သံလွင်မြစ်၏ မြစ်လက်တက်ဖြစ်သော ဇော်ဂျီမြစ်ရဲ့ တောင်မှမြောက်သို့ ဖြတ်သန်းစီးဆင်းနေသော မြစ်ဝှမ်း၌တည်ရှိသည့် အေးချမ်းဆိတ်ငြိမ်သော မြို့လေးလို့ပြောရင်တော့ ပင်းတယမြို့လေးကိုသာ လိုက်လံ့ပြသရပေလိမ့်မည်။ပင်းတယမြို့သည် အရှေ့ဘက်တွင် အရှေ့ဘက်တွင် ကုန်းမြင့်လွင်ပြင်ကြီးရှိပြီး အနောက်ဘက်မှာတော့ ပေ 5000 ကြောျမွငျ့သညျ့ တောင်တန်းကြီးများ၏ ခြေရင်းတွင် တည်ရှိနေခြင်းဖြစ်သည်။ ပင်းတယမြို့လို့ပြောလိုက်သည်နှင့် လူတိုင်းမျက်လုံးထဲ စမြင်လာသည့်အရာကတော့ နတ်သမီးခုနှစ်ဖော်ရေကစားခဲ့ကြသော ပုတ်တလုတ်ကန်ကြီးပဲ မဟုတ်ပါလား။ထိုမျှသမကသေးပါဘူး ပင်းတယမြို့တွင်သာ အများဆုံးပေါက်ရောက်လေ့ရှိသည့် ညောင်ကြတ်ပင်တန်းကြီးတွေကလည်း ထိုမြို့လေးရဲ့အလှကို ပိုမိုသိသာထင်ရှားစေပါသည်။နောက်ပြီး မြို့လေးရဲ့ အနောက်ဘက်ဆီသို့ တစ်မိုင်လောက် ရှေ့ဆက်သွားလိုက်ပါက တောင်စောင်းပေါ်တွင် ဆောင်းတန်အသွယ်သွယ် ရွှေရောင်တဝင်းဝင်းဖြင့် ရွှေဉမင်လှိုင်ဂူတော်ကြီးကိုလည်း သွားရောက်ဖူးမြော်နိုင်ပါသည်။
ပင်းတယမြို့လေးမှာ အကျယ်အဝန်းအရ လက်တစ်ဆုပ်စာလောက်သာရှိပြီး အခြားသော မြို့တွေလို မကျယ်ဝန်းလှပေမဲ့ ရှုခင်းလှပတင့်တယ်မှုကတော့ ထိုင်ငိုရလောက်ပါသည်။တစ်နည်းအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိသည့် မြို့ငယ်လေးလို ဆိုရမှာဖြစ်သော်လည်း နိုင်ငံခြားသားဧည့်သည်များကို ဆွဲဆောင်နိုင်သော မြိို့တစ်ခုလို့ ထပ်မံဆိုရမည်ဆိုလျှင်းလည်း မမှားပေ။ထိုကြောင့် မြို့လည်၌ တည်ရှိသော နတ်သမီးခုနှစ်ဖော့ရေကစားကန်ဖြစ်သည့် ပုတ်တလုတ်ရွာကန်ကြီးရယ် ၊ ပေ 490 ရှည်လျားပြီး တောင်နံရံအမြင့်ပေ 4000 ကျော်ရှိသည့် ဘုရားဆင်းတုတော် မြောက်မြားစွာရှိကာ ပင်းတမြို့ကို အပေါ်စီးမှ မြင်နိုင်သော ရွှေဉမင်လှိုင်ဂူတော်ကြီးရယ် ၊ သက်တမ်းရင်သန့်လျက် အခက်အလက်များဖြာကျကာ ပင်စည်တုပ်ခိုင်သော ညောင်ကြတ်ပင်ကြီးများနှင့် ရုပ်ကလပ်မပုတ်မသိုး မဆွေးမမြေ့သော ကုံလုံဆရာတော်ကြီးရဲ့ကျောင်းရယ်ဆိုရင်တော့ ထိုမြို့လေးအကြောင်းကို လူတိုင်းနီးပါးမသိသူမရှိသလောက် ဖြစ်ပါလိ်မ့်မည်။အသက်နွယ် ဒီမြို့လေးက အခြားသောအရာတွေထက် ပိုပြီးအမှတ်တရရှိလှပါသည်။အသက်နွယ်ကို ရန်ကုန်မှာမွေးခဲ့တယ်ဆိုပေမဲ့ ဖေဖေရဲ့အလုပ်ကြောင့် အသက်နွယ် တစ်နှစ်သမီးအရွယ်မှာ ပင်းတယမြို့ကို ယာယီတစ်နှစ်ပြောင်းနေဖူးပါသည်။မြို့လိုဆိုတာထက် ရွာတွေပိုများတာကြောင့် အဖေက ပုတ်တလုတ်ရွာလေးမှာ တာဝန်ကျခဲ့ပါသည်။
YOU ARE READING
Because Of First Love ( အချစ်ဉီးကြောင့်သာ) Completed
Romanceပါဝင်သော အကြောင်းရာများမှာ စိတ်ကူးယဉ် အရေးသားများသာဖြစ်သည်။ လူတိုင်းမှာ တစ်ကြိမ်တစ်ခါမှတော့ အချစ်စစ်မတွေ့ခင် ပထမဆုံးနေရာဝင်ယူတတ်တဲ့ အချစ်ဉီးဆိုသော လူရှိခဲ့ဖူးတယ် ဒါပေမဲ့ မဖြစ်နိုင်ခဲ့တဲ့ အချစ်ဉီးဆီက ထွက်ပြေးခဲ့ပေမဲ့ ဘယ်ကြောင့်များ ပြန်ပေါ်လာရတာလဲ လှ...