Ten

826 89 23
                                    

[Unicode]
အရေးပေါ်ခွဲစိတ်ခန်းထဲက ထွက်လာတဲ့ ဆရာဝန်တွေ။ ကင်မ်ယောင်းမင်း ချက်ချင်း အနားသွားကာ မေးမိတော့ ပြန်ဖြေလာတဲ့ အဖြေ‌က နည်းနည်း စိတ်အေးသွားစေတယ်။ ဆေးရုံကို ချက်ချင်း တန်းလာခဲ့တာမို့ လီဘိုရာ ကိုတောင် အကြောင်းမကြားမိသေး။ စိတ်အခြေအနေပြန်အဆင်ပြေတာ မကြာသေးတဲ့ လီဘိုရာ က သား အခုလိုမျိုးဖြစ်သွားတာသိရင် အရင်လို ပြန်ဖြစ်မှာ စိုးရသေးတယ်။

သိပ်မကြာခင်မှာ ခွဲစိတ်ခန်းထဲကနေ ထွက်လာတဲ့ ဘီးတပ်ကုတင်လေး။ သား ခေါင်းမှာ ဖွေးဖွေးဖြူနေတဲ့ ပတ်တီးတွေက ကင်မ်ယောင်းမင်းစိတ် ကို နာကျင်စေတယ်။ အခုကျတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသလိုပုံမျိုးလေး နဲ့ ငြိမ်သက်နေတဲ့ သူ့သားလေး။ သား ကို ထားရမယ့် VIP အခန်းဆီ ဘေးကနေ လိုက်သွားရင်း မင်ဟို ကို လှမ်းတွေ့တာမို့ ခဏရပ်နေလိုက်တယ်။

"အခြေအနေ ဘယ်လိုလဲ"

"အားလုံးရှင်းသွားပြီ ခေါင်းဆောင်"

"အင်း ဟိုကလေး နှစ်ယောက်ရော"

"ဟင် ခေါင်းဆောင် နဲ့ ပါသွားတာ မဟုတ်လား"

"ကျစ် မပါလာဘူး  ခုချက်ချင်း တွေ့အောင်သွားရှာလာခဲ့ ပြီးရင် တခါတည်း ဘိုရာ့ကိုပါ ဆေးရုံ ခေါ်လာ ကြားလား"

"ဟုတ်ကဲ့ပါ ခေါင်းဆောင် သွားခွင့်ပြုပါဦး"

ကင်မ်ယောင်းမင်း VIP အခန်းထဲ ဝင်လာရင်း သက်ပြင်းရှည်ကြီး ချလိုက်မိတယ်။ သားဇော နဲ့ သူ ဟိုကလေး နှစ်ယောက်ကို မေ့သွားတာ။ သူ့သားလောက်တော့ မဟုတ်ပေမယ့် သားကို တအားချစ်ပြီး အလိုလိုက် အနွံတာခံကြတဲ့ ကလေး နှစ်ယောက်ကို သူလည်း သံယောဇဉ်တော့ ရှိပါတယ်။

***********

မျက်ခွံလေးတွေ တလှုပ်လှုပ်နဲ့ တဖြည်းဖြည်းပွင့်လာတဲ့ မျက်လုံးလေးတွေ။ အပေါ်တည့်တည့်ကို ကြည့်နေပြီးမှ မျက်ဆံလေးတွေ လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ဟိုကြည့် ဒီကြည့် လိုက်ကြည့်တယ်။

ကင်မ်ယောင်းမင်း အခုမှ နိုးလာတဲ့ သား ရဲ့ လက်ကလေးကို ခပ်ဖွဖွလေး ကိုင်ရင်း ဘာလုပ်မလဲ ကြည့်နေမိတယ်။ သား အရင်ဆုံးမေးလာတာက သူထင်ထားတဲ့အတိုင်းပါပဲ။

လိပ်ပြာလည်ကလေး 🦋Where stories live. Discover now