Twelve

738 69 8
                                    


ကင်မ်ယောင်းမင်း ခြေလှမ်းသွက်သွက်နဲ့ ရုံးခန်းဆီသွားတော့ ဝင်ဝင်ချင်းတွေ့လိုက်ရတာက ဂျောင်ကုလေးရဲ့ ပေါင်ပေါ်မှာ နှာတရှုံ့ရှုံ့နဲ့ထိုင်နေတဲ့ သားလေး...ခေါင်းပြောင်ပြောင်လေးပေါ်မှာက ဆော့ပင်အပြာ‌ရောင်ခြစ်ရာတွေ။ ဘေးမှာတော့ ဂျီမင်းလေးက ထိုင်နေပြီး သားလေးကို ချော့နေတာ။

ကင်မ်ယောင်းမင်းကို လှမ်းတွေ့လိုက်တော့ လက်ကနဲဖြစ်သွားတဲ့ မျက်လုံးလေးတွေ။ သားလေးကတော့ သူ့ကိုမြင်တာနဲ့ လက်နှစ်ဖက်ကိုဆန့်တန်းကာ ချက်ချင်းအော်ငိုတော့တယ်။

"ဦးလေးဂျီး အီးးးးဟီးးး ထယ်ထယ် ကျောင်းတက်ချင်ရော့ဖူး ဟီးးး ထယ်ထယ့်ခေါင်း အီးးဟီးး မှာ ဂျစ်ရာတွေနဲ့ ဟီးးး ပြန်ပျောက်အောင်လုပ်ရေးပါ အီးးဟီးးး"

မျက်ရည်ပေါက်ကြီးတွေ လှိမ့်ကျလာပြီး အော်ငိုနေတဲ့ သားလေးကို ကင်မ်ယောင်းမင်း ပွေ့ချီပြီး အရင်ချော့ရတယ်။

"တိတ် တိတ်ပါ ထယ်ထယ်လေးရယ် ပါးပါးက ပြန်ပျောက်အောင် လုပ်ပေးမှာပေါ့ ပါးပါးကို ယုံတယ်မလား"

"အီးးးဟင့် တကယ်ရား ဟင့် လိမ်တာ ကြိုက်ဖူးရော်"

"တကယ်ပြောတာပေါ့ ငိုနေမှ ဖျက်မရဘဲနေမှာ ထယ်ထယ်‌လေးရဲ့"

"ဟင့် ငိုပါဘူး ထယ်ထယ်က ခုနက စိတ်ညစ်ရို့ ငိုမိသွားရာ ဟင့်"

"လိမ္မာလိုက်တာ ထယ်ထယ်လေးက ဂျောင်ကုလေးဆီမှာ ခဏနေခဲ့နော် ဟုတ်ပြီလား"

"ဟုတ် အင့်"

အငိုတိတ်သွား‌ပေမဲ့ ရှိုက်ငင်နေဆဲဖြစ်တဲ့ သားလေးကို ဂျောင်ကုလေးပေါင်ပေါ် တင်ပေးတော့ ကောင်လေးရဲ့ရင်ဘတ်ဆီ ခေါင်းလေးမှီပြီး ကင်မ်ယောင်းမင်းကို ကြည့်နေသေးတာ။

"ပါးပါး ဆရာမတွေဆီ ခဏသွားစကားပြောဦးမယ်နော် ဒီမှာ ခဏနေခဲ့ဦး"

"ဟုတ် ဟင့်"

ကင်မ်ယောင်းမင်း သားကိုချော့ထားခဲ့ပြီး လှမ်းမြင်နေရတဲ့ အခန်းထောင့်က စားပွဲခုံဆီ လျှောက်သွားလိုက်တယ်။ စားပွဲမှာတော့ လက်ဖဝါးမှာပတ်တီးစည်းထားတဲ့ ကောင်ငယ်လေးနဲ့ မိဘတွေဖြစ်ပုံပေါ်တဲ့ ‌အမျိုးသားနဲ့ အမျိုးသမီးစုံတွဲရယ် အတန်းပိုင်ဆရာမနဲ့ ကျောင်းအုပ်ဆရာမကြီးရယ် ရှိနေကြတယ်။ ကောင်ငယ်လေးက မျက်လုံးကြည်တောက်တောက်လေးနဲ့ ကင်မ်ယောင်းမင်းကို စူးစမ်းကြည့်နေသေးတာ။

လိပ်ပြာလည်ကလေး 🦋Donde viven las historias. Descúbrelo ahora