Part 5

28.7K 1.8K 25
                                    

Unicode

"ယုမွန် နင်ဘယ်တော့အိမ်ကိုလာမှာလဲ ငါပြောပြစရာရှိတယ်"

ပန်းတိမ်, ယုကိုဖုန်းဆက်ချိန်းနေ၏။ ‌သူ အာသောမာန်အကြောင်းပြောပြချင်နေတာ သူရင်ဖွင့်စရာတို့ တိုင်ပင်စရာတို့ဆို ယုကိုပြောနေကြ။ မေမေကျတော့ အကုန်ပြောလို့မကောင်း ဒီလိုကိစ္စက ယုနဲ့မှပိုပြောလို့အဆင်ပြေ၏။

"ငါလာပြီ အရေးတကြီး အလုပ်ကနေ တန်းလာတာအိမ်တောင်မပြန်ရသေးဘူး နင်တို့လမ်းထဲ ဒီအချိန်ကားကြပ်တယ်နော် ငါ့ကားတောင်မနဲဝင်လာရတယ်"

လူကအိမ်ထဲမရောက်သေးဘူး ခြံထဲကနေအသံကြားနေရပြီ။ သူ့သူငယ်ချင်းမက ဒီလိုပါဆို။

"အေးပါ ယုမွန်ရယ်အိမ်ထဲဝင်ပါအုန်း နင်ကြီးပဲပြောသွားတာ ငါဘာပြောရမလဲတောင်မေ့တော့မယ်"

"အော်အေးဟုတ်သားပဲ ပြော"

ပန်းတိမ်လဲ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်၏။

"ဟမ်း ဒါဆို သူ့နာမည်က အာသောမာန် နင့်ထက် ၂နှစ်လောက်ငယ်တယ်၊ arr mhan restaurant လုပ်ငန်းစုကပေါ့"

"အင်း!"

"အဲ့ဒါဆို နင်ကသူ့အောက်ရောက်သွားတာပေါ့"

"ဟမ် ဘယ်လိုကြီးလဲ"

"မဟုတ်ပါဘူး ငါပြောတာ သူတို့လက်အောက် နင်ရောက်သွားပြီပေါ့လို့"

"အင်း ဟုတ်တယ် နောက်ပိုင်းလဲ တွေ့ရတော့မယ်ထင်တယ် သူပုံက ကြောက်စရာကြီး သူအမြင်မကြည်လို့လားမသိဘူး ငါ့မြင်ရင် စိုက်စိုက်ကြည့်နေတာ"

"အဲ့ဒါနဲ့ဆန့်ကျင်ဘက်လဲ ဖြစ်နိုင်တယ်"

"ဟဲ့ ဒီကလေး နှစ်ယောက် သမီးယုမွန် ဒီမှာထမင်းစားသွားမလား"

ဒေါ်ပန်းမေ ဒီကလေးနှစ်ယောက်ကို ကြည့်နေတာ။ ရောက်ထဲက ခေါင်းချင်းဆိုင်ပြီး တတွတ်တွတ်နဲ့ ဘာတွေအရေးတကြီး ပြောနေမှန်းမသိ။ ယုမွန်လေးက သားကိုတော့ တော်တော်ခင်၏။ သားပြောပြလို့ ကျောင်းအတူတက်ခဲ့တုန်းက အကြောင်းတွေပါ သိခဲ့ရပြီး သူလဲအခုတော့ သမီးလေးတစ်ယောက်လို ချစ်နေရသည်။

"စားလို့ရလား အန်တီ ရေတောင်မချိုးရသေးဘူး"

"ရတာပေါ့ ရေချိုးမယ်ဆိုလဲ သွားချိုး အိမ်နေရင်းဝတ်လို့ရတဲ့ ဝမ်းဆက်လေးရှိတယ် အန်တီ သမီးအတွက်ချုပ်ပေးထားတာ"

ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗Where stories live. Discover now