Part 27

29.6K 1.5K 6
                                    

Unicode

ဧည့်ခန်းရဲ့ ခုံမှာထိုင်နေတဲ့ပန်းတိမ့်ကို သူ့အောက်မှာထိုင်နေရင်းလက်ကလေးကိုင်ကာ မျက်နှာကိုအဆက်မပြတ်ကြည့်နေတဲ့ အာသော။ အားလုံးကတိတ်ဆိတ်နေပြီး ဒေါ်ဟေမာန်နဲ့ဒေါ်ပန်းမေကတော့ အငိုမျက်လုံးအပြုံးမျက်နှာဖြစ်နေ၏။ နေဝင်းကတော့ ပန်းတိမ့်ကိုယ်ဝန်ကိစ္စကို အရမ်းသိချင်နေတာဖြစ်သည်။ ဗိုက်ကို သေချာလဲမမြင်ရ။ တီရှပ်ကအပွကြီးနဲ့ဘောင်းဘီကလဲ ချည်သားအပွဆိုတော့ ဗိုက်ကမပေါ်တာကြောင့် မခန့်မှန်းတတ်ဖြစ်နေ၏။

"သားပန်းတိမ် အန်တီအစောထဲကမရှင်းပေးနိုင်လို့တောင်းပန်ပါတယ်"

ပန်းတိမ်လဲ ဖြစ်ပျက်တဲ့ကိစ္စတွေ သိသွားပြီဖြစ်သည်။ သူအာသောမျက်လုံးကိုလဲ စုံအောင်မကြည့်ရဲဖြစ်နေ၏။ ညတိုင်းလွမ်းရလွန်းလို့ သတိရလွန်းလို့ ငိုနေတာဖြစ်ပေမယ့် တကယ့်အပြင်မှာတွေ့လိုက်တော့ ခြေတွေလက်တွေက အေးစက်နေ၏။ ပြီးတော့ အာသောက သူ့ခြေထောက်နားထိုင်ပြီး လက်ကိုကိုင်ထားကာ သူ့ကိုပဲတောက်လျှောက်ကြည့်နေတာဆိုတော့ လူအများရှေ့မှာ မနေတတ်ဖြစ်နေ၏။

"အစ်ကိုကြီးရေ မီးလေး လာပြီ"

ဘေးအိမ်က မီးငယ်ရောက်လာတော့အားလုံးကလှည့်ကြည့်၏။ မီးငယ်က ဧည့်သည်တွေရောက်နေတာတွေ့တော့ တုန့်ကနဲရပ်သွားကာ ကြောင်ကြည့်နေ၏။

"လာမီးငယ်၊ မီးငယ်အစ်ကိုကြီးမအားလို့ မီးငယ်ပဲ လုပ်ပေးအုန်း"

"ဟုတ် ကြီးမေ"

မီးငယ်က မီးဖိုချောင်ဘက်ကုတ်ကုတ်လေး လျှောက်သွားပြီဖြစ်သည်။

"သားတို့စကားအခန်းထဲသွားလေ စကားသွားပြောကြသွား သားငယ် ဟိုအခန်းက မင်းကိုကိုအခန်း ခေါ်သွား,သွား"

ဒေါ်ပန်းမေက သူတို့နှစ်ယောက်စကားပြောလို့ရအောင် အခန်းထဲသွားရန်ညွှန်ပြပေးသည်။ အာသောက ထကာ ပန်းတိမ့်လက်ကိုဆွဲထူလိုက်တာကြောင့် အလိုက်သင့်လေး ထလိုက်ရ၏။ အာသောကရှေ့ကဦးဆောင်ကာ ဆွဲခေါ်သွားတော့သည်။ သေချာပါတယ် နေဝင်းကတော့ ဒေါ်ပန်းမေကို သူသိချင်တာတွေမေးမြန်းတော့မှာဖြစ်သည်။

ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗Where stories live. Discover now