ကျွန်မရဲ့ အသက်ရှုနှုန်းကို ရပ်တန့်စေသည့်အထိ ရင်ခုန်စေခဲ့သော အရာရာကို ပြီးပြည့်စုံအောင် ဖန်တီးအယောင်ဆောင်ထားခဲ့စေသော....သူ။အသက်နွယ်နဲ့ ခွန်းအုပ်စိုးဆိုတဲ့ ငါတို့ရဲ့အကြောင်းက ပုံပြင်တစ်အုပ်တစ်အုပ်သာဆိုရင် ပထမစာမျက်နှာမှာထဲက မတွေ့ဆုံခဲ့သင့်ဘူး ။အဲ့လိုသာဆို အခုလို နောက်ဆုံးခန်းမှာ နာကျင်ရတဲ့သူက ကျွန်မဖြစ်လာတော့မှာလည်း မဟုတ်ဘူး။အရာအားလုံးရဲ့ အစဖြစ်တဲ့ ထိုနေ့က ပန်းခြံသာ မသွားခဲ့ရင် အခုလိုအချစ်ဉီးဆိုတဲ့ ရှင်နဲ့လည်း မတွေ့နိုင်လောက်ဘူးပေါ့။
အတင်းမေ့ပြစ်ထားသော အတိတ်က ပုံရိပ်တို့က တစ်စတစ်စ ပြန်မြင်ယောင်စေပြီး ထိုပုံရိပ်တွေကို ရပ်တန့်ဖို့ မျက်လုံးကို အားယူဖွင့်တာတောင်မရခဲ့။မွန်းကျပ်၍ လူကို လှောင်ပြောင်ခဲ့ကြသော စကားလုံးတွေနဲ့ ခွန်းအုပ်စိုးရဲ့ ခနဲ့အပြုံးတွေက ပုံရိပ်ယောင်နွံ့ထဲအား အတင်းဆွဲချနေလေသည်။အိပ်ရာပေါ်မှ မျက်လုံးစုံဖွင့်ပြီး နိုးလာတော့မှာ အရင်အကြောင်းတွေ ပြန်မြင်ယောင်ခြင်းမှာ အိမ်မက်သာ ဖြစ်နေခဲ့သည်။အသက်ကို မနည်းရှုပြီး နဖူးကချွေးတွေကို တစ်ချက်သုတ်ကာ အိပ်ရာဘေးခုံနိမ့်လေးက နာရီကို ကြည့်လိုက်တော့ မနက်သုံးနာရီပင်။သူနဲ့တွေ့တာ ခဏတာ နာရီပိုင်းလေးတောင် အခုလို ကြောက်နေတာ မနက်ကျရင် ဘယ်လိုများ အိမ်ပြန်ရပါ့မလဲ။စောသေးတာမို့ ခုံပေါ်က ရေဘူးကိုမော့သောက်ပြီး အသက်နွယ်ပြန်လှဲအိပ်လိုက်သည်။အသက်နွယ်အတွက် အမြဲအိမ်ရာထနောက်ကျမှာမပူရ Morning Call ခေါ်ပေးမဲ့ သူရှိတာကြောင့်ပင်။
( တင့်တင်း~~~တင်းတင်းတင့်~~~တင်းတင့် )
ဖုန်းသံကြောင့် စောင်ခေါင်းထိ ခြုံထားရာမှ လက်ထွက်ပြီး အနီးက ဖုန်းကို နာမည်တောင် မကြည့်ပဲ ကောက်ကိုင်လိုက်သည်။နာမည်ကြည့်စရာလဲမလို အမြဲဒီချိန်ခေါ်သူမှာ အစ်ကိုခန့်တစ်ယောက်ပဲ ရှိသည်။
" Hello အစ်ကိုခန့် Morning "
" ငါ ခွန်းအုပ်စိုး မင်းလာမှရမယ်နော် မလာရင် ငါကိုယ်တိုင်...."
ဖုန်းထဲမှ မကောင်းဆိုးဝါးရဲ့အသံကြောင့် အသက်နွယ်ဆုံးအောင် နားမထောင်ပဲ ချပြစ်လိုက်သည်။သူဖုန်းနံပါတ် ဘယ်ကနေရလဲတော့ မသိပေမဲ့ Morning Call ကို သူဉီးသွားလို့ အရမ်းစိတ်ပျက်မိသည်။နောက်ထပ်ဝင်လာတဲ့ ဖုန်းတောင် သူများထပ်ခေါ်တာလာလို့ မကိုင်ရဲ။သေချာကြည့်တော့မှ အစ်ကိုခန့်ဆိုတော့ ရင်အေးရသည်။
YOU ARE READING
Because Of First Love ( အချစ်ဉီးကြောင့်သာ) Completed
Romanceပါဝင်သော အကြောင်းရာများမှာ စိတ်ကူးယဉ် အရေးသားများသာဖြစ်သည်။ လူတိုင်းမှာ တစ်ကြိမ်တစ်ခါမှတော့ အချစ်စစ်မတွေ့ခင် ပထမဆုံးနေရာဝင်ယူတတ်တဲ့ အချစ်ဉီးဆိုသော လူရှိခဲ့ဖူးတယ် ဒါပေမဲ့ မဖြစ်နိုင်ခဲ့တဲ့ အချစ်ဉီးဆီက ထွက်ပြေးခဲ့ပေမဲ့ ဘယ်ကြောင့်များ ပြန်ပေါ်လာရတာလဲ လှ...