Thirteen

526 41 2
                                    


ဆံပင်တုလေးစွပ်ပေးထားတာမို့ ခေါင်းလုံးလေးမှာ ဆံပင်အုပ်အုပ်လေးဖြစ်နေတာကို အရမ်းသဘောကျနေတဲ့ ထယ်ထယ်လေး။ လမ်းကို ခုန်ဆွ ခုန်ဆွလေး လျှောက်နေပြီး ဘေးတစ်ဖက်တစ်ချက်စီက ကွတ်ကီးနဲ့ ဂျီလေးကိုလည်း လှမ်းကြည့်ပြီး ရယ်ပြသေးတာ။

အချိုတွေစားလွန်းလို့ သွားပိုးစားပြီး ထယ်ထယ့် ရှေ့သွားလေးနှစ်ချောင်း မနေ့က ကျိုးသွားတာမို့ လေးထောင့်အပြုံးလေးထဲမှာ လေးထောင့်ပေါက်လေး ဖြစ်နေတော့တယ်။

ဆံပင်တု မရခင်တုန်းက ကျောင်းသွားခါနီး မနက်ခင်းတိုင်း ထယ်ထယ်ရဲ့ မနက်ချိန်ခါတေးသံသာ ဖြစ်သော ငိုသံစူးစူးကို ကြားရခဲ့တယ်။ ဒီနေ့မှာတော့ ထယ်ထယ့်ရဲ့ ခိုးခိုးခစ်ခစ်ရယ်သံလေးတွေသာ ညံနေတော့သည်။

ကွတ်ကီးနဲ့ ဂျီလေးကတော့ ခုန်ဆွဆွနဲ့ ပျော်နေတဲ့ သူတို့ကလေးလေးကို ကြည့်ပြီး မျက်နှာလေးတွေက ပြုံးရိပ်သန်းနေတယ်။ ကလေးလေးပျော်နေရင် သူတို့လည်း အလိုလိုပျော်တယ် မဟုတ်ပါလား။

အသက်ကလေးသိပ်မကွာသည့်တိုင် ဒီသေးသေးလေး ဂေဟာကို စရောက်လာတဲ့နေ့ကတည်းက သူတို့က အရမ်းသဘောကျခဲ့ရတာ။ အရမ်းချစ်ခဲ့ရတာ။ အငိုရွဲ အချွဲတုံးလေးကလည်း ရောက်လာကတည်းက သူတို့ကို နိုင်စားခဲ့တာပါ။

"ထယ်ထယ့်အခန်းရှေ့ရောက်ရာပြီ အာဘွားယူတော့ဘူးလား ကွတ်ရေး"

ထယ်ထယ့် ခပ်စူးစူးအသံလေးကြားမှ ကွတ်ကီးရဲ့ အတွေးလေးတွေ ပြတ်တောက်သွားရသည်။ ရှေ့သွားလေးတွေ ကျိုးသွားတော့ အရင်က မပီတဲ့စကားက အခု ပိုမပီဖြစ်လာတာ။

နှုတ်ခမ်းစူထော်နေတဲ့ ကလေးလေးရဲ့ ပါးဖောင်းလေးကို အရင်ငုံ့နမ်းပြီးမှ သူ့ပါးလေးကို ထိုးပေးလိုက်တယ်။ ကလေးလေးက နှုတ်ခမ်းအိအိလေးကို သူ့ပါးဆီ ထိကပ်လာပြီး နှစ်ချက်ဆင့်ကာ အနမ်းပေးသည်။

"ခစ် ခစ် ကွတ်ရေးပါးက အိအိရေးပဲ ထယ်ထယ့်ပါးရေးကရော အိလားရော်"

"အိတာပေါ့ ကလေးလေးရဲ့ ကိုကိုတို့ နေ့လည်ကျ လာမယ်နော် မုန့်ယူထားပြီးပြီလား"

"ဟုတ် ဒီမှာရေ ဂျီရေး ထည့်ပေးထားရာ"

ကျောပိုးအိတ်လေးကို ပုတ်ပြရင်း ရယ်ကာ ပြောပြလာတဲ့ ကလေးလေး။

လိပ်ပြာလည်ကလေး 🦋Wo Geschichten leben. Entdecke jetzt