Unicode
အချိန်က ၉နာရီ ရှိပြီး။ စောင်ပုံထဲက လူနှစ်ယောက်ကတော့ ဖက်ထားပြီး အိပ်နေတာ တုတ်တုတ်မလှုပ်။
Buzz~Buzz~Buzz
ဖုန်းတုန်ခါသံတွေက ဆက်တိုက်လာနေတော့ ရင်ခွင်ထဲက ပန်းတိမ့်ရဲ့မျက်လုံးအိမ်ကလှုပ်လာ၏။ သူဖုန်းသံကြားတော့ လှုပ်ကြည့်လို့လဲမရ။ မျက်လုံးဖွင့်ကြည့်တော့ ပထမ အမြင်အာရုံတွေက မကြည့်လင်။ နောက်တစ်ခေါက်ထပ်ပြီး ဖွင့်လိုက်တော့ သူ့ဘေးမှာ သူနဲ့ကပ်ရက် အာသောက အိပ်နေတာ။ သူ့မျက်ခုံးတွေ တွန့်သွား၏။ အာသောကိုကြည့်တော့ အင်္ကျီလဲမရှိ သူ့ကိုယ်သူပြန်ကြည့်တော့ သူ့မှာလဲ မရှိ။ ဘာလို့သူတို့နှစ်ယောက်လုံး အဝတ်တွေမရှိရတာလဲ စဉ်းစားနေတော့ ညက ကိစ္စတွေက ခပ်ရေးရေးပေါ်လာပြီး သူ့မျက်နှာတွေနီရဲနေ၏။ အာသောနိုးလာရင် သူနဲ့ဒီလိုအခြေအနေကြီးကို သူမမြင်စေချင်ပါ ညကကိစ္စတွေးလိုက်တာနဲ့ ရှက်ပြီး မျက်နှာတွေက ရဲသဲနေ၏။ ညကသူအရင်စလိုက်တာမလား အာသောကို မထိတထိတွေ သူသွားလုပ်တာ။ ခြေထောက်တွေလှုပ်ကြည့်လိုက်တော့လဲ လှုပ်လို့မရအောင် အာသောက သူ့ခြေထောက်တွေကြား ပန်းတိမ့်ခြေထောက်နှစ်ချောင်းလုံးထည့်ပြီးလိမ်ထား၏။ ကိုယ်ကိုလှုပ်တော့လဲ ကျစ်နေအောင် ဖက်ထားတာကြောင့် လှုပ်လို့မရ။
"အင်း...ငြိမ်ငြိမ်နေကွာ.."
သူအာသောကိုမော့ကြည့်မိ၏။ အိပ်နေရင်း ယောင်နေတာလား သူလှုပ်တာကိုသိလို့ပြောနေတာလား မသိရအောင် မျက်လုံးတွေက မှိတ်ထားလျှက်။
"အင့်!"
အာသောတိုးဖက်လိုက်တာကြောင့် ပန်းတိမ့်ဆီက အသံထွက်လာပြီး
"အဟင့်!"
"ဟင်!"
အဲ့တော့မှ အာသောက မျက်လုံးဖွင့်ကြည့်ပြီးရင်ခွင်ထဲငုံကြည့်လိုက်မိသည်။
"ကိုကို! နိုးနေပြီ အိပ်အုန်းလေ မှန်း"
"ဟင့်အင်း အာ့!"
မျက်နှာဆွဲယူမော့ကြည့်မယ်လုပ်တော့ ခေါင်းတွေခါကာ ရင်ဘတ်ထဲ မျက်နှာပိုတိုးလို့သွား၏။ လှုပ်ရှားသလိုဖြစ်သွားတော့ နာလို့ထင်သည် အာမေဋိတ် အသံတွေထွက်လာ၏။
YOU ARE READING
ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗
Fantasyအာသောမာန် & ပန်းတိမ်ငို 2nd Creation Pic credit from Pinterest Start Date : 6.2.2022 End Date : 8.3.2022 M-Preg ကိုယ်ရေးသော fic များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်းမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ကြိုတင်တောင်းပန်အပ်ပါသည်။ Hsu အာေသာမာ...