အရင်က လူတွေပြောကျတဲ့ စကားတစ်ခွန်းကို အသက်နွယ် လက်မခံနိုင်ခဲ့ဘူး။အဲ့တာက လူတစ်ယောက်ရဲ့ တစ်နေ့တာက အချစ်ရှိတာနဲ့ မရှိတာမတူဘူးတဲ့။ကိုယ်ရဲ့တစ်နေ့တာမှာ ချစ်ရတဲ့သူအကြောင်းတွေးရုံနဲ့တင် ဘဝအမောတွေတွေပြေစေတယ်တဲ့။အဲ့စကားတွေကို အသက်နွယ် အပိုပြောတယ်လိုသာ သတ်မှတ်ထားခဲ့တာပါ။ဒါပေမဲ့ ခုနေအဲ့စကားသာ မှန်တယ်လိုပြောရင် ကိုယ်ဘက်ကိုယ်ရပ်သလိုများဖြစ်သွားမလား ။အလုပ်တွေဘယ်လောက်ပဲ လုပ်ရလုပ်ရ သူနဲ့တွေ့ရမည်ဆိုရင် အသက်နွယ် မပင်ပန်းနိုင်ပါ။မနေ့ညကတောင် ခွန်းအုပ်စိုးကို ရုံးကပြန်ရန်အတင်း တိုက်တွန်းရပါသည်။အလုပ်က ညည့်နက်မှပြန်ရောက်တော့ အသက်နွယ် သူအခန်းဘက်ဆီတောင် မလှည့်နိုင်ပဲ ကုတင်ပေါ်ပြေးတတ်ပြီးသာ အိပ်ပြစ်လိုက်သည်။အသက်နွယ် မိုးလင်း အိပ်ရာထတာနှင့်အရင်သူအခန်းဘက် သွားကြည့်တော့ ခွန်းအုပ်စိုး မရှိတော့ပါ။အဲ့တာနဲ့ကိုယ်လည်း မနက်စာစားဖို့ အောက်ထပ်ဆင်းလာခဲ့သည်။
" မမလေး နိုးပြီလား လာထိုင်...မမတင် မနက်စာပြင်ပေးမယ် အစ်ကိုလေးတော့ အလုပ်သွားပြီး ဒီနေ့က လကုန်ရက်ဆိုတော့ သူအလုပ်များတယ်လေ "
မမတင်မှ အသက်နွယ် မီးဖိုခန်းထဲ ဝင်လာတာကို မြင်တာနဲ့ ပြောလိုက်ပါသည်။
" ဟုတ်လား သမီးအိပ်နေလို့ထင်တယ် သူမပြောသွားဘူး "
" အခုမှ သတိရတယ် အစ်ကိုလေး မှာသွားတယ် မမလေးနိုးရင် ကားလွတ်ပေးလိုက်မယ်တဲ့ Company လာခဲ့ပါတဲ့ "
" ဒီနေ့ အလုပ်နားတယ်ဆိုတာ သူသိတယ်ထင်တယ် မမတင် သမီးကို မနက်စာ ပေါင်မုန့် နဲ့ကောင်ဖီပဲ ပြင်ပေးတော့ မြန်မြန်စားပြီး သူဆီသွားမလို့ "
" ဒါနဲ့ မမလေးတို့ ပြန်အဆင်ပြေသွားကြပြီမလား မနေ့က အစ်ကိုလေးပြန်လာတော့ အရမ်းပျော်နေတာ "
" ဟုတ်တယ် မမတင် သမီးတို့ အဆင်ပြေသွားကြပြီး "
" တော်ပါသေးရဲ့ကွယ် ကြီးစိန်ရော မမတင်ပါ ဘေးကနေ ကြည့်ရင်း စိတ်ပူနေရတာ နောက်ဆို အခုလို ထွက်မသွားရဘူးနော် "
" ဟုတ်ကဲ့ပါ မမတင်ရဲ့ "
အသက်နွယ် မမတင်ပြင်ပေးသော မနက်စာအား ပါးစပ်ထဲ အသားကုန် သွတ်သွင်းစားပြီး အခန်းဆီပြန်ပြီး အဝတ်တွေတစ်ထည်ပြီး တစ်ထည်ရွေးပါတော့သည်။စိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းတုန်းက အဝတ်ထုပ်ကိုလည်း ခွန်းအုပ်စိုး မနေ့ကသွားပြန်ယူပေးထားတာကြောင့် အသက်နွယ် အဝတ်ရွေးရတာသိပ်စိုးရိမ်စရာ မလိုတော့။စိုးရိမ်စရာမလိုဘူးသာဆိုတာ ဗီရိုထဲက အဝတ်တွေ ထုတ်ကြည့်ရင်း အသက်နွယ် စိတ်တိုင်းမကျပါ။ဟိုအင်ကျီက ကျပ်တယ် ဟိုစကပ်က မလှဘူးနှင့် မြင်မြင်သမျှ မကျေနပ်နိုင်။နောက်ဆုံး ရွေးရင်းနှင့် ကြံရာမရတဲ့အဆုံး ဟိုတလောကမှ ဝယ်ထားသော အင်ကျီးခါးတိုကိုကျပ်နှင့် စကတ်အရှည်အဝဲလေးသာ ရွေးလိုက်ပါသည်။ရေကိုလည်း ဒီနေ့မှ အကြာကြီးချိုးပြီး မျက်နှာကိုလည်း အသက်နွယ် ပြင်မဆုံးဖြစ်နေပါသည်။သူရှေ့ ဘာမှမလိမ်းထားသလိုနှင့် လှချင်တာ ကိုယ့်လောဘများလား။ဆံပင်ကိုလည်း မြှောက်စီးလိုက် ချလိုက်နှင့် ဘာလုပ်ရမှန်းမသိ။ဝေခွဲမရသော ပြင်ဆင်မှုတွေရဲ့ ရလဒ်ကတော့ အစိမ်းနုရောင်ပေါ်တွင် ပန်းအသေးများပုံဖော်ထားသော ဝမ်းဆက် အင်ကျီစကတ်လေးနှင့် ဆံပင်ကို အောက်နားနှစ်ဖက်ခွဲထုံး၍ ဖွတ်ဖိနပ်အဖြူရောင်ကိုသာရွေးချယ်လိုက်ခြင်းသာ ဖြစ်ပါသည်။
YOU ARE READING
Because Of First Love ( အချစ်ဉီးကြောင့်သာ) Completed
Romanceပါဝင်သော အကြောင်းရာများမှာ စိတ်ကူးယဉ် အရေးသားများသာဖြစ်သည်။ လူတိုင်းမှာ တစ်ကြိမ်တစ်ခါမှတော့ အချစ်စစ်မတွေ့ခင် ပထမဆုံးနေရာဝင်ယူတတ်တဲ့ အချစ်ဉီးဆိုသော လူရှိခဲ့ဖူးတယ် ဒါပေမဲ့ မဖြစ်နိုင်ခဲ့တဲ့ အချစ်ဉီးဆီက ထွက်ပြေးခဲ့ပေမဲ့ ဘယ်ကြောင့်များ ပြန်ပေါ်လာရတာလဲ လှ...