Nine

1K 110 12
                                    

[Unicode]

လီဘိုရာ သား ကို ကျောင်းသွားဖို့ အဆင်သင့် ပြင်ပေးပြီးပြီ မို့ လက်ကလေး ဆွဲပြီး ကား ဆီ လိုက်ပို့တယ် ။ သား က ‌ကျောင်းမသွားချင်တဲ့ပုံ နဲ့ ပေကပ်ကပ်လေး လုပ်နေကာ မလျှောက်ချင် လျှောက်ချင် နဲ့ လမ်း ကို လျှောက်တယ် ။ အနောက်က သားရဲ့ ကိုကို နှစ်ယောက် ကတော့ တက်တက်ကြွကြွ ပြုံးပြုံးရွှင်ရွှင် နဲ့ လိုက်လာတယ် ။ ကားတံခါးဖွင့်ပြီး တင်ပေးဖို့ ချီလိုက်တော့ သား က ငိုမဲ့မဲ့ နဲ့ စကားစတယ် ။

"ထယ်ထယ် ကျောင်းတက်ချင်ဘူး အဟင့် ထယ်ထယ့် စိတ်တွေ လေးနေရယ် လို့ "

"ကိုကို တို့လည်း တက်မှာလေ သားလေး ရဲ့ အိမ်မှာ တယောက်တည်း နေခဲ့မလို့လား"

"အဲ့လို ဟုတ်ဘူး ကွတ်လေး နဲ့ ဂျီလေး လည်း မတက်နဲ့ လို့ အဟင့် ထယ်ထယ့် စိတ်ကြီး လေးနေတယ်"

"မတက်ရင် အိမ်ကြီး ကို ကလေးလေး မပိုင်တော့ဘူးလေ" -ကွတ်ကီး

"ဟုတ်တယ် ဟုတ်တယ် " -ဂျီလေး

အကုန်လုံးက ကျောင်းတက်ဖို့ ကို အားသာနေတာမို့ သား မျက်နှာ က ငိုမဲ့မဲ့ ကနေ ဆူပုပ်ပုပ် ဖြစ်သွားတယ်။  ဂျီကျနေတာက အလုပ်မဖြစ်တာ သိသွားတော့ ချက်ချင်း မျက်နှာပေးလေး ပြောင်းသွားတယ် ။ လီဘိုရာ ချီဖို့ ပြင်လိုက်တော့ အချီမခံတော့ဘဲ ရုန်းပြီး ပြောတယ် ။

"ထယ်ထယ့် ဘာသာ တက်မယ် ထိနဲ့ ရူးမဂျီး"

ကားပေါ်ကို သူ့ဘာသာ ကုပ်ကတ်ပြီး တက်သွားတဲ့ စူပုပ်ပုပ် လုံးတုံးလေး ကို လီဘိုရာ့ မှာ အပြစ်မမြင်နိုင် ။ ကွတ်ကီး နဲ့ ဂျီလေး ကတော့ ကား ပေါ်ရောက်နှင့်နေပြီ ။ သား က ကားပေါ် ရောက်သွားတော့ ခုံပေါ် တက်ထိုင်ပြီး ဒရိုင်ဘာ ကို ပြောတယ် ။

"ဦးလေးကြီး မောင်းရော့ ဒီမှာ ကြာကြာနေချင်တော့ဘူး ဟူးးး"

"ဟုတ်ကဲ့ပါ သခင်လေး"

"သခင်ရေး ဟုတ်ဘူး ထယ်ထယ် ပါ ဦးနှောက် ကောင်းဖူးရား"

သား က သခင်လေး လို့ ခေါ်တာ မကြိုက်မှန်းသိတာမို့ ဒရိုင်ဘာ က စ တယ် ။ နှုတ်ခမ်း ကို စူထော်ပြီး ပြန်ရန်တွေ့တယ် ။ ဘေးနား က ကွတ်ကီး နဲ့ ဂျီလေး ကို လည်း ရမ်းတယ် ။

လိပ်ပြာလည်ကလေး 🦋Where stories live. Discover now