[Zawgyi]
အချိန်တွေ ကုန်လွန်လာတာ ၂ နှစ်.....
ကွတ်ကီး နဲ့ ဂျီလေး တို့ က အသက် ၅ နှစ် ကလေးလေး က အသက် ၄ နှစ် သုံးယောက်ကြားထဲက သံယောဇဉ်ကြိုးလေးကလည်း စတင်ပြီးခဲ့ပြီ ။ အသက်လေး ၁ နှစ် ပဲ ကွာပေမဲ့ ကလေးလေး အပေါ်မှာတော့ ဂရုတစိုက် အလျှော့ပေးကြတယ် ။ စကားတွေ ပြောတတ်လာတာ နဲ့ အမျှ ကလေးလေး ကို ခေါ်တဲ့ အမည်နာမတွေ ကလည်း အမျိုးမျိုးပဲ ။ စိတ်ထဲရှိသလို ခေါ်နေကြတာပဲ ။
အခု တူတူပုန်းတမ်း ကစားနေကြတယ် ။ ကလေးလေး က ကွတ်ကီး နဲ့ ဂျီလေး ကို လိုက်ရှာရမယ့်အလှည့် ။ ကလေးလေး လိုက်ရမယ့် အလှည့်ဆို အလွယ်တကူ ရှာတွေ့နိုင်လောက်မယ့် နေရာမှာပဲ ပုန်းကြတယ် ။ ရှာမတွေ့ရင်လည်း ကလေးလေး က ဆက်မရှာတော့ဘဲ တခြားသူတွေ နဲ့ သွားဆော့တတ်တာကိုး ။ ပုန်းနေတဲ့သူ တွေ က အရူးလိုမျိုးပဲ ။"ရုံအောင် ပုန်းရော် ထယ်ထယ် ရာရှာပြီ"
ကလေးလေး က စရှာတဲ့အကြောင်း အော်ပြီး အသိပေးတယ် ။ အတူတူပုန်းနေကြတဲ့ ကွတ်ကီး နဲ့ ဂျီလေး က သူတို့ကို ရှာမတွေ့မှာကို စိုးရိမ်နေတယ် ။ ကလေးလေး က သူတို့ အနားရောက်လာပေမယ့် မတွေ့သွားဘူး ထင်တယ် ။ သူတို့နား တဝိုက်မှာပဲ တဝဲလည်လည် ပတ်ရှာနေတယ် ။ ကြာလာတော့ ကလေးလေး မျက်ခုံးတွေ တွန့်လာပြီး မျက်နှာ မဲ့ချင်လာတယ် ။
"ကွတ်ရေး ရေ ဘယ်မှာရဲ ထယ်ထယ် ရာနေပြီရော်"
အလည်လေး က သူ့ဘာသာသူ ရှာမတွေ့တာတောင် ဖြဲခြောက်တတ်သေးတယ် ။ ကွတ်လေး လို့ ခေါ်လိုက်ကတည်း က ကွတ်ကီး က ပုန်းနေရာက ထွက်ချင်နေပြီ ။ ဂျီလေး က အတင်းဆွဲထားတယ် ။
"ဂီရေးရေ ထယ်ထယ် အနား ကို ရောက်နေပြီရော်"
ဂျီလေး လို့ ခေါ်သံကြားတာ နဲ့ ကွတ်ကီး ကို အနောက်ကို တွန်းပြီး ဂျီလေး က ထွက်လာတယ် ။ ကလေးလေး က တွေ့သွားပြီး ဝမ်းသာအားရ နဲ့ သစ်ပင်ကြီး ကို သွားပုတ်တယ် ။
"ရုတ် ရုတ် ရုတ် ဂီရေး ကို မိပြီ"
ဘုတ် ဘုတ် ဘုတ် လို့ အော်တာကို စကားသိပ်မပီတော့ ရုတ် ရုတ် ရုတ် ဖြစ်နေတယ် ။ ဂျီလေး က သူ အရင် အမိခံလိုက်ရတာ ကို ဝမ်းသာနေတယ် ။ အလည်လေး က ကွတ်ကီး ပုန်းတဲ့နေရာ ကို ဂျီလေး ကို တိုးတိုးလေး မေးတယ် ။ ပြောပြလိုက်တော့ လုံးလုံး လုံးလုံး နဲ့ ပြေးသွားတယ် ။
![](https://img.wattpad.com/cover/298615255-288-k169436.jpg)
YOU ARE READING
လိပ်ပြာလည်ကလေး 🦋
FanfictionJeon Jung Kook x Kim Tae Hyung Min Yoon Gi x Park Jimin Started Date-17.1.2022(11:47 pm)