အသံထိန်းညှိကိရိယာများကို အတိုးအကျယ် ထိန်းညှိရင်း ညနေလေးနာရီ စတင်မည့် program အတွက် လူလေးငါးယောက် မအားလပ်စွာ ပြင်ဆင်နေကြရသည်။အသံလုံအခန်းထဲတွင်Headphoneကို နားတွင်တပ်၍ microphoneရှေ့တွင် ချောင်းတစ်ချက် ဟတ်လိုက်ပြီး အသက်ရှုသွင်းကာ Recording သွင်းရန် အသင့်ပြင်လိုက်သည်။ရှေ့နဖူးတိဆံမြိတ်ကို အနည်းငယ်ဖွပြီး Recorderမှ Ok ဟု လက်သင်ကေတပြလိုက်တာနဲ့ တတ်တတ်ကြွကြွ Moodသွင်းပြီး နှုတ်ခမ်းတို့မှ စကားချီလိုက်သည်။ Live Program မို့ တင်ဆက်သူရဲ့ အသံက ပျင်းရိပျင်းတဲဲြြဖစ်နေပါက နားဆင်သူပရိတ်သတ်တွေ လျော့မည်မဟုတ်လား ။
" Hello Everyone ညနေခင်းလေးမှာ New Soul FM Channel ကနေ အချစ်သီချင်းလေးတွေ တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ် "
( တင်ဆက်သူ အသက်နွယ်လား...
သူအသံဆိုတာ ငါသိတယ်
အဲ့တာသူလေးပဲလေ )" ဟုတ်ပါတယ်ရှင့်... တင်ဆက်သူ အသက်နွယ်ပါ အားလုံးအတူတူ ဒီနေ့ရဲ့ သီချင်လေးတွေကို နားဆင်ဖို့ အသင့်ပဲလား "
Tag Screen ပေါ်တွင်ပေါ်လာသော comment များကို ပြန်ဖြေပေးရင်း မတူညီသော ခေါင်းစဉ်တွေဖြင့် နားဆင်သူတွေကို တေးသီချင်းများဖွင့်ပြီး ခံစားချက်မျှဝေခံစားပေးရသော အသက်နွယ်ရဲ့ အလုပ်ကတော့ ရေဒီယိုအစီစဉ်တင်ဆက်သူပါ။
" လူတိုင်းမှာ အချစ်ဉီးဆိုတာ ရှိကြမှာပါ သက်နွယ်မှာလဲ ရှိတာပေါ့ ဒီနေ့မှာ သက်နွယ်ရဲ့ Program လေးက အချစ်ဉီးအတွက် သီးသန့်သီချင်းလေးတွေပဲ ဖွင့်ပေးတော့မှာ ဖြစ်ပါတယ် "
( သူမအသံတောင် ဒီလောက်ချိုနေတာ လူဆို ဘယ်လောက်လှမလဲ မသိဘူး )
တင်ဆက်ချိန် တစ်နာရီမှာတော့ သူမပျော်ရွှင်ပြီး နတ်သမီးလေးလို့အသံနှင့် ပြောနေပေမဲ့ Timer ပြည့်တာနဲ့ Recording ခန်းထဲမှ ထွက်ပြီး လက်ထဲမှ ဇာတ်ညွန်းစာရွက်ကို ပြစ်ချလိုက်ကာ အသံကုန်ဟစ်အော်တော့သည်။
" ဟဲ့... ဒီနေ့ ဒိုင်ယာလော့တွေကို ဘယ်သူရေးထားတာလဲ ငါအချစ်ဉီးအကြောင်းတွေ ပါတဲ့စာသားတွေဆို မတင်ဆက်ဖူးလို့ ပြောထားတယ်မလား "
ခါးထောက်ပြီး ခုံကို တဘုန်းဘုန်းရိုက်ကာ ဟဲနေသော အသက်နွယ်ကို အလုပ်သင်ကလေးများ ပြန်မပြောရဲ။ဒီနယ်ပယ်တွင် ခြောက်နှစ်တာကျင်လည်ခဲ့ပြီး ဒိုင်ယာလော့မကြည့်ဘဲနဲ့တောင် သီချင်းရဲ့ ခံစားချက်တွေကို ပြောလွင်အောင် ဒါတိုက်ရွှတ်နိုင်သော သူမဟာ တကယ်ကို စီနယာကြီးပင်။
YOU ARE READING
Because Of First Love ( အချစ်ဉီးကြောင့်သာ) Completed
Romanceပါဝင်သော အကြောင်းရာများမှာ စိတ်ကူးယဉ် အရေးသားများသာဖြစ်သည်။ လူတိုင်းမှာ တစ်ကြိမ်တစ်ခါမှတော့ အချစ်စစ်မတွေ့ခင် ပထမဆုံးနေရာဝင်ယူတတ်တဲ့ အချစ်ဉီးဆိုသော လူရှိခဲ့ဖူးတယ် ဒါပေမဲ့ မဖြစ်နိုင်ခဲ့တဲ့ အချစ်ဉီးဆီက ထွက်ပြေးခဲ့ပေမဲ့ ဘယ်ကြောင့်များ ပြန်ပေါ်လာရတာလဲ လှ...