Four

1K 114 18
                                    

[Zawgyi]
ကွတ်ကီး နဲ့ ဂျီလေး တို့ အသက် ၇ နှစ်
ကလေးလေး အသက် ၆ နှစ်
ကလေးလေး မူလတန်း စတက်ပြီပေါ့ ။ ဝါလုံးလုံးလေး ဆိုတော့ လူချစ်လူခင် ပေါတယ် ။ ကလေးလေး ပိုဆိုးလို့ ကောင်းလာတာပေါ့ ။ နေ့လည်စာ စားချိန် ဆို ကွတ်ကီး နဲ့ ဂျီလေး က ကလေးလေး ဆီ သွားပြီး ထမင်း အတူတူ စားကြတယ် ။ ဂေဟာ က ထည့်ပေးတဲ့ နေ့လည်စာ က အမြဲတမ်းတော့ ဟင်း မကောင်းဘူးပေါ့ ။ အဲ့လိုအချိန်တွေ ဆို ကလေးလေး က ငိုမဲ့မဲ့ နဲ့ မစားချင် စားချင် စားရှာတယ် ။ ကလေးလေး ရဲ့ အကျင့်ကောင်းလေး က တခြားကလေးတွေ စားတာ ကို ဘယ်တော့မှ ငေးမကြည့်ပါ ။ သူ မြင်သွားလို့ စားချင်လာရင် ကွတ်ကီး နဲ့ ဂျီလေး ကို ပူဆာတတ်တယ် ။ အဲ့လိုအချိန်မျိုးကျ စုထားတဲ့ မုန့်ဖိုးလေးတွေ နဲ့ ဝယ်ကျွေးရတယ် ။

ဒီနေ့လည်း ကွတ်ကီး နဲ့ ဂျီလေး တို့ ကလေးလေးဆီ ကို နေ့လည်စာ စားဖို့ သွားတယ် ။ အတန်းထဲ က ထိုင်ခုံမှာ တယောက်တည်း ထိုင်ပြီး အာဗြဲကြီး နဲ့ အော်ငိုနေတဲ့ ကလေးလေး ။ နှစ်ယောက်သား အမြန်ပြေးသွားပြီး မေးတော့ ကလေးလေးထက် လူကောင်ကြီးတဲ့ ဝတုတ်လေး ကို လက်ညှိုး ထိုးပြပြီး တရစပ်တိုင်တယ် ။

"အီးးး ဟီးးး ထယ်ထယ့် ကို ဟီးးး အရမ်းဆိုးတယ် လို့ ပြောတယ် အီးးး ပြီးတော့ ထယ်ထယ် ဟီးး ဟီးး က ပေါက်ရွတ်ပဲစား တဲ့ အီးးးးးဟီးးးဟီးးး"

ကွတ်ကီး စိတ်ဆိုးသွားတယ် ။ ကလေးလေး က ဆိုးတာ မှန်ပေမယ့် ပေါက်လွတ်ပဲစား လို့ ပြောတာက အရမ်းလွန်တယ် ။ ဂျီလေး က ကလေးလေး ရဲ့ မျက်ရည်တွေ ကို သုတ်ပေးပြီး အငိုတိတ်အောင် ချော့နေတယ် ။ ကွတ်ကီး က သူငယ်ချင်းတွေ နဲ့ ထိုင်နေတဲ့ ဝတုတ်လေး ဆီ ထသွားတယ် ။

"ဒီမှာ ငါတို့ ကလေးလေး ကို ပြောတာ မင်းလား"

"ဘယ် က ကလေးလေး လဲ"

"အောင်မယ် ထယ်ထယ် လေ ထယ်ထယ့် ကို မင်း က ပေါက်လွတ်ပဲစား လို့ ပြောတယ် ဆို"

ဝတုတ်လေး ရဲ့ ခေါင်း ကို လက်ညှိုး နဲ့ ထိုးပြီး ကွတ်ကီး ကပြောတယ် ။ ဝတုတ်လေး ကလည်း ပြန်ပြောတယ် ။

"ထယ်ထယ် က အရင် စပြောတာ ထယ်ထယ် က အရင် ရန်စတာ"

"ထယ်ထယ် က ခင်လို့ ဝက်ကြီး လို့ စတာကို သူက ထယ်ထယ့် ကို ပေါက်ရွတ်ပဲစား လို့ ပြောတာ"

လိပ်ပြာလည်ကလေး 🦋Hikayelerin yaşadığı yer. Şimdi keşfedin