အခန်းတစ်ခန်းထဲ၌ အပူပြင်းများဖြင့် ရမက်တင်းနှောနေကြသော ယော်ကျားနဲ့ မိန်းမ ။ပြင်းထန်ပြီး တစ်ဖက်လူရဲ့ ခံနိုင်ရည်ကို မျက်ကွယ်ပြုကာ ကိုယ်ရဲ့ စိတ်သာယာမှုကိုသာ အဓိကထားနေခဲ့သည်။ညှာတာမှုမရှိဘဲ ညှင်းပန်းခံနေရပေမဲ့ ထိုသူသာဖြစ်ပါက ရှိသမျှအားကို တင်းပြီး အိပ်ရာပေါ်တွင် လက်သီးဆုပ်ပြီးသာ ငြိမ်ခံနေမိသည်။ဘယ်လောက်ပဲ အိပ်ရာထက်တွင် ထိုလူရဲ့အာသီသကို ဖြေပေးဖြေပေး ထိုလူဆီက အကြင်နာအနမ်းတပွင့်ကိုတော့မရဖူးသေး။အဲ့လို ပတ်သတ်မှုနဲ့ ကျွန်မကတော့ သူအတွက် အထက်တန်းအပျော်မယ်သာသာ။
" ခွန်း....အာ့..!!! အား ရပ်ပါတော့ မနက်ဖြန် ဆုပန် ရှုတင်ရှိသေးတယ် "
" မင်းပဲပြောတော့ ကိုယ့်စိတ်ကြိုက်ဆို Condom တွေတောင် ဝယ်လာပြီးတော့ "
" ဒါမဲ့...ဒီနေ့..အ့...အရမ်းကြမ်းနေတယ်လေ "
ဆုပန်ပြောတာလဲ မမှားနေ့လည်က အသက်နွယ်နဲ့ သူရည်းစားကြည်နှုးနေတာကို မြင်ပြီး စိတ်ကလုံးဝမထိန်းနိုင်။သူမ ကိုယ်ရှေ့မှာသာ လက်ထပ်ဖို့ စဉ်းစားမယ်ပြောပြီး နောက်ကွယ်မှာတော့ Pre Wedding ပုံတောင်ရိုက်နေကြသည်။သူမစိတ်ထဲမှာ ကိုယ်နဲ့ကိစ္စကို လုံးဝ စီစဉ်ထားပုံမရ။ခွန်းအုပ်စိုး ဆုပန်ကို ပြုမူနေတာတွေရပ်ပြီး ကုတင်ပေါ် ကျောမှီကာ လက်နှစ်ဖက်ကို ခေါင်းအုံးရင်း တွေးနေခြင်းဖြစ်သည်။ဆုပန်ကတော့ သူရင်ခွင်ထဲအတင်း တိုးဝင်ပြီး လက်တွေနဲ့ လျှောက်ဆော့နေသော်လည်း စိတ်လုံးဝ မလှုပ်ရှား။မျက်လုံးထဲတွင် အသက်နွယ်၏ ငယ်စဉ်က စကားပြောပုံလေးတွေ ရယ်ပြနေတဲ့ နှုတ်ခမ်းတွေကို ဘယ်လိုပြန်လုပ်ယူရမလဲ ဆိုတာကိုသာ တွေးနေမိသည်။ထိုမျှသာမက သူမပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့ စကားလေးရဲ့ ကြာရှည်မှုကလည်း အခုလောက်ပဲလားလို့ စဉ်းစားရပြန်သည်။
" ခွန်း... ဒီနေ့ Condition သိပ်မကောင်ဘူးထင်တယ် ဘာလဲ ဆုပန်ရဲ့ kiss sense TVမှာ လွှင့်ပြီးတာ ကြည့်မိလို့လား "
ဆုပန် ချွဲသံလေးနဲ့ မေးနေသည်ကို ခွန်းအုပ်စိုး reply မပြန်ခဲ့။ဆုပန်သည် နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကလေးဘဝထဲက သူမရဲ့ ရုပ်ရည်ချောမောမှုကြောင့် နာမည်ရသူဖြစ်သည်။ body shapeရော မျက်နှာ visual ကလည်း သူများနဲ့မတူပဲ အနောက်တိုင်းစတိုင်ဆိုတော့ ရုပ်ရှင်လောကရဲ့ ထိပ်တမ်းမင်းသမီးစရင်းဝင် သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်တော့ ကားတိုင်းပေါက်၏ ။ခွန်းအုပ်စိုးနှင့် လွန်ခဲ့သော ငါးလလောက်က Barဖွင့်ပွဲတစ်ခုမှာတွေ့ပြီး တစ်ညအတူကုန်ဆုံးရင်းက ချစ်တယ်လို့လဲမပြောပဲ တွဲရအောင်ဆိုသော စကားနဲ့သာ ပတ်သတ်ခဲ့ခြင်းပင်။တခြားသူတွေကဲ့သို့ Date စရာလဲမလို ခရီးတွေလည်းထွက်လို့မရတော့ လုံးဝချုပ်ချယ်မှုကင်းတဲ့ ဆက်ဆံရေးပါ။တွေ့ချင်တဲ့အခါတိုင်း Hotel သူမတိုက်ခန်းမှာသာ တွေ့ပြီး အိပ်တာမှတပါး တခြားရည်းစားတွေလိုမရှိ။ငွေမက်လို့လာကပ်တာလည်း မဟုတ်တော့ ဆုပန်ကိုသာ အတည်တွဲဖြစ်သည်။
YOU ARE READING
Because Of First Love ( အချစ်ဉီးကြောင့်သာ) Completed
Romansaပါဝင်သော အကြောင်းရာများမှာ စိတ်ကူးယဉ် အရေးသားများသာဖြစ်သည်။ လူတိုင်းမှာ တစ်ကြိမ်တစ်ခါမှတော့ အချစ်စစ်မတွေ့ခင် ပထမဆုံးနေရာဝင်ယူတတ်တဲ့ အချစ်ဉီးဆိုသော လူရှိခဲ့ဖူးတယ် ဒါပေမဲ့ မဖြစ်နိုင်ခဲ့တဲ့ အချစ်ဉီးဆီက ထွက်ပြေးခဲ့ပေမဲ့ ဘယ်ကြောင့်များ ပြန်ပေါ်လာရတာလဲ လှ...