Eleven

749 67 17
                                    

[Unicode]
"ထယ်ထယ် ဒီမှာပဲ နေဦးမှာရော် ထယ်ထယ် နေကောင်းသေးဖူးရို့"

"ဟင့် ထယ်ထယ် ကျောင်းတက်ချင်ဖူးရို့ ဟင့်"

ဆေးရုံဆင်းဖို့ ထုတ်ပိုးပြင်ဆင်တာကိုမြင်တော့ အလည်လေး ထယ်ထယ်က ကုတင်ပေါ်ကနေ ခြေလေးဆင်းပြီး လီဘိုရာ့ကို လှမ်းပြောတယ်။ ခေါင်းက အနာကျက်ပြီး ချုပ်ရိုးတောင် ဖြေပြီးနေပြီကို ကျောင်းမတက်ချင်တော့ ဂျီကျ‌နေတာ။

"ကိုကိုတို့က ကျောင်းတက်နေတာကို ကလေးလေးက တယောက်တည်း မပျင်းဘူးလား"

လီဘိုရာ လုပ်လက်စမပျက်ဘဲ လှမ်းပြောတော့ ထယ်ထယ်လေးက ခေါင်းလေးစောင်းပြီး ချက်ချင်းပြန်ဖြေတော့တာ။

"ပျင်းပါဖူး ကွတ်ရေးနဲ့ ဂျီရေးက ကျောင်းတက်ပြီးရင် ထယ်ထယ့်ဆီ လာကြတယ်ရေ မုန့်တွေလည်း များကြီးဝယ်လာပေးတယ် ဒီမှာ ဆော့လို့လည်းရတယ်ရော်"

"ဟော ကိုကိုတို့က ကျောင်းမှာ ကလေးလေးလို ညီလေးကို ထပ်တွေ့ရင်ရော ဘယ်လိုလုပ်မလဲ"

"တွေ့ပါဖူး ဒီကမ္ဘာပေါ်မှာ ထယ်ထယ်က တယောက်ပဲ ရှိတာရေ ကွတ်ရေးနဲ့ ဂျီရေးက ထယ်ထယ့်ကိုပဲ ချစ်တာ တသက်ရုံး တူတူနေပြီး ထယ့်ထယ့်တပည့် လုပ်မှာတဲ့ရော် ရူးမဂျီး"

"ခုဆို ကလေးလေးကျောင်းမတက်တာ ဘယ်လောက်ကြာနေပြီလဲ ကိုကိုတို့က ကျောင်းမှန်မှန်တက်တော့ စာမေးပွဲအောင်သွားရင် ကျောင်းမှာ ကလေးလေးတယောက်တည်း ကျန်ခဲ့မှာ အဲ့ဒါဆို ဘယ်လိုလုပ်မှာလဲ"

ငြိမ်သွားတဲ့ သားဖြစ်သူကြောင့် လီဘိုရာ လုပ်လက်စတွေကို လက်စသတ်ရင်း လှမ်းကြည့်မိတော့ မျက်လုံးလေးထောင့်ကပ်ကာ စဉ်းစားနေတဲ့ အလည်လေး။ လီဘိုရာ ပြုံးပြီးကြည့်နေတုန်းမှာပဲ လီဘိုရာ့ဘက်ကို ခေါင်းလေး ချာကနဲ လှည့်လာပြီး နှုတ်ခမ်းထော်ကာ ပြောတော့တာ။

"ထယ်ထယ် ခေါင်းရှုပ်ရာပြီရော် ကွတ်ရေးနဲ့ ဂျီရေးက ထယ်ထယ်နဲ့ပဲ တူတူရှိမှာ ဖော် အဲ ဗျား (Forever) တယောက်တည်း ကျန်ခဲ့ဖူး လိုက်သွားမှာ စကားလာပြောတော့နဲ့ ထယ်ထယ် အိပ်ရော့မှာ"

အလည်လေးက သူပြောချင်တာပြောပြီးတော့ ကုတင်ပေါ် ပက်လက် လှဲချကာ မျက်လုံးတွေကို မှိတ်ပစ်တယ်။ သူ ဘာမှ ထပ်မကြားချင်တော့ပါဘူး ပေါ့။ လီဘိုရာကတော့ သားကို အူယားလွန်းလို့ သွားပြီး နမ်းပစ်လိုက်ချင်ပေမယ့် အလည်လေးက စိတ်ကောက်သွားတာမို့ ခေါင်းတရမ်းရမ်းနဲ့ပဲ ရယ်နေမိတော့တာ။

လိပ်ပြာလည်ကလေး 🦋Where stories live. Discover now