သီတင်းပတ်အနည်းငယ် ကုန်လွန်ပြီးသော် ~~~
" ချစ်သယ်ရင်းလေး ... နင်စားနေတာ ဒါနဲ့ဆို ဆီချက်သုံးပွဲရှိပြီနော်... ဂဏန်းသားဖက်ထုပ်ကလဲ 9000 ၊ ဝပ်သားကြွပ်ကြော်ကလဲ 6000 ကျော်ရှိတယ်သိလား"
New Soul FM Company ရှေ့၌ ဖွင့်လှစ်ထားလျက်ရှိသည့် စားသောက်ဆိုင်တွင် အသက်နွယ်ကတော့ မိုးသန့်ရဲ့ဘားကျပ်တွေကို ဖြိုခွင်းပေးနေပါသည်။နေလည့် ထမင်းစားနားချိန် အသက်နွယ်ဗိုက်ဆာတယ်ဆိုကာ မိုးသန့်ဆီမှ အလှူခံပြီး ဗိုက်ကလေး ဗန်းပြကာ ကပ်စားနေတော့သည်။ဆိုင်၏ အရှေ့မျက်နှာစာ ခုံတွင်နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်းရင် မိဖုရားကြီးကတော့ ပွဲတော်တွေတင်နေပါသည်။ ခေါက်ဆွဲဆီချက် ပန်းကန်အမှောက်ကြီး သုံးပွဲတောင်စားပြီး မဝသေးနိုင်ဘဲ ဖက်ထုပ်တွေရော အခြားသော စားစရာတွေကိုပါ အငတ်တိုင်းပြည်ကလာသလို စားနေသော အသက်နွယ်ကိုကြည့်လျက် မိုးသန့် ပိုက်ဆံအိတ်နတ်ပြည်တက်ရတော့မှာကို တွေးရင်းခေါင်းခဲနေရသည်။အသက်နွယ်ဆိုတာကလည်း သူစားချင်တာဆို ဝင်တယ်။သူမစားချင်တာဆို တအော့အော့နဲ့ အန်ပြစ်ရော။တကယ် ဗိုက်ထဲက ကလေးရော အမေရော လူလည်ပတ်ကားတွေ။တဝတပြဲ စားသောက်နေစဉ် ကျေးမွေးသူရဲ့ လေသံက ရွဲ့သံပါနေတော့ အသက်နွယ် သနားကမားရုပ်လုပ်ပြပါတော့သည်။
" မိုးသန့် ... နင်က ငါကလေးကို မကျွေးချင်တာလား"
" ငါက နင်ကလေးလို့ ပြောမိလိုလား "
" မပြောပေမဲ့... ဒါတွေက ငါစားတာမဟုတ်ဘူးလေ ငါကလေးလေးစားနေတာလေ အဲ့တာကို နင်ကပြောတယ်ဆိုတော့ ငါတို့သားအမိကို... "
" အေးပါဟယ် တော်ပါတော့ စားစား... စားကြပါ နင်တို့သူဌေးတွေပဲ ငါအပေါ်ခေါင်းပုံဖြတ်ကျပါ "
သူဘယ်လိုပြောပြော ကိုယ်စားရဖို့က အရေးကြီးတယ်မလား အဲ့တော့အသက်နွယ် အစားကိုပဲ ကုန်းစာနေလိုက်သည်။မိုးသန့်ကတော့ သံပုရာရည်တစ်ခွက်သောက်ပြီးသာ သူပိုက်ဆံကို တွတ်ချက်လျက်။အသက်နွယ် ဒီနေ့ရုံးက နေ့တဝက်ထဲနဲ့ပြီးတယ်လေ။အဲ့တော့ စားပြီးတော့မှာ ဆေးရုံသွားပြီး ဆရာဝန်နဲ့သေချာသွားပြရမည်။ဒါမှ ညနေကိုကိုပြန်လာတာနဲ့ ကွတ်တိအချိန်ကိုက်ပြီး ပြောလို့ရမယ်လေ။အသက်နွယ် ဆီချက်ကို တူနှင့်အလုတ်ကြီးတစ်လုတ်စားပြီး ဝက်သားကြွပ်ကြော်တစ်တုံးကို ပါးစပ်ထဲအပြည့်အထည့် မိုးသန့်ဖုန်း Massager မှ Vedio Call ခေါ်သံကြားလိုက်ရသည်။မိုးသန့်ကလည်း လက်မတွန့်ဘဲ ကောက်ကိုင်ကာ အသက်နွယ်ဘက် Camera လှည့်ပြလိုက်ပါသည်။
YOU ARE READING
Because Of First Love ( အချစ်ဉီးကြောင့်သာ) Completed
Romantiekပါဝင်သော အကြောင်းရာများမှာ စိတ်ကူးယဉ် အရေးသားများသာဖြစ်သည်။ လူတိုင်းမှာ တစ်ကြိမ်တစ်ခါမှတော့ အချစ်စစ်မတွေ့ခင် ပထမဆုံးနေရာဝင်ယူတတ်တဲ့ အချစ်ဉီးဆိုသော လူရှိခဲ့ဖူးတယ် ဒါပေမဲ့ မဖြစ်နိုင်ခဲ့တဲ့ အချစ်ဉီးဆီက ထွက်ပြေးခဲ့ပေမဲ့ ဘယ်ကြောင့်များ ပြန်ပေါ်လာရတာလဲ လှ...