ထိုသို့မဖြစ်ပျက်မီ နေ့လည်ပိုင်းအချိန်တွင်.......
" အစ်မသက်နွယ်တော့ မသိဘူး ဝတ်ရည်တော့ တော်တော်စိတ်လှုပ်ရှားမိတယ် သိလား "
" အစ်မရောပဲ "
" ဟုတ်လို့လားအစ်မရယ်...ပုံစံကလုံးဝ idolလိုပဲ "
" မဟုတ်ရပါဘူး ဝတ်ရည်သာ မသိသာ အစ်မလဲ ဝတ်ရည်တို့ အရွယ်ကဆို နေရာတကာစိတ်လှုပ်ရှားနေတာ "
Taxi ပေါ်တွင် အသက်နွယ်နှင့် သူမရိုက်ကူးရေးသို့ အဖော်လိုက်ပေးသော အလုပ်ကောင်မလေး ဝတ်ရည်တို့ စကားပြောနေခြင်းဖြစ်သည်။ခါတိုင်းဆိုရင် ရိုက်ကူးရေးမှာ ပိတ်ရက်သာ ရိုက်ကူးဖြစ်ပေမဲ့ ဒီနေ့တော့ အစီစဉ်လူကြည့်များစေရန် Promotion video အတိုလေး ရိုက်ကူးမည်ဆို့လို့ အသက်နွယ် ထွက်လာလိုက်ပါသည်။သူဌေးမကလည်း အသက်နွယ် ထိုအစီစဉ်တွင်ပါဝင်ပြီးနောက်ပိုင်း သူ Radio Channel အား လူသိများလာတော့ ရိုက်ကူးရေးနှင့် ပတ်သတ်လျှင် အမြဲအသားတကြည့်ပင်။အစီစဉ်တွင် စရိုက်လဲထဲက လူသိများလာသော်လည်း အသက်နွယ်ကတော့ ကိုယ်သဘောကျသော အသံထုတ်လွှင့်မှုပိုင်းတွင်လည်း လစ်ဟင်းခြင်းမရှိချေ။ထိုကြောင့် မနက်ပိုင်းအစီစဉ်အားလုံးအတွက် ပြင်ဆင်ပြီးမှ အလုပ်သင်ကောင်မလေးနှင့်အတူ ထွက်လာခဲ့ပါသည်။အမြဲလိုက်နေကျ မိုးသန့်ကတော့ သူအလုပ်တွေ တောင်လိုပုံနေတော့ သူဌေးမက ဝတ်ရည်ကိုသာ အဖော်ထည့်ပေးလိုက်သည်။ရိုက်ကူးရေးတွင်လည်း အဖော်တစ်ယောက်လောက်ပါမှပါ မဟုတ်ရင် သူတို့ကြားတွင် ကြောင်တောင်တောင်ဖြစ်ရသည်။
" ဝတ်ရည်လေ...အစ်မသက်နွယ်ကို အရမ်းအားကျတာပဲ အသံသွင်းတိုင်း စာသားတွေကို ရွှတ်နေတာမတူပဲ တစ်ယောက်ယောက်ကို စကားပြောနေသလိုမျိုး အစ်မဘာကြောင့် ဒီအလုပ်ကို လုပ်ချင်တာလဲဟမ် "
ဝတ်ရည်စကားကြောင့် အသက်နွယ် ကိုယ့်အလုပ်သင်ဘဝကိုတောင် ပြန်သတိရသွားသည်။ကိုယ်လည်း သူမလိုမျိုး အားကျပြီး အရမ်းဖြစ်ချင်စိတ်တွေ ပြင်းပြခဲ့ရတယ်လေ။အသက်တောင် မပြည့်သေးပဲ ရေဒီယိုဌာနမှာ သန့်ရှင်းတောင် လုပ်မယ်လို့ပြောပြီး အလုပ်ဝင်ခဲ့သော ကိုယ်ကိုလည်း ပြန်ရယ်မိသည်။အဲ့တုန်းကသာ အသက်17နှစ်အရွယ် ကိုယ့်ကို သူဌေးမသာ မယုံကြည့်ခဲ့ရင် အခုလိုနေ့ရက်တွေကို ရောက်လာမှာတောင်မဟုတ်ဘူး။ဝတ်ရည်ကလည်း ကိုယ်လို ဒီနယ်ပယ်ကို အရမ်းနှစ်သက်တဲ့သူဆိုတော့ သူမကြိုးစားချင်စိတ်ပိုရှိအောင် အသက်နွယ် အားပေးမိပါသည်။
YOU ARE READING
Because Of First Love ( အချစ်ဉီးကြောင့်သာ) Completed
Romantiekပါဝင်သော အကြောင်းရာများမှာ စိတ်ကူးယဉ် အရေးသားများသာဖြစ်သည်။ လူတိုင်းမှာ တစ်ကြိမ်တစ်ခါမှတော့ အချစ်စစ်မတွေ့ခင် ပထမဆုံးနေရာဝင်ယူတတ်တဲ့ အချစ်ဉီးဆိုသော လူရှိခဲ့ဖူးတယ် ဒါပေမဲ့ မဖြစ်နိုင်ခဲ့တဲ့ အချစ်ဉီးဆီက ထွက်ပြေးခဲ့ပေမဲ့ ဘယ်ကြောင့်များ ပြန်ပေါ်လာရတာလဲ လှ...