Fourteen

593 49 5
                                    

"မင်ဂူး ထယ်ထယ့်ကို ချာကူရေးပေး"

ထယ်ထယ်အလည်လေးက သူ့လက်လေး ညောင်းလာတော့ လက်ချောင်းလေးတွေကို ခါနေရင်း မင်ဂူးကို စာကူရေးခိုင်းသည်။

"အွန် အွန်း မင်ဂူးဟာပြီးရင် ထယ်ထယ့်ကို ရေးပေးမယ်နော်"

"အင်း ချာမ မလာခင် မြန်မြန်ရေးရော် သိရား"

"အွန်းပါ"

ဘေးနားမှာ စာထိုင်ရေးနေတဲ့ မင်ဂူးက ထယ်ထယ်ပြောသမျှကို သကြားလုံးငုံထားရင်း ပြန်ဖြေရှာတယ်။

ထယ်ထယ်က ဇက်ကလေးကိုလည်း လူကြီးတွေလုပ်သလို ဟိုချိုး ဒီချိုးလုပ်လိုက်သေးတာ။ ပြီးတော့ လွယ်အိတ်လေးထဲကနေ တခုခုကို နှိုက်ရှာနေရင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဟိုကြည့် ဒီကြည့်လုပ်နေသည်။

လွယ်အိတ်ထဲက တခုခုကို ရှာတွေ့သွားတော့ သဘောတကျရယ်လိုက်ပြီး အပြင်ကိုထုတ်တယ်။ ပါလာတဲ့ စုပ်လုံးလေးကို နှုတ်ခမ်းလေးနဲ့ မွမွလုပ်ပြီးမှ အခွံခွာကာ ပါးစပ်လေးထဲ ငုံခဲထားသည်။ စုပ်လုံးငုံထားတဲ့ ပါးလေးတစ်ဖက်က သာမန်ထက်ပိုဖောင်းနေတာမို့ မင်ဂူးက ခဲတံလေးကို ပစ်ချပြီး ထယ်ထယ့်ပါးကို လက်ညှိုးလေးနဲ့ ထိကြည့်သေးတာ။

"ချာရေး ချာရေး ပြီးရင် ထယ်ထယ့်ကိုပါ ရေးပေးရဦးမှာရေ"

"အွန်းပါ စုပ်လုံးနဲ့ သကြားလုံးနဲ့ လဲစားမယ်လေ မင်ဂူးမှာ သကြားလုံးတွေ ရှိသေးတယ်"

"တစ်ခုပဲ ပါရာ  ရူးမဂျီးက ထယ်ထယ့်သွားရေ ပိုးချားရို့တဲ့ တစ်နေ့ တစ်ခုပဲ ရဲ့"

"အွန်းးး ထယ်ထယ့်ပါးစပ်ထဲကဟာ နည်းနည်းကျွေးလေ သကြားလုံးတစ်လုံး ပေးမယ်"

"ဟွန် ကျွေးချင်ဖူး ရမ်းစားချင်ရင် ကွတ်ရေးနဲ့ ဂျီရေးဆီက တောင်းပေးမယ်ရေရော်"

"တကယ်လား အာ့ဆိုကတိပေး"

"အွန်း ပင်ကီပေါမစ် ပင်ကီပေါမစ် ခစ် ခစ်"

မင်ဂူးရဲ့ လက်သန်းလေးကို ထယ်ထယ့်လက်သန်းလေးနဲ့ ချိတ်လိုက်ရင်း တံဆိပ်ပါနှိပ်လိုက်သေးတယ်။

"သကြားရုံးပေးရေ ခု"

ထယ်ထယ်က လက်လေးကို မင်ဂူးရှေ့ဖြန့်လိုက်တော့ လက်ဖဝါးပေါ်ရောက်လာတဲ့ ယိုပါတဲ့ သကြားလုံးလေးတစ်လုံး။ လွယ်အိတ်ထဲကို ‌ပစ်ထည့်လိုက်ပြီး ခေါင်းလေးရမ်းကာ ဟိုကြည့်ဒီကြည့် ပြန်လုပ်နေတယ်။ မင်ဂူးကလည်း ထယ်ထယ့်ပါးလေးကို နမ်းကာ စာဆက်ရေးနေတော့တာ။

လိပ်ပြာလည်ကလေး 🦋Where stories live. Discover now