Two

1.3K 129 21
                                    

[Zawgyi]

"ခစ် ခစ် ခစ်"

ခြံထဲ က သစ်ပင်ကြီး အောက်မှာ ထိုင်ပြီး ဆော့နေကြတဲ့ ကလေး ၃ ယောက် ။ ၃ နှစ်သားလေး ၂ ယောက် က ၂ နှစ်သားကလေး ရဲ့ ပါး‌ဖောင်းဖောင်း လေး ကို လက်ညှိုးလေး နဲ့ တို့တို့ပြီး စနေတာ ။ အဲ့ဒါကို ၂ နှစ်သားလေး က သဘောကျနေတယ် ။ ပြီးတော့ လက်ညှိုး တရမ်းရမ်း နဲ့ ၃ နှစ်သား လေး တွေ ရဲ့ ပါး ကို ထိုးဖို့ ကြိုးစားနေတယ် ။ ဒါပေမဲ့ ထိုးလို့ မရတော့ ရယ်သံလေး ပျောက်ပြီး မျက်နှာလေး မဲ့လာတယ် ။ သူ့ပါး‌ဖောင်းလေး ကိုပဲ လက်ညှိုး နဲ့ ထိုးတာ ခံနေရပြီး သူ က ပြန်ထိုးလို့ မမှီဘူးလေ ။ ဒါကြောင့် ၂ နှစ်သားလေး စိတ်တိုလာတယ် ။

"အီးးးးဟီးးးးဟီးးးး"

ရုတ်တရက် အာခေါင်ခြစ်ပြီး ထငိုတဲ့ ၂ နှစ်သားလေးကြောင့် ၃ နှစ်သားလေး ၂ ယောက် ကြောင်သွားတယ် ။ ခုနကထိ တခစ်ခစ် ရယ်နေခဲ့တာမလား ။ မျက်လုံး ဝိုင်းဝိုင်းနဲ့ ကောင်ကလေး က ၂ နှစ်သားလေး ရဲ့ မျက်ရည် တွေ ကို အတင်းသုတ်ပေးတယ် ။ မျက်လုံး မှေး‌မှေး နဲ့ ကောင်ကလေး က ၂ နှစ်သားလေး ရဲ့ ကျောလေး ကို ပုတ်ပြီး ချော့တယ် ။ တတ်သလောက် မှတ်သလောက်ပေါ့ ။ ဆရာမ ရောက်လာရင် သူတို့ရဲ့ ကလေးလေး ကို ခေါ်သွားမှာ စိုးတယ် ။ ဒါပေမဲ့လည်း ကလေးလေး က ငိုနေတုန်းပဲ ။ ငိုသံကြားလို့ ပြေးထွက်လာတဲ့ ဆရာမ ကို မြင်တော့ မျက်လုံး ဝိုင်းဝိုင်း နဲ့ ကောင်လေး က ကလေးလေး ပါးစပ် ကို လက် နဲ့ အုပ်လိုက်တယ် ။ ဒါက ပိုပြီး ၂ နှစ်သားလေး ကို စိတ်တိုစေတယ် ။ အာခေါင်ခြစ် မအော်ရတဲ့အခါ အုပ်တဲ့ လက် ကို ကိုက်ပစ်လိုက်တယ် ။

"အီးးး ဟီးးး နာရယ် ရို့ ရွတ် ရွတ် ကရေးရေး"

မျက်လုံးဝိုင်းဝိုင်း နဲ့ ကောင်လေး ရဲ့ အော်ငိုသံကြောင့် ကလေးလေး က လက်ကို ကိုက်ထားတာ ကို လန့်ပြီး လွှတ်ပေးတယ် ။ ပြီးတော့ သူပါ ထပ်ငိုတယ် ။ ဆရာမ က အနားရောက်လာတော့ မျက်လုံး မှေးမှေး နဲ့ ကောင်လေး ကပါ ထပ်အော်ငိုတယ် ။ ဆရာမ ခမျာ ငိုနေတဲ့ ကလေး ၃ ယောက်ကြား ဗျာများသွားတယ် ။
၂ နှစ်သားလေး ကို အရင် ကောက်ချီပြီး ခေါ်သွားလိုက်တော့ အနောက်ကနေ ငိုရင်း လိုက်လာကြတဲ့ ၃ နှစ်သားလေး ၂ ယောက် ။ ၂ နှစ်သားလေး ဂေဟာ ကို ရောက်တာ ၃ လ ရှိပြီ ။ ဒီအတောအတွင်း ၃ နစ်သားကလေး နှစ်ယောက် က ၂ နှစ်သားလေး နဲ့ အမြဲ အတူတူ ရှိနေခဲ့တာ ။ အိပ်ရင်လည်း ၂ နှစ်သားလေး ကို သူတို့ အလယ် မှာထားပြီး အိပ်တယ် ။ ဒါ က ရေစက် လို့ပဲ ပြောရမယ် ။ သူတို့ သုံးယောက် ရဲ့ ရေစက် ပေါ့ ။

လိပ်ပြာလည်ကလေး 🦋Where stories live. Discover now