Seven

992 105 19
                                    

[Unicode]

အိမ်ကြီး ကို ရောက်တာ ၁ လ ပြည့်ပြီ ။ ဂေဟာ ကို လည်း ကင်မ်ဦးလေးကြီး က ကွတ်ကီး နဲ့ ဂျီလေး ကို မွေးစားမယ့်အကြောင်း သွား အသိပေးပြီးပြီ ။ အခုဆို အကောင်းစား ကျောင်းကြီး မှာ ကွတ်ကီး ဂျီလေး နဲ့ ထယ်ထယ် တို့ တူတူ တက်နေရပြီ ။ ဒါတောင် ထယ်ထယ် က ကျောင်းမတက်ချင်တော့ပါဘူး ဆိုပြီး ငိုယိုဂျီကျ သေးတယ် ။ အိမ်ကြီး မှာပဲ နေချင်လို့ လိုက်လာတာပါ ဆိုပြီးလည်း ပြောသေးတယ် ။ ဒါနဲ့ ကင်မ်ဦးလေးကြီး က ကျောင်းမှန်မှန်တက်ပြီး စာကြိုးစားရင် အိမ်ကြီး ကို အပိုင်ပေးမယ် လို့ ပြောလိုက် မှ ထယ်ထယ် က ကြည်ကြည်သာသာ ကျောင်းတက်တော့တယ် ။

ဒီနေ့က ကျောင်းပိတ်ရက် ဆိုတော့ ထယ်ထယ် ကွတ်ကီး နဲ့ ဂျီလေး တို့ သုံးယောက် ခြံကြီးထဲမှာ ဘောလုံး ကန်နေကြတယ် ။ တကယ်က ဘောလုံးကန်တယ်ဆိုတာထက် ထယ်ထယ် ကန်တဲ့ ဘောလုံး ကို လိုက်ကောက်ပေးနေရတာက များပါတယ် ။ ဘောလုံးသာ မကန်တတ်တာ ထယ်ထယ် ကန်ပြတာ ကို ကြည့်နေ ထယ်ထယ် ကန်တဲ့အတိုင်း လိုက်ကန် ဆိုပြီး ဆရာကြီး လုပ်သေးတာ ။ ကွတ်ကီး နဲ့ ဂျီလေး ကတော့ ထယ်ထယ် ပြောသမျှ လိုက်လုပ်နေရပေမဲ့ ကြာတော့ စိတ်တိုချင်လာပြီလေ ။ ဘောလုံးကန်ကြမယ် ဆိုပြီး ထယ်ထယ် က စပြောလို့ ထွက်ဆော့ကြတာ ။ ဒါပေမဲ့ ထယ်ထယ် က ချည်း ဘောလုံး ကန်နေပြီး နှစ်ယောက်လုံး က ဘောလုံး ကောက်ပေးနေရတာမို့ စိတ်ကလေး နည်းနည်း တိုလာတာပေါ့ ။

"ငါ မပါတော့ဘူး အိမ်ထဲမှာပဲ ဆော့တော့မယ်" -ဂျီလေး

"ဘာလို့လဲ ဂျီလေး ရဲ့ ထယ်ထယ် နဲ့ တူတူ ကန်မယ်လေ"-ထယ်ထယ်

"ကလေးလေး ပဲ ကန်နေတာလေ ကိုကို တို့က တခါမှ မကန်ရသေးဘူးလေ" -ကွတ်ကီး

"ဟုတ်ရားပဲ မေ့လို့ ဘောလုံး က ကန်လို့ ကောင်းရို့ မေ့သွားတာရော် ဒါဆို ကွတ်လေး နဲ့ ဂျီလေး ကန် ထယ်ထယ် ဘောလုံး ကောက်ပေးမယ်ရော်" -ထယ်ထယ်

"ပြီးရော"-ဂျီလေး

"ကလေးလေး ဘာသာ ပြောတာနော် ပြီးမှ အော်မငိုနဲ့နော်"-ကွတ်ကီး

"ငိုပါဘူး ထယ်ထယ် က အကျင့်ကောင်းပါရယ်"-ထယ်ထယ်

"ဒါဆို ဂျီလေး မင်း နဲ့ ငါ ကန်မယ် စပြီနော်"-ကွတ်ကီး

လိပ်ပြာလည်ကလေး 🦋Where stories live. Discover now