Five

1K 119 27
                                    

[Zawgyi]
ကလေးလေး နဲ့ အတူတူ ဖြတ်သန်းရတဲ့ နေ့ရက်တိုင်း က ကွတ်ကီး နဲ့ ဂျီလေး တို့အတွက် အဓိပ္ပါယ် ရှိတယ် ။ ကလေးလေး ကို ကြီးပြင်းလာအောင် စောင့်ရှောက်ပြီး သုံးယောက် အတူတူ တစ်သက်လုံး နေသွားဖို့ က ကွတ်ကီး နဲ့ ဂျီလေး တို့ ရဲ့ တူညီတဲ့ ရည်မှန်းချက် ။ သူတို့ နှစ်ယောက် ဘဝထဲကို ကလေးလေး ထပ်ရောက်လာတာ က ဘုရား ရဲ့ ချီးမြှောက်ခြင်း လိုပါပဲ ။ ကောင်းကောင်း ဆိုးဆိုး တန်ဖိုးထား ချစ်ခင် ယုယ နေမိဦးမှာပါပဲ ။ တခါတလေကျ မမြင်ရတဲ့ ကံကြမ္မာ ကို ထည့်စဉ်းစားဖို့ မေ့နေကြတယ် ။ တကယ်တမ်းကျတော့ ၇ နှစ် အရွယ် ကလေးလေး နှစ်ယောက် က ကံကြမ္မာ ဆိုတာကြီး ကို သေချာလည်း မသိပါ ။ သိတာက ကလေးလေး ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ မြန်မြန် လူကြီး ဖြစ်ချင်ပြီ ။ အလုပ်တွေ ထွက်လုပ်ချင်ပြီ ။ ကလေးလေး ပူဆာသမျှကို ဝယ်ကျွေးနိုင် ချင်တယ် ။ တခြားကလေးတွေ စားတာ တွေ့ရင် မှတ်ထားပြီး ပြန်ပူဆာတတ်တဲ့ ကလေးလေး ကို ဝယ်ကျွေးစရာ ပိုက်ဆံ မရှိတဲ့ နေ့တွေဆို မျက်ရည်လေး တွေ ဝိုင်းပြီး ငိုမဲ့မဲ့ ဖြစ်နေတဲ့ ရုပ်ကလေး က ရင်ဘတ် ထဲ တင်းကျပ်စေတယ် ။ အဲ့လိုအချိန်တွေ ဆို သုံးယောက်စလုံး တိတ်ဆိတ်နေတတ်ကြတယ် ။ ဒါပေမဲ့ ခုချိန်ထိ ကလေးလေး ဆီကနေ ဖေဖေ နဲ့ မေမေ က ဘယ်မှာလဲဟင် ဆိုတာ မျိုး မကြားခဲ့ရဘူးပါ ။ ဂေဟာ မှာပဲ ဖြစ်ဖြစ် ကျောင်း မှာပဲ ဖြစ်ဖြစ် ပြဿနာ တက်တိုင်း ကွတ်လေး နဲ့ ဂျီလေး ရှိတယ် ဆိုတာ ကို တွင်တွင်ပြောတတ်တဲ့ ကလေးလေး ။ အချိန်တွေ အကြာကြီး တွယ်လာတဲ့ သံယောဇဉ်တွေ က ထု နဲ့ ထည် နဲ့ ။ မဟုတ်ဘူး စတွေ့ကတည်း က ဒီကလေးလေး ကို အငိုတိတ်စေချင်ခဲ့တာ ။

ပုံမှန် ရာသီဥတု နဲ့ ပုံမှန် ကျောင်းတက်ရက် တစ်ရက် ။ ကွတ်ကီး နဲ့ ဂျီလေး တို့ ကလေးလေး ရဲ့ လက် ကို တစ်ဖက်တစ်ချက်စီ က ကိုင်ပြီး ကျောင်း ကို သွားတယ် ။ အလယ်ကနေ ခိုစီးလိုက် ခုန်ဆွ ခုန်ဆွ လမ်းလျှောက်လိုက်နဲ့ ကလေးလေး က ဒီနေ့မှ တော်တော် အူမြူးနေတာ ။ စိတ်တိုင်းကျ လုပ်ချင်တိုင်း လုပ်နေရတော့ ခိုးခိုးခစ်ခစ် ရယ်သံလေး ကလည်း ညံနေရောပဲ ။ ကလေးလေး က ၆ နှစ် ဆိုပေမဲ့ လူကောင် နည်းနည်းညှက်တယ် ။ လူကောင်ညှက်ပေမယ့် အတန်းထဲက က‌လေးတွေကို သူ ကချည်း အနိုင်ကျင့်နေတာ ။

လိပ်ပြာလည်ကလေး 🦋Where stories live. Discover now