" အစ်ကိုလေး ! ! !!! ! အစ်ကိုလေး ... အစ်ကိုလေးရေ မမလေး မရှိတော့ဘူး မမလေးအခန်းထဲမှာ မရှိတော့ဘူး တစ်အိမ်လုံးလဲ လိုက်ရှာတာ နှံ့နေပြီ မတွေ့ဘူး အဝတ်အစားတွေရော အသုံးအဆောင်တွေပါ မရှိတော့ဘူး အစ်ကိုလေး ... မမလေးကို ဘယ်လိုက်ရှာကြမလဲ! !! "
ခြေတွေလက်တွေရော လှုပ်ရမ်းကာ အိမ်ဇောက်ထိုးမိုးမျှော်ဖြစ်သလို မမတင်စာကြည့်ခန်းအဝကနေ အော်ပြောလိုက်သည့် အသံ၏ကျယ်လောင်မှုကြောင့် ခွန်းအုပ်စိုး ခုံအောက်၌ ငုတ်ထုတ်အိပ်နေရင်းမှ နိုးသွားခဲ့ပါသည်။တစ်ညလုံး ဝီစကီနှစ်ပုလင်းအား ရေရောနှောခြင်းမရှိပဲသောက်ကာ ဝိုင်ပြင်းတစ်ဝက်လောက်ကိုပါ ထပ်အကူခေါ်ထားတော့ လူကိုယ်မှာ တော်ရုံဖြင့် မထနိုင်ခဲ့ပါ။ခေါင်းတစ်ခုလုံး တူဖြင့်ထုရိုက်ခံရိုက်ခံထားရသလို ကိုက်ခဲနေပါသော်လည်း မမတင်စကားက လူကိုပိုပြီး သွေးနထင်အထိ ဆောင့် တက်စေခဲ့ပါသည်။ခွန်းအုပ်စိုး ကြမ်းပြင်ပေါ်တွင် ဖြစ်သလိုထိုင်နေရာမှ ခုံကိုလက်ထောက်ပြီး သူကိုယ်သူ မနိုင်မနည်းပြန်မပြီး ထသည့်တိုင်အောင် ယိုင်နဲ့နေဆဲ။မမတင်မှာလည်း မနက်စောစော အသက်နွယ်အဝတ်တွေ မီးပူတိုက်ပြီး အခန်းထဲက အဝတ်ဗီရိုထဲသွားအထား ဗလာကျင်းဖြစ်နေသော အဝတ်ဗီရိုကြောင့် လန့်သွားခဲ့ရပါသည်။ခြံထဲမှာများရှိမလားအထင်ဖြင့် အခန်းစေ့ အိမ်ကလူတွေ လိုက်ရှာကြပေမဲ့ မတွေ့ခဲ့။မမလေးကလည်း အလုပ်စောသွားရမယ်ဆိုရက်တောင် ကြီးစိန်မဟုတ်ရင်တောင် အိမ်ကလူတစ်ယောက်ယောက်ကို ကြိုပြောနေကြပါ။ ယခုလို အစအနမချန်အောင် ဖျောက်သွားသည်ဆိုထဲက သွေးရိုးသားရိုးမဟုတ်တာ သေချာသည်မို့ အစ်ကိုလေးကို လာပြောပြတော့လည်း သူအခြေအနေမှာ ကိုယ့်တစ်ခါမှမမြင်ဘူးသည့် ပုံစံဖြစ်နေခဲ့ပါသည်။
" မတင် .... အန်တီဘာပြောလိုက်တာလဲ "
" အစ်ကိုလေး မမလေးမရှိတော့ဘူး မမတင် မနက်က အခန်းထဲ အဝတ်သွားထည့်ပေးတော့ မမလေးဝတ်နေကျ အင်ကျီတွေ တစ်ထည်မှမရှိတော့ဘူး "
" ပန်းခြံဘက်တွေရော ရှာပြီးပြီလား "
" ဟုတ်တယ် ... အစ်ကိုလေး ဒီမှာ "
YOU ARE READING
Because Of First Love ( အချစ်ဉီးကြောင့်သာ) Completed
Romansaပါဝင်သော အကြောင်းရာများမှာ စိတ်ကူးယဉ် အရေးသားများသာဖြစ်သည်။ လူတိုင်းမှာ တစ်ကြိမ်တစ်ခါမှတော့ အချစ်စစ်မတွေ့ခင် ပထမဆုံးနေရာဝင်ယူတတ်တဲ့ အချစ်ဉီးဆိုသော လူရှိခဲ့ဖူးတယ် ဒါပေမဲ့ မဖြစ်နိုင်ခဲ့တဲ့ အချစ်ဉီးဆီက ထွက်ပြေးခဲ့ပေမဲ့ ဘယ်ကြောင့်များ ပြန်ပေါ်လာရတာလဲ လှ...