၏။ အရင်ထဲက arr mhan restaurant ဆိုတာနာမည်ရဆိုင်ကြီးမဟုတ်လား။ ကိုယ်ကိုင်တွယ်မှ သူ့ပုံရိပ်ကျသွားလို့မဖြစ်။ သူအခုနောက်ပိုင်း ကိုယ်တိုင်ယူစနစ် လုပ်ဖို့အရမ်းအားသာနေသည်။ သူတစ်ယောက်ထဲ ကိုယ်တိုင်ယူစနစ်ပြောင်းလိုက်မယ်ဆို ဘာတွေပြောင်းလဲသွားမှာလဲ ဘယ်နေရာကို လူလျော့ပြီး လျော့တဲ့သူကို ဘယ်နေရာတွေတိုးရမလဲ ရာထားနေတာဖြစ်၏။ နောက်တစ်ခု ခေါင်းထဲရောက်လာတာက အာသော! အန်တီဟေမာန်သူ့ကို ဖုန်းဆက်တော့ အာသောကို သူ့ဆီလွှတ်လိုက်မယ် အာသောကို ဆိုင်ကိစ္စလေးတွေ ရှင်းပြပေးဖို့ရယ် ဘယ်လိုအခြေအနေတွေ ရှိတတ်တယ်ဆိုတာတွေ ပြောပြီး တိုင်ပင်ဖို့ဟု ပြောသည်။ အာသောက နောက်ပိုင်း ဒီဘက်ကို ဦးစီးမှာဖြစ်တာကြောင့် အခုထဲကသူနဲ့အလုပ်သဘော လွှတ်ပေးထားမည်တဲ့။ အဲ့လိုဆိုတော့ သူတို့နှစ်ယောက်က တပူးပူး တတွဲတွဲ အလုပ်လုပ်ရတော့မှာဖြစ်သည်။
"မာန် အဲ့တာဆို သုန်က မာန့်ကို ဘယ်အချိန်မှတွေ့ရမှာလဲဟင်"
"သုန်ကလဲ ကိုယ်တို့ ညနေပိုင်းတို့ Sunday တို့ဆိုတွေ့လို့ရတယ်လေ"
"ဟုတ်ပါပြီ သုန် ဖုန်းဆက်ရင်တော့ကိုင်နော်"
သုန်, မာန့်ကို အိမ်ကစိတ်ရှုပ်စရာ ကိစ္စတွေ မပြောပြချင်။ အခုဆို မာန်က သူတို့လုပ်ငန်းကို ဦးစီးဖို့ လုပ်ငန်းခွင်ဝင်တော့မှာဖြစ်၏။ မာန်က ပိုက်ဆံရှိတိုင်းအရမ်းဆိုးတဲ့အထဲမပါ လိမ္မာသည်။ သုန်တို့အိမ်မှာ ဒီတစ်ခါ မာမီနဲ့အစ်ကိုဖြစ်သူရဲ့ ဖဲရှုံးတဲ့ပိုက်ဆံက ရာဂဏန်းဖြစ်သွား၏။ သုန့်အစ်ကိုကိုတော့ ဒယ်ဒီရောမမရော ဒီတစ်ခါနောက်ဆုံး ဆိုပြီးပြောခဲ့ပြီးပြီဖြစ်သည်။ မာမီ့ကိုတော့ ဖေဖေက စကားမပြောတော့။ မာမီလဲ သူ့အမှားကြောင့်ငြိမ်နေပြီး ထပ်တော့မဆော့သေး။ ဘယ်အချိန်ပြန်ဆော့မလဲ သူတို့တွေစိုးရိမ်နေရ၏။ မမပဲ jewellery ဆိုင်ကိုဦးစီးပြီး အသုံးစရိတ်ကို စစ်စစ်ပေါက်ပေါက် ခြွေတာနေလို့သာ ဘေးလူတွေမရိပ်မိတာဖြစ်သည်။
YOU ARE READING
ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗
Fantasyအာသောမာန် & ပန်းတိမ်ငို 2nd Creation Pic credit from Pinterest Start Date : 6.2.2022 End Date : 8.3.2022 M-Preg ကိုယ်ရေးသော fic များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်းမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ကြိုတင်တောင်းပန်အပ်ပါသည်။ Hsu အာေသာမာ...