" ငါ ဒါကြီးဝတ်ပြီး အပြင်ဘယ်လိုထွက်ရမလဲ ကိုကိုကလဲ အခုလိုအဝတ်စားတွေ ကြိုက်တယ်တဲ့ စိတ်ညစ်လိုက်တာ ဆုချမယ်လို့ပြောမိတဲ့ ငါကိုက မှားတာ ဘယ်လိုလုပ်ရပါ့လိမ့် "
အသက်နွယ် အရောင်းဆိုင်အဝတ်လဲခန်းထဲ၌ ခွန်းအုပ်စိုး ရွေးချယ်ပေးသော ညဝတ်အင်ကျီအား စမ်းဝတ်ကြည့်ရင်း မုန်ထဲမှ ကိုယ်ပုံကြောင့် အပြင်ထွက်ရမှာ မလုံမလဲဖြစ်နေပါသည်။ပြောင်ချော်ချော် ဖဲသားအနီရောင်ကိုမှ လက်တကြိုးသာဖြစ်ပြီး လည်ပင်းအဟိုက်ကလည်း ရင်ညွှန့်အစပ်နားထိခွဲထားပါသည်။ထိုဂါဝန်၏ အရှည့်မှာလည်း ပေါင်တောင်မကျော်တော့ အသက်နွယ် အောက်ကိုအတင်းဆွဲချရင်းဖြင့်သာ စိတ်ကျဉ်းကျပ်နေရသည်။အနီရောင် ပိတ်ပေါ်တွင်လည်း အနက်ရောင် ဇာပန်းခတ်များဖြင့် တန်ဆာဆင်ချုပ်လုပ်ထားသော ထိုညအိပ်ဝတ်စုံသည် အင်မတန်စျေးကြီးလှ၏ ။ကလေးအင်ကျီလောက်သာ ရှိသော ထိုဝတ်စုံအား အီတလီပိုးသားဖြင့် လုပ်သည်ဟု အမည်တပ်ကာ ရှင်းတာတောင် ဒေါ်လာစျေးအတိုင်းတွက်ချက်ပြီး ရှင်းရပါသည်။အသက်နွယ် အခုလို စျေးကြီးဝတ်စုံကြီးကို ကိုယ်ပေါ်တင်ထားရုံနဲ့တင် စျေးတွက်ပြီး သွေးတတ်ရသည်။
~~~ ကျွီ ~~~
အဝတ်လဲခန်းတံခါးကို သူသဘောနှင့်သူ တံခါးတောင် မခေါက်ပဲ ဝင်လာသော ခွန်းအုပ်စိုးကြောင့် အသက်နွယ် သူမရင်ကိုဖုံးပြီး တိုနှံ့နေသော ဂါဝန်စကို ဆွဲချလိုက်ပြီး ဟိုဖုံးဒီဖုံးလုပ်ရင်း အရှက်ပိုနေပါသည်။သေချာတာပေါ့ ခွန်းအုပ်စိုး ဝင်ချင်တယ်ဆိုပါက ဆိုင်ဝန်ထမ်းမပြောနှင့် သူကြားမင်းဆင်းတားတောင် ရမည်မဟုတ်ပါလား။
" နွယ်လေးရယ် ဘာတွေဖုံးနေတာလဲ ကိုကိုတို့က လင်မယားပဲဟာကို တစ်ယောက်ကိုတစ်ယောက် ကြည့်လို့ရပါတယ် "
" ကိုကို ဘာလို့ဝင်လာတာလဲ "
" နွယ်လေးက ကြာနေတာကို မစောင့်နိုင်တာနဲ့ ဝင်လာတာ "
ခွန်းအုပ်စိုး နံရံကိုကျောမှီလျက် လက်ပိုက်ကာ ဖြေလိုက်ပါသည်။အသက်နွယ်လည်း သူမကိုယ်ပေါ်က အင်ကျီကို တစ်ချက်ပြန်ငုံကြည့်ပြီး မေးလိုက်ပါသည်။
YOU ARE READING
Because Of First Love ( အချစ်ဉီးကြောင့်သာ) Completed
Romanceပါဝင်သော အကြောင်းရာများမှာ စိတ်ကူးယဉ် အရေးသားများသာဖြစ်သည်။ လူတိုင်းမှာ တစ်ကြိမ်တစ်ခါမှတော့ အချစ်စစ်မတွေ့ခင် ပထမဆုံးနေရာဝင်ယူတတ်တဲ့ အချစ်ဉီးဆိုသော လူရှိခဲ့ဖူးတယ် ဒါပေမဲ့ မဖြစ်နိုင်ခဲ့တဲ့ အချစ်ဉီးဆီက ထွက်ပြေးခဲ့ပေမဲ့ ဘယ်ကြောင့်များ ပြန်ပေါ်လာရတာလဲ လှ...