Part 4

28K 1.9K 29
                                    

Unicode

လွင်ဦးနဲ့ကျူးရင့်မာန်ရဲ့စေ့စပ်ပွဲက ကြီးကျယ်ခမ်းနားလှသည်။ သူတို့အိမ်ကြီးရဲ့ ရှေ့မြက်ခင်းပြင်မှာပဲ ပွဲလုပ်တာဖြစ်၏။ မာန်ကတော့ ပွဲလာတဲ့သူတွေကို မနှုတ်ဆက် ဖာသိဖာသာနေ၏။ သမီးရှင်ရှိတဲ့သူတွေကလဲ မာန့်ကို မျက်စောင်းတထိုးထိုး။ သိပ်မကြာဘူး ဝင်လာတဲ့သူတွေက သုန္ဒရီတို့ သားအမိတွေဖြစ်၏။ ဒေါ်ဟေမာန်ကတော့ မချစ်သော်လဲ အောင့်ကာနမ်းပေါ့ ‌အပြုံးချိုချိုလေးဖြင့်နှုတ်ဆက်သည်။

"မဟေမာန်သားလေးရော သမီးသုန်ယောင်လည်လည်ဖြစ်နေမှာဆိုးလို့"

"ခဏနော်မရီ သမီးသုန် သူငယ်ချင်းက အခုနတောင်တွေ့သေးတယ် အန်တီခေါ်ခိုင်းပေးမယ်"

ဒေါ်ဟေမာန့်ဆီက မာန့်အား သုန့်သူငယ်ချင်းဆိုတဲ့ အသုံးအနှုန်းကြားပြီး မျက်နှာပျက်သွားတာက သုန်နဲ့သူ့မာမီဒေါ်ရီရီပါ။ ဒေါ်ဟေမာန်ကတော့ မကောင်းတတ်တာကြောင့် သားအားတစ်ယောက်လွှတ်ပြီး သွားခေါ်ခိုင်းလိုက်ရပြီး သူနှုတ်ဆက်စရာရှိသူတွေကို နှုတ်ဆက်နေ၏။ ဒေါ်ဟေမာန်စောင့်ကြည့်နေတုန်း သားက သုန္ဒရီတို့ဝိုင်းမှာရောက်နေပြီး စကားပြောနေ၏။ ဒေါ်ရီရီကလဲ အာသောမာန်ကို စကားတွေဖောင်ဖွဲ့အောင်ပြောနေတာတွေ့ရသည်။ သူမ ဟိုကလေး မကြောင်းစုံစမ်းတာ တော်တော်သိနေပြီဖြစ်သည်။ နာမည်က ပန်းတိမ်ငို ဖြစ်ပြီး သားအမိနှစ်ယောက်ထဲရှိတာသိရ၏။ ကောင်လေးက သားထက် ၂နှစ်ကျော် ၃နှစ်နီးပါးကြီးပြီး ရိုးရိုးအဝေးဘွဲ့ယူထားသည်တဲ့။ ကောင်လေးက စာဖိုးမှူးဖြစ်ချင်တာလို့လဲသိရ၏။ သားအမိ နှစ်ယောက်အဖို့ သူတို့ရဲ့စီးပွားရေးက ပြေပြေလည်လည်ရှိတာကိုလဲ သိလိုက်ရ၏။ သူမ သားကို ဟိုဘက်မပါသွားဖို့ တစ်ခုခုလုပ်ဖို့လိုနေပြီဖြစ်သည်။

မာန်ကတော့ သုန့်မာမီရဲ့အရမ်းအရောဝင်မှုရဲ့လက်ကနေလွတ်အောင်ဘယ်လိုလုပ်ရမလဲမသိ သူအရမ်းစိတ်အိုက်နေပါပြီ။

"သား မင်းဒယ်ဒီကို အထဲမှာသွားခေါ်ပေးအုန်း"

သူ့မာမီကြောင့် သုန့်မာမီလက်က လွတ်သွားလို့ မာန်ဘယ်လိုပျော်မှန်းမသိ။ သုန့်ကိုတော့ အားနာပေမယ့် သူပြန်မထွက်လာတော့ အိမ်ထဲမှာပဲနေတော့၏။ စေ့စပ်ပွဲကတော့ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပြီး ဖြစ်သည်။ ဒေါ်ဟေမာန် အခုစားသောက်ဆိုင်ရောက်နေတာဖြစ်၏။ သူ ပန်းတိမ်ငိုကို လိုက်ကြည့်နေတာဖြစ်၏။ သူကြည့်နေတုန်း သူ့ရှေ့ကဝိုင်းကို ကောင်လေးက မှာထားတွေလာချပေး၏။ ထိုကောင်လေးထွက်သွားပြီး သိပ်မကြာဘူး မိန်းကလေးကသူ့အိတ်ထဲက တစ်ခုခုထုတ်ယူပြီးဟင်းခွက်ထဲထည့်၏။ သူတို့အချင်းချင်း လက်တို့ပြီး‌ မိန်းကလေးတစ်ယောက်က စားသည်။ သိပ်မကြာဘူး allergies တွေထကာ ပြဿနာတတ်တော့၏။ ဆိုင်ပိုင်ရှင်ပါထွက်လာပြီးတော့

ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗Where stories live. Discover now