Fifteen

648 47 11
                                    


"မင်ဟို US မှာ ငါလုပ်ခိုင်းထားတာတွေ လုပ်ပြီးပြီလား"

"လုပ်ပြီးပါပြီ ခေါင်းဆောင် Passport တွေလည်း လုပ်ပြီးပါပြီ"

"အင်း ဟုတ်ပြီ လောလောဆယ် မူမပျက်အောင်နေပြီး ဟိုဘက်ကို စောင့်ကြည့်ထားဦး ...ငါ့သားလေးရော ဘာတွေလုပ်နေလဲ"

"ထယ်ထယ်လေးက ခေါင်းဆောင်ကိုတော့ ခဏ ခဏ မေး‌နေတယ် ကလေးတွေကိုလည်း ခေါင်းဆောင်နေမကောင်းဖြစ်နေတယ်လို့ ပြောထားပါတယ်"

"ဟုတ်ပြီ နေ့လည်ကျ ဘိုရာ့ကို ငါ့ဆီ ခေါ်လာခဲ့ပေး"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

ပြောပြီး ကင်မ်ယောင်းမင်းကို ဦးညွှတ်ကာ မင်ဟိုကထွက်သွားသည်။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေကြားမှာ သူ့မိသားစုကို ဆံခြည်တစ်မျှင်တောင်အထိခိုက်မခံချင်တဲ့ အတ္တစိတ်ကြောင့် ခုတလော စိတ်ပင်ပန်းရတာ။ အထူးသဖြင့် ကင်မ်ယောင်းမင်း သူ့သားငယ်လေးကို ထပ်ပြီးထိခိုက်လာမှာကို အစိုးရိမ်မိဆုံးပါ။

ဟင်းကနဲ ချလိုက်တဲ့သက်ပြင်းရဲ့နောက်မှာ ပူပန်ရတဲ့စိတ်တွေက အလုံးအရင်း။ သားကိုကာကွယ်ချင်ဇောနဲ့ ကင်မ်ယောင်းမင်းအတ္တကြီးမိတဲ့အခါ နားလည်ပေးဖို့တော့ မမျှော်လင့်ပေမယ့် သားလေးက မုန်းသွားမှာတော့ စိတ်ပူသေးသည်။

......

"ရူးမဂျီး ရူးမဂျီးရေ ထယ်ထယ် ပြန်ရာပြီ"

"အိုး ထယ်ထယ်လေး မားမားဆီ လာပါဦး"

"ခစ် ခစ် ရာနေတယ်ရေ ပါးပါးရော ပါးပါးကို ပြောစရာရှိရယ်"

ဧည့်ခန်းဆိုဖာပေါ် ထိုင်နေတဲ့ လီဘိုရာ့ဆီ ပြေးဝင်လာရင်း ပြန်ပြောလာတဲ့ ထယ်ထယ်လေး။ လီဘိုရာ့ပေါင်ပေါ်တက်ထိုင်လာရင်း မျက်လုံးဝိုင်းကြီးတွေနဲ့ကြည့်ကာ အဖြေကို စောင့်စားနေ၏။

"ပါးပါးက နေမကောင်းသေးဘူးလေ ထယ်ထယ်လေးရဲ့ အိမ်မှာ မရှိဘူးနော်"

လီဘိုရာ ကလေးလေးရဲ့ ပါးပြင်လေးကို ငုံ့နမ်းကာပြောမိတော့ ကလေးလေးက လီဘိုရာ့လက်ချောင်းတွေကို ဆုပ်ကိုင်ရင်း ပြောလာတာ။

လိပ်ပြာလည်ကလေး 🦋Where stories live. Discover now