[Zawgyi]
ခြံဝင်း တံခါး ရဲ့ အရှေ့မှာ မတ်တပ်လေးရပ်ပြီး အော်ငိုနေတဲ့ ၂ နှစ်အရွယ် ကလေး တစ်ယောက် ။ အသံကုန်ခြစ်ပြီး အော်ငိုနေတာမို့ ခြံဝင်း ထဲမှာ ဆော့နေကြတဲ့ အရွယ်စုံ ကလေးတွေ အကုန် ခြံတံခါး နား ရောက်လာကြတယ် ။ ငိုနေတဲ့ ကလေးလေး ကို အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေတယ် ။ အဲ့အထဲက ၁၀ နှစ်အရွယ် ကလေး တစ်ယောက် က ဂေဟာ ထဲ က ဆရာမ တစ်ယောက် ကို သွားခေါ်တယ် ။ မြေကြီးပေါ် ထိုင်ပြီး ၂ ယောက်တည်း ဆော့နေကြတဲ့ ၃ နှစ် အရွယ် ကောင်လေး တွေ က လူစုနေတဲ့ နေရာ ကို ထိုင်နေလျက်က လှမ်းကြည့်နေတယ်။
"မေ အီးးးးဟီးးးဟီးးး မေ ရေ အီးးဟီးးဟီး"
ခြံတံခါး ဖွင့်ပြီး ဆရာမ က အာခေါင်ခြစ် ငိုနေတဲ့ ကလေးလေး ကို ပွေ့ချီလိုက်တယ် ။ သေချာကြည့်ရင် ကလေး လည်ပင်းမှာ "ထယ်ယောင်း" ဆိုတဲ့ နာမည် နဲ့ ပလက်တီနမ် ဆွဲကြိုးလေး ကို တွေ့နိုင်တယ် ။ ကလေးလေး က ဆရာမ လက်ထဲ ကနေ ကော့လန် ကာ တွန်းထိုး ရုန်းကန်ပြီး လိုက်လာတယ် ။ ဝိုင်းကြည့်နေတဲ့ ကလေးတွေ အကုန် ဆော့မြဲအတိုင်း ပြန်ဆော့နေကြတယ် ။ ဒီဂေဟာ ကို ကလေး တွေ ရောက်လာတာ က ထူးဆန်းတဲ့ ဖြစ်ရပ်မှ မဟုတ်တော့တာကိုး ။ထိုင်လျက်ကနေ လှမ်းကြည့်နေတဲ့ ကလေး ၂ ယောက် က ဆရာမ လက်ထဲ က ငိုနေတဲ့ ကလေးလေး ကို မြင်တော့ ကုန်းထတယ် ။ သူတို့ကို ကျော်ပြီး ဂေဟာထဲ ဝင်သွားတဲ့ ဆရာမ နောက် ကို နှစ်ယောက်သား လက်တွဲပြီး လုံးလုံး လုံးလုံး နဲ့ ပြေးလိုက်တယ် ။
ဂေဟာမှူး ရဲ့ အခန်းထဲကို ဝင်တော့မယ် ဆရာမ ကို အနောက်ကနေ လှမ်းခေါ်ကြတယ် ။
"ချာမ ချာမ တား တို့ကို ချောင့် ဦး"
ဆရာမ က အနောက်ကနေ လိုက်လာတဲ့ ကလေးလေး ၂ ယောက် ကို ပြုံးပြီး မေးတယ် ။
"ဘာဖြစ်လို့လဲ ကွတ်ကီး နဲ့ ဂျီလေး"
"ကရေးရေး က နိုနေ ရို့ ရေ"
မျက်လုံးဝိုင်းဝိုင်း နဲ့ ကောင်လေး က ငိုတာ ခဏ ရပ်သွားတဲ့ သူတို့ကို စူးစမ်းသလိုကြည့်နေတဲ့ ကလေးလေး ကို လက်ညှိုးထိုးပြီး ပြောတယ် ။ ဆရာမ က သဘောကျသလို ပြုံးပြီး မေးလိုက်တယ် ။

YOU ARE READING
လိပ်ပြာလည်ကလေး 🦋
FanfictionJeon Jung Kook x Kim Tae Hyung Min Yoon Gi x Park Jimin Started Date-17.1.2022(11:47 pm)