လုံ့လဝရီယရှိပြီး ရုန်းကန်လှုပ်ရှားမှုနှင့် နေသားတကျရှိနေကြသော Switzerland လူမျိုးတို့အတွက်ကတော့ မနက် 5နာရီ အချိန်မှာ စောလွန်းသည်ဟု မဆိုနိုင်ပေ။သို့ပေမဲ့ အသက်နွယ်အတွက်ကတော့ ထိုအချိန်သည် အလွန်အင်မတန်မှ စောလွန်းလှပါသည်။အဒန်းနေထိုင်သော ဇူးရစ်ချ်မြို့သည် စီးပွားရေးအချက်ချာမြို့ဖြစ်ပြီး ထိုမြို့သို့ သွားရန် မီးရထားဖြင့် သွားရမည်ဖြစ်သည်။မြို့ကို ရောက်ရင်လည်း ရွာဘက်သို့ ကားတဆင့်စီးရမည်ဖြစ်တာကြောင့် ခွန်းအုပ်စိုးမှာ မနက်စောစောထသွားရန် စီစဉ်ထားပါသည်။သူကသာ ဇွဲကောင်းကောင်းနှင့် ခရီးအတွက်ပြင်ဆင်နေတာ အသက်နွယ်ကတော့ ကုတင်ပေါ်မှ မထသေးပါ။တညလုံး အိပ်တာကလည်း နာရီလက်တံလို လည်ထွက်နေပြီး ကိုယ်ကိုလည်း ခဏခဏကန်သလားမမေးနဲ့။ညက သူမကို အိပ်ရာပေါ်ခေါ်မိတာသာ ကိုယ်အမှားပါ။
" အသက်နွယ်... မင်းမထသေးရင်း ငါထားခဲ့မှာနော် "
ခွန်းအုပ်စိုး ကျောပိုးအိတ်ထဲသို့ လိုအပ်တာများထည့်၍ သူကိုယ်တိုင်လည်း အင်ကျီဝတ်စားရင်း ကာလနဂါးကြီး မိအသက်နွယ်အား နိုးနေရပါသည်။
" စောသေးတာကို အဘိုးကြီးလိုမျိုး ပြောနေတာတွေ ရပ်လိုက်ပါတော့ အခုထတော့မှာမို့ ရှင့်အပေါက်ကြီး ပိတ်ထားပါတော့လား "
" အချိန် 5 မိနစ်ပဲရမယ် 5 မိနစ်အတွင်း မင်းရေချိုး ပြင်ဆင်ဖို့က 5မနစ် ငါသိပ်မစောင့်ဘူးနော် မင်းမြန်မြန်မလုပ်ရင် ငါအခန်းပန်အပ်ပြီး ထားခဲ့မှာ "
" ခွေးအုပ်ဆိုး! !! အရှုးကောင် ရှင် ဘယ်အချိန်ကျမှ ကျွန်မကို ဒုက္ခပေးတာရပ်မှာလဲ "
" မင်းအခုလို ပြောနေမဲ့အစား အမြန်သွားပြင်ဆင်လိုက်ပါလား "
" အခုလုပ်မှာပါ "
အသက်နွယ် တတွတ်တွတ် ပြောရင်း ရေချိုးခန်းထဲ ဝင်သွားပြီး ပြင်ဆင်နေရပါတော့သည်။သူပေးသော အချိန်ကြီးအတိုင်း ဆပ်ပြာသည် လင်ပျောက်သကဲ့သို့ ပြင်ဆင်ပြီး ဗန်းမြို့ရဲ့ မီးရထားဘူတာသို့ နှစ်ယောက်သား ကျောပိုးအိတ် တစ်ယောက်တစ်လုံးစီ လွယ်ပြီး အမြန်ပြေးကြရသည်။ဘူတာရုံမှာ Hotel နှင့် သိပ်မဝေးတာကြောင့် အသက်နွယ်တို့ 15မိနစ်လောက် ပြေးလွှားရင်း ရောက်လာခဲ့ကြသည်။ဟိုရောက်တော့ ဘာသာစကားကျွမ်းကျင်တဲ့သူကပဲ လက်မှတ်တန်းစီးပြီး အသက်နွယ်ကတော့ Switzerland ရဲ့ လှပသော ပုံရိပ်လေးတွေကို ဖုန်းတစ်လုံးနှင့် လိုက်လံဖမ်းယူးနေရင်း မအားလပ်နိုင်ခဲ့ပါ။ Switzerland နိုင်ငံသည် လှပသော သဘာဝရှုခင်းများရှိသည့်အပြင် သန့်ရှင်းအေးမြသော လေကောင်းလေသန့်ရနိုင်တာကြောင့် ကျန်းမာရေးချိုတဲ့သူများ၏ သွားရောက်နေထိုင်ရာနေရာဖြစ်ပြီး လည်ပတ်စရာအကောင်းဆုံးနိုင်ငံလည်းဖြစ်ပါသည်။ဘူတာရုံလေးဖြစ်တာတောင် စျေးဆိုင်ငယ်လေးတွေဖြင့် အမှိုက်ရှင်းလင်းနေသော ထိုနေရာအား အသက်နွယ်လှည့်ပတ်ကြည့်ရှုရင်း စိတ်ထဲအေးချမ်းမှုများကို ခံစားရပါသည်။ထိုနိုင်ငံ၏ မြို့ပြနေရာမှ လေထုကတောင် ယခုလို လန်းဆန်းစေတာ တောရွာများဆို ဘယ်လောက်တောင် သာယာလိုက်မလဲ။
YOU ARE READING
Because Of First Love ( အချစ်ဉီးကြောင့်သာ) Completed
Romanceပါဝင်သော အကြောင်းရာများမှာ စိတ်ကူးယဉ် အရေးသားများသာဖြစ်သည်။ လူတိုင်းမှာ တစ်ကြိမ်တစ်ခါမှတော့ အချစ်စစ်မတွေ့ခင် ပထမဆုံးနေရာဝင်ယူတတ်တဲ့ အချစ်ဉီးဆိုသော လူရှိခဲ့ဖူးတယ် ဒါပေမဲ့ မဖြစ်နိုင်ခဲ့တဲ့ အချစ်ဉီးဆီက ထွက်ပြေးခဲ့ပေမဲ့ ဘယ်ကြောင့်များ ပြန်ပေါ်လာရတာလဲ လှ...