အသက်နွယ်တို့ မဂ်လာဆောင်ပြီး နောက်ရက်မှာတော့ ဖော်ရွှေပျုငှာသော ရွာလေးကို လက်ပြနှုတ်ဆက်၍ နေရပ်ဌာနေဆီသို့ ပြန်လာခဲ့ကြပါသည်။တော်ဝင်ဆန်ပြီး အလှတရားတွေသည် တိုင်းနိုင်ငံတွင် ရှိပေမဲ့ တစ်မျိုးတစ်ဖုံ သူနည်းသူဟန်ဖြင့် သာယာလှသော Switzerland နိုင်ငံကို အသက်နွယ် အမြဲအမှတ်ရနေပါမှာ။နောက်ပြီး သူနှင့် လက်ထက်ဂတိပြုခဲ့ဖူးတဲ့ ထိုရွာလေးကိုလည်း တမ်းတအမှတ်နေတော့မည်။အသက်နွယ်တို့ မြန်မာနိုင်ငံပြန်ရောက်တာနဲ့ ခွန်းအုပ်စိုးကတော့ သူရဲ့လုပ်ငန်းအတွက် စီမံကိန်းများ အသေးစိတ်ရေးဆွဲရင်း Switzerland project ကို တစိုက်မတ်မတ် အောင်မြင်ဖို့ စတင်လုပ်ဆောင်ပါသည်။ကျောင်းတုန်းထဲက IQ 100ကျော်ပြီး ကျောင်းစကော့်လားရှစ်တွေရော သချာ်အိုလံပစ်ပြိုင်ပွဲတွေပါ ဝင်ပြိုင်နိုင်ခဲ့သည့်အထိ စာတော်သော ခွန်းအုပ်စိုးမှာ လုပ်ငန်းလုပ်တော့လည်း အပြစ်ရှာစရာမရှိအောင်လုပ်ကိုင်တတ်သည်။
တစ်ခုခုကို Focus ထားလုပ်ရင် ထမင်းမေ့ဟင်းမေ့လုပ်တတ်သူဖြစ်တာကြောင့် အသက်နွယ် ကြီးစိန်ကို သေချာမှာပြီး ထမင်းပြင်ပေးဖို့ ပြောထားတော့ သူအခုနောက်ပိုင်း နေ့လည်စာကို ရုံးမှာစားကာ ညစာတော့သေချာစားရှာသည်။အသက်နွယ်လည်း ခွင့်ရက်ရှည်ယူထား၍ အလုပ်ပျက်ခဲ့သမျှကို သူဌေးမထံ မျက်နှာပြပြီး အချော့သတ်ရမည်ဖြစ်တာကြောင့် သူမဆီသို့ ရောက်နေခဲ့ပါသည်။
" သူဌေး ကျွန်မကို ဒီကြားထဲ သတိရရဲ့လား "
ရုံးခန်းတံခါးကို အသံတိတ်ဖွင့်ပြီး ကပ်ဖားရပ်ဖားလုပ်ရန် အသက်နွယ် ဝင်သွားလိုက်ပါေတာ့သည်။
" တစ်ပတ်လောက်ပျောက်သွားတာ ပေါ်လာသေးတယ်နော် အစ်မသက်နွယ် "
" ဟီး..ဟီး သူဌေးကလဲ ကျွန်မက ငါးရက်ထဲ ခွင့်ယူတာပါ ဒီပိတ်ရက်နဲ့ တိုက်သွားလို့ အလုပ်စဆင်းတဲ့နေ့ကျ program ငါးခု record သွင်းပေးမယ် Ok "
" ရပါတယ်အေ့ ဒါနဲ့အမေရော သက်သာရဲ့လား "
အသက်နွယ် လိမ်ထားသည်ကို သူဌေးမမှ တကယ်စိတ်ပူပေးနေတော့ အားနာရသည်။ပထမနှစ်ကျောင်းသူကလေးကို သူမရုံးတွင် အလုပ်ခန့်ပေးပြီး သေချာဂရုစိုက်ပေးသော သူဌေးမဟာ အသက်နွယ်နှင့် မိုးသန့်အတွက်တော့ ကျေးဇူးရှင်တစ်ယောက်ပါ။အဲ့တာကြောင့်လည်း လစာပိုပေးတာတောင် တခြား Channel တွေမပြောင်းပဲ သူမထံတွင် နှစ်အကြာကြီး လုပ်နေတာဖြစ်သည်။ကိုယ်စိတ်ပျော်တာကြောင့်လည်း ပါပါသည်။
YOU ARE READING
Because Of First Love ( အချစ်ဉီးကြောင့်သာ) Completed
Romanceပါဝင်သော အကြောင်းရာများမှာ စိတ်ကူးယဉ် အရေးသားများသာဖြစ်သည်။ လူတိုင်းမှာ တစ်ကြိမ်တစ်ခါမှတော့ အချစ်စစ်မတွေ့ခင် ပထမဆုံးနေရာဝင်ယူတတ်တဲ့ အချစ်ဉီးဆိုသော လူရှိခဲ့ဖူးတယ် ဒါပေမဲ့ မဖြစ်နိုင်ခဲ့တဲ့ အချစ်ဉီးဆီက ထွက်ပြေးခဲ့ပေမဲ့ ဘယ်ကြောင့်များ ပြန်ပေါ်လာရတာလဲ လှ...