Special Episode 1 : Perfect Family Life

12.8K 257 26
                                    

ငါးနှစ်တာကြာပြီးသောအခါ ~~~~

ငါးနှစ် ... ငါးနှစ်ဆိုတဲ့အချိန်ကာလဟာ လူတစ်ယောက်ရဲ့ ဘဝအကြောင်းကို ဘယ်လောက်တောင် ရေးသားပေးနိုင်ပါ့သလဲ။ရက်ပေါင်း 1825 ရက်မြောက်ဖြစ်တဲ့ ဒီနေ့လေးမှာတော့ အသက်နွယ်ကိုယ်တိုင်ရော ၊ ကိုယ်ဘေးနားမှာရှိတဲ့ သူတွေရဲ့ နေထိုင်မှုပုံစံတွေပါ ပြောင်းလဲလာခဲ့ပါပြီ။အချိန်ကုန်ဆုံးနှုန်းတွေလို လူတွေရဲ့နေ့တွေ ညတွေဟာလည်း ရပ်တန့်မှုမရှိဘူးဆိုတာ တကယ်မှန်ပါသည်။အဲ့တာကိုမှ ကံတရားရဲ့ တွေ့ဆုံခြင်းတွေကိုပါ ပြောင်းထည့်လိုက်ရင် ဒီနေ့ပြီး နောက်နေ့ဖြစ်မဲ့အရာတွေကို ဘယ်သူမှ ကြိုမမြင်နိုင်တော့ပါဘူး။ဒီနှစ်တွေထဲမှာလည်း လူတိုင်းမမြင်နိုင်တဲ့ ကံတရားကြားထဲမှာ ပြောင်းလဲမှုတွေလည်း အများကြီးဖြစ်ပျက်ခဲ့ပါသည်။ဉပမာပြောရမယ်ဆို မမတင် ။ တစ်သက်လုံးအပျိုကြီးလုပ်လာတဲ့ မမတင်ဟာ နောက်ဆုံးတော့ အိမ်ထောင်ပြုပြီး အသက်နွယ်တို့နဲ့တောင် အတူမနေတော့ဘူးလေ။အလုပ်ချိန်ပဲလာပြီး အရင်လိုမနေတော့ဘဲ အိမ်ပြန်ပါသည်။သူတင်မကသေးပါဘူး မိုးသန့်ကလည်း အလုပ်မှာရာထူးတိုးသွားပြီး ထက်မြတ်ကလည်း ဆိုင်ခွဲတစ်ခုထပ်ဖွင့်နိုင်ပြီလေ။အဲ့တာအပြင် အစ်ကိုဟိန်းခန့်ကလည်း အခုဆိုနာမည်ကြီးစာရေးဆရာဖြစ်နေပြီး စာအုပ်တောင် ဘာတွေတောင် ထုတ်ပြီး အရင်လို ဆန်ကုန်မြေလေးမဟုတ်တော့ပါဘူး။အဲ့ထဲမှာ အရမ်းပြောင်းလဲသွားတဲ့သူတွေကတော့ ကိုကိုနဲ့ ကျွန်မပါပဲ။

" အခုလို ကျွန်တော်သားလေးတွေဖြစ်တဲ့ ခွန်းရန်စစ်နွယ်ရဲ့ အသက်ငါးနှစ်ပြည့်မွေးနေ့နဲ့ သားငယ်လေး ခွန်းမာန်စစ်နွယ်ရဲ့ အသက်သုံးနှစ်ပြည့်မွေးနေ့လေးကို တတ်ရောက် ပေးကြတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ ... နောက်ထပ်ဝမ်းသာစရာ သတင်းတစ်ခုကိုလဲ ပြောချင်ပါသေးတယ် "

Hotel ရဲ့ Garden resort ဘက်မှာ အသက်နွယ်နဲ့ကိုကို သားလေးတို့ရဲ့ မွေးနေ့ပွဲကို လုပ်ပေးဖြစ်ပါသည်။အစက်နွယ် ပင်းတယမှာ သားအကြီး ခွန်းရန်စစ်နွယ်လေးကို မွေးပြီး အလုပ်ပြန်ဝင်ရင်း နှစ်နှစ်လောက်နေတော့ သားငယ်လေး ခွန်းမာန်စစ်နွယ်ကို ထပ်မွေးခဲ့ပါသည်။မွေးလိုက်တိုင်း သားတွေချည်းဖြစ်နေတာ မတတ်နိုင်ပေမဲ့ ကိုကိုကတော့ သူသားနှစ်ယောက်ကို အရမ်းချစ်ရှာတာပါ။အခုလည်း စိန်မျောက်မျောက်သားလေးနှစ်ယောက်ကို တစ်ယောက်ကို လက်ဆွဲ ၊ တစ်ယောက်ကိုချီနှင့် စင်မြင့်ငယ်မှာ တတ်ပြောနေလျက်ပါ။သားလေးတွေက နှစ်မတူပေမဲ့ ရက်လတူညီစွာ မွေးတာကြောင့် နှစ်ယောက်ပေါင်းပြီးသာ မွေးနေ့လုပ်လိုက်တော့သည်။အရင်နှစ်မွေးနေ့တွေတုန်းကတော့ လူမစုံဖြစ်ပေမဲ့ ဒီနှစ်တော့ ရင်းနှီးတဲ့ မိတ်ဆွေတွေရော ၊ အသက်နွယ်နဲ့ကိုကို အလုပ်ကလူတွေရောဖြင့် လူစုံလှပါသည်။ထိုထဲတွင် အန်တီဟန်သီတော့မပါခဲ့ပါ။

Because Of First Love ( အချစ်ဉီးကြောင့်သာ) Completed Where stories live. Discover now