" မမလေး ခြံထဲလမ်းဆင်းလျှောက်နေတာလား ညစာရော မစားသေးဘူးလား "
" ဟုတ်တယ် ဉီးလေး... ကိုကိုက ပိတ်ရက်တောင် မနက်ဖြန်ပွဲအတွက် သွားစစ်ဆေးနေရတော့ သူပြန်လာမှပဲ အတူစားဖို့ "
အသက်နွယ် ညနေစောင်း ခြံဝန်းထဲလမ်းဆင်းလျှောက်တာကို ခြံစောင့်ဉီးလေး ပန်းပင်ရေလောင်းရင်း တွေ့တော့ လှမ်းမေးလိုက်ခြင်းဖြစ်သည်။အလုပ်ပိတ်ရက်လည်းဖြစ်ပြီး ကိုကိုကလည်း ပြန်မလာသေးတော့ အသက်နွယ် လေကောင်းလေသန့်ရှုရန် အပြင်ထွက်လမ်းလျှောက်နေတော့သည်။ကိုကိုမှာတော့ တစ်ယောက်ထဲ ဒီရက်ပိုင်း အလုပ်ရှုပ်နေပါသည်။ကိုကိုစပြီး အမွေဆက်ခံထဲကပထမဆုံးအနေနဲ့ ဉီးဆောင်ပြီး လုပ်ရတဲ့ပွဲဖြစ်တာကြောင့် အစကနေအဆုံး ချည်မျှင်တစ်မျှင်လောက်တောင် အမှားမခံနိုင်ပါ။အဲ့လိုအမှားမခံနိုင်တာကြောင့်လည်း ကိုကိုခမျာနှစ်ဆ ပင်ပန်းရရှာသည်။အသက်နွယ်လည်း ယုံပါတယ် ကိုကိုဉီးဆောင်တဲ့ ထိုပွဲမှာ လူတိုင်းြ သချလောက်အောင် ခမ်းနားနေမယ်ဆိုတာကို။ဒါဟာလည်း ကိုကိုရဲ့ အလုပ်အပေါ် တာဝန်ကျေပွန်မှုပဲလေ။အမြဲတာဝန်တွေ ပိနေသော ကိုကိုမှာ လူငယ်ဘဝကိုတောင် Company အတွက်နဲ့ပဲ ကုန်ဆုံးခဲ့ရတာပါ။ဒါကြောင့် ကိုယ်ကပဲဖြစ်ဖြစ် ပူပင်စရာတွေ ပေးလို့မဖြစ်ဘူးလေ။
်" မမလေး...မမလေး အစ်ကိုလေး ဖုန်းဆက်တယ် "
မမတင် အိမ်တံခါးမကြီးမှ ခြံဝန်းထဲရှိ အသက်နွယ်အား ခွန်းအုပ်စိုး ဖုန်းဆက်တာမို့ အော်ခေါ်လိုက်တော့သည်။ကိုကိုဆီမှ ဖုန်းလာတယ်အသံကြားတာနဲ့ အသက်နွယ် ခြေလှမ်းတွေ စိန်နေအောင် လျှောက်လှမ်းလိုက်ပြီး ဧည့်ခန်းမကြီး၌ ကျွန်းခုံတန်းရှည်ပေါ်တွင် ထားထားသော ကြိုးဖုန်းကို ကောက်ကိုင်လိုက်ပါသည်။
" Hello ကိုကို "
မောဟိုက်နေသော အသံလေးကြောင့် ခွန်းအုပ်စိုး ဖုန်းထဲမှ သူပြောမည့် ကိစ္စကို အရင်မပြောပဲ သူမမောနေတာကိုစိတ်ပူ၍ မေးလိုက်ပါသည်။
" နွယ်လေး အသံက မောနေပါလား ဘာဖြစ်တာလဲ "
" ဘာမှမဟုတ်ဘူး ကိုကိုဆီက ဖုန်းလာတယ်ဆိုလို့ပြေးလာလို့မောတာ "
YOU ARE READING
Because Of First Love ( အချစ်ဉီးကြောင့်သာ) Completed
Romanceပါဝင်သော အကြောင်းရာများမှာ စိတ်ကူးယဉ် အရေးသားများသာဖြစ်သည်။ လူတိုင်းမှာ တစ်ကြိမ်တစ်ခါမှတော့ အချစ်စစ်မတွေ့ခင် ပထမဆုံးနေရာဝင်ယူတတ်တဲ့ အချစ်ဉီးဆိုသော လူရှိခဲ့ဖူးတယ် ဒါပေမဲ့ မဖြစ်နိုင်ခဲ့တဲ့ အချစ်ဉီးဆီက ထွက်ပြေးခဲ့ပေမဲ့ ဘယ်ကြောင့်များ ပြန်ပေါ်လာရတာလဲ လှ...