" ဒီနေ့လေးက အရမ်းထူးခြားလွန်းလို့ ဆုပန် ရက်စွဲထဲမှာ သေချာမှတ်ထားချင်လိုက်တာ ဘာလို့လဲသိလား ... ခွန်းက ဆုပန်နဲ့ချိန်းပြီး ပျော်စရာ အချိန်တွေကို ကုန်ဆုံးကြတော့မှာ မို့လို့လေ "
" အင်း .... မင်းပျော်ဖို့အရေးကြီးတယ် "
ပုလင်းထဲမှ အနီရောင်ဝိုင်စက်တို့သည့် ခွက်ထဲသို့ တစ်စက်စက် ကျရောက်သွားလျှင်ပင် ခွက်ထဲ၌ စက်ဝိုင်းပုံ ဝဲဂရက်များ တစ်ရစ်ရစ်ထလာခဲ့ပါသည်။လှုပ်ရှားဟန်တိုင်းက စိတ်တဇဆန်လှပြီး မျက်လုံးတို့မှာလည်း တည်ငြိမ်ရွေ့လျားမှုမရှိစွာဖြင့် ဝိုင်ထည့်နေသူသည် ခွန်းအုပ်စိုးဖြစ်၏ ။ဆုပန်မှာ သူမအား တစ်ခါမှအဖက်လုပ် တရေးတယူစကားမပြောသော ခွန်းအုပ်စိုးမှ ဟိုတယ်အထိ ခေါ်လာပြီး bodyguard နှစ်ယောက်အား အခန်းရှေ့မှာပါ စောင့်ခိုင်းထားသည်မို့ ဘာတွေဖြစ်မလဲအထင်ဖြင့် ပျော်နေရှာသည်။သူမကတော့ ဇိမ်ခံဟိုတယ်ခန်းထဲ ပတ်ကြည့်ရင်း စိတ်လှုပ်ရှားနေသော်ငှားလည်း ခွန်းအုပ်စိုးကတော့ ငြိမ်ချက်သားကောင်းနေခဲ့သည်။သူအနေနဲ့ မှာထားသော ဝိုင်ပုလင်းထဲမှ ဝိုင်ရည်များကို ခွက်ထဲထည့်လျက် ဆုပန်ကို စိုက်ကြည့်နေရုံကလွဲလို့ ဘာမှလှုပ်ရှားခြင်းမရှိ။ဒါကို အခြေအနေ အဆင်ပြေသွားပြီးဖြစ်တာကြောင့် အပျော်ကဲစွာ ဆုပန် ခွန်းအုပ်စိုး ဘေးဝင်ထိုင်ပြီး သူ၏ကြယ်သီးများကိုဖြုတ်ရင်း သူဆီအပြည့်အဝပါလာစေရန် ဆွဲဆောင်ပါတော့သည်။
" ခွန်း ဒီကိုခေါ်လာတယ်ဆိုတော့ ဆုပန်အပေါ် နားလည်သွားပြီပေါ့နော် အစက ဆုပန်စိတ်ထဲလေးနေတာ အခုတော့ ...."
" အရင်ဆုံး ငါတို့ တစ်ခွက်လောက်သောက်ပြီး တစ်ယောက်ကိုတစ်ယောက် ဂုဏ်ပြုလိုက်ကြမလား "
" အင်း "
ဆုပန်စကားကို ဖြတ်ပြောပြီး ခွန်းအုပ်စိုး ဝိုင်ခွက်အား ကမ်းပေးခဲ့သည်ကို သူမကတော့ အသာတကြီးလက်ခံလျက် ခွက်ချင်းတိုက်ခဲ့ပါသည်။အကြောင်းအရင်း မသိနိုင်သော မျက်နှာအနေအထားဖြင့် ဘယ်ကြောင့်ဟူ၍ မမေးနိုင်သော ခွန်းအုပ်စိုးရဲ့ မျက်မှောင်ခပ်ကြုံကြုံ မျက်လုံးတို့ကြောင့် ဆုပန် ဝိုင်ကိုမော့သောက်ခဲ့ပါတော့သည်။ထိုတော့မှ ခွန်းအုပ်စိုး မြိန်မြိန်ရှက်ရှက် ပြုံးရယ်လျက် ဆုပန်အား ဂျင်းထဲကျက်ထဲ တွန်းပို့သည့် မေးခွန်းကို မေးခဲ့သည်။မေးနေစဉ် လက်သီးတွေကိုလည်း အကြောများ တဖျင်းဖျင်းထအောင် ဆုပ်ထားကာ လူတစ်ယောက်ကို ထိုးသတ်တော့မည် ကျွဲတစ်ကောင်အလား ဟန်ရေးပြင်နေတော့သည်။ဆုပန်ကတော့ ခွန်းအုပ်စိုးအမေးကို ကြားလျှင်ကြားချင်ပဲ သူမရဲ့အသက်မှာ သေမင်းတံခါးဝသို့ ရောက်ရှိနေပြီးကို လွှားခနဲ ခံစားမိလိုက်ပါသည်။
YOU ARE READING
Because Of First Love ( အချစ်ဉီးကြောင့်သာ) Completed
Romansaပါဝင်သော အကြောင်းရာများမှာ စိတ်ကူးယဉ် အရေးသားများသာဖြစ်သည်။ လူတိုင်းမှာ တစ်ကြိမ်တစ်ခါမှတော့ အချစ်စစ်မတွေ့ခင် ပထမဆုံးနေရာဝင်ယူတတ်တဲ့ အချစ်ဉီးဆိုသော လူရှိခဲ့ဖူးတယ် ဒါပေမဲ့ မဖြစ်နိုင်ခဲ့တဲ့ အချစ်ဉီးဆီက ထွက်ပြေးခဲ့ပေမဲ့ ဘယ်ကြောင့်များ ပြန်ပေါ်လာရတာလဲ လှ...